50 Shares 21 Views

ဘာဂါအသားျပားေတြကိုအလိုအေလ်ာက္လွန္ေပးမယ့္ Flippy robot

Mar 10, 2018
50 21

[Zawgyi]

မီးဖုိေခ်ာင္လက္ေထာက္တစ္ေယာက္အေနနဲ႔လုပ္ကိုင္ေပးမယ့္  Flippy လို႔ေခၚတဲ့စက္ရုပ္ေလးက ခုဆိုကယ္လီဖုိးနီးယာက fast food ဆုိင္တစ္ဆိုင္မွာေတာင္ အလုပ္လုပ္ေနပါျပီ။

Flippy ေလးကိုေတာ့ Miso Robotics ကေန ဒီဇုိင္းဆြဲတည္ေဆာက္ထားတာျဖစ္ျပီး သူ႔ေနရာကေတာ့ Caliburger မွာလူဝန္ထမး္ရဲ႕ေဘးေနရာမွာထားေပးထားပါတယ္။ ေန႔စဥ္ေန႔တိုင္း မီးဖုိေပၚက ဘာဂါအသားျပားေတြကိုလွန္ေပး က်က္သြားတဲ့အခါ ေကာ္ျပီး ေပါင္မုန္႔ေပၚတင္ေပး အဲဒီအဆင္သင့္ကိုမွ လူဝန္ထမ္းက လိုတာေလးေတြထပ္ထည့္လိုက္ရံုပါပဲ။

ကမာၻ႔ပထမဆံုး ဘာဂါလွန္ေပးတဲ့စက္ရုပ္ျဖစ္ျပီး ဝင္ရိုး၆ခုပါ လက္တံေတြရိွပါတယ္။ တစ္နာရီမွာ ဘာဂါ ၃၀၀ ေလာက္ကိုလွန္ေပးႏုိင္ျပီး တစ္ခုခ်င္းစီကို ျပီးျပည့္စံုစြာ (က်က္တဲ့အခ်ိန္အထိ) လုပ္ေပးႏုိင္တာကို customer ေတြသာသိရင္ အံ့ၾသမိမလားပါပဲ။

flippy burger flipping robot starts work display

ဘယ္လိုလုပ္သလဲဆိုေတာ့ ဘာဂါေတြကင္ေနတုန္း 3D, thermal (အပူ)၊ သာမန္ကင္မရာေတြနဲ႔ ေစာင့္ၾကည့္ေနရံုပါပဲ။ အသားျပားေလးေတြက်က္သြားျပီလားဆိုတာသိဖို႔ လူကေဘးမွာရွိတဲ့ display ကေန progress ကိုေစာင့္ၾကည့္ေနရံုပါပဲ။

စက္ရုပ္ရဲ႕နည္းပညာက အသားစိမ္းက ဘယ္ခ်ိန္မွာက်က္မယ္ က်က္တာနဲ႔လွန္မယ္ဆိုတဲ့လုပ္ငန္းစဥ္ကို ေကာင္းေကာင္းသိပါတယ္။ အသင့္စား (fast food) စားေသာက္ကုန္လုပ္ငန္းေတြမွာ ဘာဂါလွန္ေပးတဲ့စက္ရုပ္ေတြ ေနရာရလာႏုိင္ပါတယ္။

အစားအေသာက္ေတြ က်န္းမာေရးနဲ႔ညီညြတ္ေအာင္လည္း grill ရဲ႕မ်က္ႏွာျပင္က ကပ္ေနတဲ့အတူးေလးေတြကို ခ်က္ခ်င္းသန္႔ရွင္းေပးမယ့္ $60,000 စက္ရုပ္ေလးပါ။ ဒီတစ္ပတ္မွာေတာ့ CaliBurger မွာ Flippy ကို တပ္ဆင္ေပးခဲ့ျပီး Miso Robotics ကေတာ့ ေရရွည္မွာဒီစက္ရုပ္ေတြက စားဖိုမွႈးေတြနဲ႔ အတူတူ လက္ေထာက္အျဖစ္ေဘးကကူညီေပးမယ့္စက္ရုပ္ေတြျဖစ္လာလိမ့္မယ္ (အစားထိုးဖို႔မဟုတ္ပါ) လို႔ဆိုထားပါတယ္။

စားေသာက္ဆိုင္တစ္ဆိုင္မွာလုပ္ေနတဲ့သူက ဒီအခက္အခဲေလးေတြကိုနားလည္ပါလိမ့္မယ္။ ကူညီမယ့္လက္တစ္စံုရိွေနတာ ဘယ္ေလာက္ေတာင္သက္သာသြားလဲဆိုတာကိုျပဖို႔ ဒီလိုဖန္တီးတည္ေဆာက္ခဲ့တာပါ။

CaliBurger ကေတာ့ ႏုိင္ငံတြင္း ေနာက္ထပ္ ေနရာ ၅၀ေလာက္မွာ ထပ္တပ္ဆင္ဖို႔စီစဥ္ေနပါျပီ။ fast food မီးဖိုေခ်ာင္မွာ ပိုေကာင္းတဲ့လုပ္ငန္းေတြကိုလုပ္ေဆာင္ႏုိင္ေအာင္ စြမ္းရည္အသစ္ေတြထပ္ျမွင့္ႏုိင္ေအာင္ ပေရာဂ်က္ေငြကိုထပ္ျမွင့္လိုက္ပါတယ္။ ေနာက္ပုိင္းဒီလိုသာအဆင္ေျပလာရင္ ဘာဂါဆိုင္ထဲဝင္ျပီး အၾကာၾကီးေစာင့္စရာမလိုေတာ့ဘဲ Flippy စက္ရုပ္ေတြက သြက္သြက္လက္လက္လုပ္ေပးပါလိမ့္မယ္။ ေနာက္ဆို စက္ရုပ္ေတြနဲ႔ပဲ အလုပ္လုပ္ေနတဲ့ ဟုိတယ္ေတြေတာင္ ေတြ႔ရေတာ့မယ့္ပံုပါပဲ။

[Unicode]

မီးဖိုချောင်လက်ထောက်တစ်ယောက်အနေနဲ့လုပ်ကိုင်ပေးမယ့် Flippy လို့ခေါ်တဲ့စက်ရုပ်လေးက ခုဆိုကယ်လီဖိုးနီးယာက fast food ဆိုင်တစ်ဆိုင်မှာတောင် အလုပ်လုပ်နေပါပြီ။

Flippy လေးကိုတော့ Miso Robotics ကနေ ဒီဇိုင်းဆွဲတည်ဆောက်ထားတာဖြစ်ပြီး သူ့နေရာကတော့ Caliburger မှာလူဝန်ထမး်ရဲ့ဘေးနေရာမှာထားပေးထားပါတယ်။ နေ့စဉ်နေ့တိုင်း မီးဖိုပေါ်က ဘာဂါအသားပြားတွေကိုလှန်ပေး ကျက်သွားတဲ့အခါ ကော်ပြီး ပေါင်မုန့်ပေါ်တင်ပေး အဲဒီအဆင်သင့်ကိုမှ လူဝန်ထမ်းက လိုတာလေးတွေထပ်ထည့်လိုက်ရုံပါပဲ။

ကမ္ဘာ့ပထမဆုံး ဘာဂါလှန်ပေးတဲ့စက်ရုပ်ဖြစ်ပြီး ဝင်ရိုး၆ခုပါ လက်တံတွေရှိပါတယ်။ တစ်နာရီမှာ ဘာဂါ ၃၀၀ လောက်ကိုလှန်ပေးနိုင်ပြီး တစ်ခုချင်းစီကို ပြီးပြည့်စုံစွာ (ကျက်တဲ့အချိန်အထိ) လုပ်ပေးနိုင်တာကို customer တွေသာသိရင် အံ့သြမိမလားပါပဲ။

flippy burger flipping robot starts work display

ဘယ်လိုလုပ်သလဲဆိုတော့ ဘာဂါတွေကင်နေတုန်း 3D, thermal (အပူ)၊ သာမန်ကင်မရာတွေနဲ့ စောင့်ကြည့်နေရုံပါပဲ။ အသားပြားလေးတွေကျက်သွားပြီလားဆိုတာသိဖို့ လူကဘေးမှာရှိတဲ့ display ကနေ progress ကိုစောင့်ကြည့်နေရုံပါပဲ။

စက်ရုပ်ရဲ့နည်းပညာက အသားစိမ်းက ဘယ်ချိန်မှာကျက်မယ် ကျက်တာနဲ့လှန်မယ်ဆိုတဲ့လုပ်ငန်းစဉ်ကို ကောင်းကောင်းသိပါတယ်။ အသင့်စား (fast food) စားသောက်ကုန်လုပ်ငန်းတွေမှာ ဘာဂါလှန်ပေးတဲ့စက်ရုပ်တွေ နေရာရလာနိုင်ပါတယ်။

အစားအသောက်တွေ ကျန်းမာရေးနဲ့ညီညွတ်အောင်လည်း grill ရဲ့မျက်နှာပြင်က ကပ်နေတဲ့အတူးလေးတွေကို ချက်ချင်းသန့်ရှင်းပေးမယ့် $60,000 စက်ရုပ်လေးပါ။ ဒီတစ်ပတ်မှာတော့ CaliBurger မှာ Flippy ကို တပ်ဆင်ပေးခဲ့ပြီး Miso Robotics ကတော့ ရေရှည်မှာဒီစက်ရုပ်တွေက စားဖိုမှှုးတွေနဲ့ အတူတူ လက်ထောက်အဖြစ်ဘေးကကူညီပေးမယ့်စက်ရုပ်တွေဖြစ်လာလိမ့်မယ် (အစားထိုးဖို့မဟုတ်ပါ) လို့ဆိုထားပါတယ်။

စားသောက်ဆိုင်တစ်ဆိုင်မှာလုပ်နေတဲ့သူက ဒီအခက်အခဲလေးတွေကိုနားလည်ပါလိမ့်မယ်။ ကူညီမယ့်လက်တစ်စုံရှိနေတာ ဘယ်လောက်တောင်သက်သာသွားလဲဆိုတာကိုပြဖို့ ဒီလိုဖန်တီးတည်ဆောက်ခဲ့တာပါ။

CaliBurger ကတော့ နိုင်ငံတွင်း နောက်ထပ် နေရာ ၅၀လောက်မှာ ထပ်တပ်ဆင်ဖို့စီစဉ်နေပါပြီ။ fast food မီးဖိုချောင်မှာ ပိုကောင်းတဲ့လုပ်ငန်းတွေကိုလုပ်ဆောင်နိုင်အောင် စွမ်းရည်အသစ်တွေထပ်မြှင့်နိုင်အောင် ပရောဂျက်ငွေကိုထပ်မြှင့်လိုက်ပါတယ်။ နောက်ပိုင်းဒီလိုသာအဆင်ပြေလာရင် ဘာဂါဆိုင်ထဲဝင်ပြီး အကြာကြီးစောင့်စရာမလိုတော့ဘဲ Flippy စက်ရုပ်တွေက သွက်သွက်လက်လက်လုပ်ပေးပါလိမ့်မယ်။ နောက်ဆို စက်ရုပ်တွေနဲ့ပဲ အလုပ်လုပ်နေတဲ့ ဟိုတယ်တွေတောင် တွေ့ရတော့မယ့်ပုံပါပဲ။

Ref: DigitalTrends

You may be interested

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား
NEWS, Softwares & Application, Tech Update
0 shares0 views

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား

Ko Thuya - Mar 25, 2019

ရုရွားက စက္ရုပ္ စစ္သားမ်ားကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းကို ဗီဒီယိုတစ္ခုကေန မွ်ေ၀လိုက္ပါတယ္။ ကရင္မလင္က မွ်ေ၀လိုက္တဲ့ ဗီဒီယိုမွာ ရုရွားရဲ႕ ေနာက္ဆံုးထုတ္ ဒရုန္းနည္းပညာကို ျပသထားပါတယ္။ ဒါ့အျပင္ ေမာင္းသူမဲ့ တင့္ကားကို ျမင္ရပါတယ္။ တင့္ကားဟာ သူ႔ေဘးမွ စစ္သားရဲ႕ ေသနတ္ ခ်ိန္ရြယ္ရာ…

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
141 shares67 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

Leave a Comment

Most from this category