1415 Shares 272 Views

ထူးထူးဆန်းဆန်းကီးဘုတ်ဒီဇိုင်းတွေနဲ့ထွက်ရှိခဲ့ဖူးတဲ့ ဖုန်း၁၀လုံး

Mar 08, 2018
1415 272

[Zawgyi]


LG Double Pay



Palm Centro




HTC Snap CDMA






Motorola Backflip



KIN ONE and TWO




 

LG Neon




BlackBerry Passport



Samsung Alias U740




Palm Pre



[Unicode]

အခုခေတ်မှာသာ စမတ်ဖုန်းတွေပဲသုံးလာကြပေမယ့် ကီးဘုတ်တွေပါတဲ့ feature စမတ်ဖုန်းတွေရဲ့ ရွှေရောင်တောက်ခဲ့တဲ့နေ့ရက်တွေကို ပြန်ကြည့်လိုက်ရင် ဒီဇိုင်းစုံနဲ့ကီးဘုတ်ဖုန်းတွေကိုတွေ့ရပါလိမ့်မယ်။ ၂၀၀၀ ခုနှစ်တွေတုန်းက အရမ်းကိုနာမည်ကြီးရေပန်းစားခဲ့တဲ့ဖုန်းတွေဆိုတာ QWERTY ကီးဘုတ်တွေကို ဒေါင်လိုက် အလျားလိုက် မျိုးစုံထားပြီးထုတ်ခဲ့တဲ့ဖုန်းတွေပါ။ ဒီ ၂၀၁၀ နောက်ပိုင်းမှသာ ကီးဘုတ်ပါတဲ့ဖုန်းတွေကို လူတွေစိတ်ဝင်စားမှုနည်းလာပြီး လက်ကလေးနဲ့လွယ်လွယ်ပွတ်လို့ရတဲ့ အသံနဲ့တင်လုပ်ဆောင်နိုင်တဲ့စမတ်ဖုန်းတွေ အရမ်းနာမည်ကြီးလာတာပါ။ တစ်ခေတ်တစ်ခါကထွက်ရှိခဲ့ဖူးတဲ့ ထူးထူးဆန်းဆန်းဒီဇိုင်းကြီးတွေနဲ့ ကီးဘုတ်ဖုန်း ၁၀လုံးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

LG Double Pay

သူကတော့ ကီးဘုတ်ကိုနှစ်ခြမ်းခွဲထားပြီး ကြားထဲမှာ display တစ်ခုထပ်ထည့်ထားတာပါ။ လက်နဲ့စာရိုက်ရလွယ်အောင် လုပ်ပေးထားတယ်လို့ ယူဆလို့ရပေမယ့် သုံးရတဲ့သူအတွက် တကယ်ခက်ခဲမယ်ထင်ပါတယ်။ ကြားထဲကညှပ်ထည့်ထားတဲ့ display အပိုက မလိုအပ်ပဲထည့်ထားသလိုပါပဲ။

10 phones with terribly designed physical keyboards

Palm Centro

10 phones with terribly designed physical keyboards

Palm ရဲ့ Centro ဖုန်းတွေ ဒီစာရင်းထဲကို စဝင်ရောက်လာခဲ့ချိန် ၂၀၀၇ ခုနှစ်ဆိုတာ original iPhone တွေစမိတ်ဆက်ခဲ့ချိန်ပါ။ သူကတော့ အရင် Palm ကီးဘုတ်ဖုန်းတွေကိုသုံးခဲ့တဲ့သူတွေအတွက်တော့ ကျင့်သားရနေမှာဖြစ်ပေမယ့် ကီးဘုတ်ခလုတ်တွေ သေးပြီး တစ်ခုနဲ့တစ်ခုအ၇မ်းကပ်နေပါတယ်။ လက်ကြီးတဲ့သူတွေဆိုရင်တော့ သုံးရခက်မှာကျိန်းသေပါ။ ဒါပေမယ့် သူ့မှာ auto-correct ပါတဲ့အတွက် မှားရိုက်မိရင်တောင် အော်တိုပြင်ပေးပါလိမ့်မယ်။

10 phones with terribly designed physical keyboards

HTC Snap CDMA

သူတို့တွေကတော့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး Portrait ကီးဘုတ်ဒီဇိုင်းတွေထဲမှာတော့ အကောင်းဆုံးတစ်ခုဖြစ်ခဲ့ပါတယ်။ သူလည်း ကီးဘုတ်ခလုတ်တွေက တစ်ခုနဲ့တစ်ခုကပ်နေတော့ရိုက်ရခက်တဲ့ထဲမှာပါပြီး ဖိရိုက်ရင်တောင်ခလုတ်မမိတာတွေဖြစ်တတ်တော့ ကောင်းတယ်လို့ပြောလို့မရပါဘူး။

Verizon Wireless Razzle

10 phones with terribly designed physical keyboards

သူကတော့ manufacture တွေကထုတ်တဲ့ဖုန်းမဟုတ်ဘဲ လက်လီအရောင်းဆိုင် carrier တွေကရောင်းတဲ့ခေါက်ဖုန်းတွေပါ။ စာပို့ဖို့အတွက် မြန်ဆန်တဲ့ဖုန်းတစ်လုံဖြစ်ခဲ့ပြီး ၂၀၀၀ ခုနှစ်အလယ်ပိုင်းလောက်နဲ့ နောက်ပိုင်းလောက်ထိတောင် လွှမ်းမိုးနိုင်ခဲ့တဲ့ဖုန်းပါ။ ကီးဘုတ်ကိုလှည့်လို့ရတဲ့ ဒီဇိုင်းအဆန်းနဲ့ဖုန်းတစ်လုံးပါ။

10 phones with terribly designed physical keyboards

Motorola Backflip

10 phones with terribly designed physical keyboards

Motorola ကလည်း အမိုက်စားဖုန်းတွေကို သင့်တော်တဲ့ကီးဘုတ်ဒီဇိုင်းနဲ့ထုတ်လုပ်ခဲ့တဲ့သူပါ။ သူ့ရဲ့ကီးဘုတ်ကိုတော့ ပလတ်စတစ်လိုအသားနဲ့ထုတ်လုပ်ထားတာဖြစ်ပြီး landscape ကီးဘုတ်နဲ့ဖုန်းတစ်လုံးပါ။ သူ့ရဲ့ဒီဇိုင်းကလည်း သုံးရအဆင်ပြေတဲ့ဒီဇိုင်းမျိုးမဟုတ်ပါဘူး။ ဒီဇိုင်းကိုကအဆင်မပြေတဲ့အတွက် စာရိုက်ရတာလည်း မကောင်းတဲ့ဖုန်းတစ်လုံးလို့ ပြောလို့ရပါတယ်။

KIN ONE and TWO

10 phones with terribly designed physical keyboards

Micorsoft ရဲ့ဖုန်းတွေဖြစ်တဲ့ KIN ONE နဲ့ TWO တို့ကတော့စာပို့ရမြန်တဲ့ဖုန်းတွေဖြစ်ခဲ့ပြီး ၂၀၁၀ တုန်းက ထွက်ခဲ့တာပါ။ KIN ONE ကတော့ portrait QWERTY ကီးဘုတ်ဖြစ်ပြီး TWO ကတော့ landscape ကီးဘုတ်ဖြစ်သွားပါတယ်။ နှစ်ခုလုံးကတော့ တွန်းလိုက်မှ ကီးဘုတ်ပေါ်လာတဲ့ slider ကီးဘုတ်တွေဖြစ်ပြီး ONE မှာတော့ ဒေါင်လိုက်ဖြစ်တဲ့အတွက် ကီးဘုတ်နေရာသိပ်မကျယ်ဘဲ ကီးတွေတစ်ခုနဲ့တစ်ခုအရမ်းကပ်နေတာသိပ်အဆင်မပြေပါဘူး။ ONE ထက်စာရင် TWO က စာရိုက်ရပိုအဆင်ပြေတဲ့ဖုန်းတစ်လုံးပါ။

10 phones with terribly designed physical keyboards

 

LG Neon

10 phones with terribly designed physical keyboards

သူ့ရဲ့ခလုတ်တွေက အဝိုင်းပုံဖြစ်ပြီး symbol နဲ့ စာလုံးတွေကြား ပြောင်းတဲ့အခါ နောက်ပြန်ဆုတ်ဖို့အတွက် function ခလုတ်ကိုပြန်ပြန်နှိပ်ရတာကတော့ စိတ်ပျက်စရာပါ။ ဒီအတွက် စာရိုက်တဲ့အချိန်မှာ အဆင်မပြေတော့ပါဘူး။ ပုံမှန်တကယ့်ကီးဘုတ်မှာစာရိုက်ရတာနဲ့ function ချင်းလုံးဝကွာသွားတာက စာမြန်မြန်ရိုက်ဖို့မဖြစ်နိုင်ပါဘူး။

10 phones with terribly designed physical keyboards

BlackBerry Passport

BlackBerry ရဲ့ ထူးထူးဆန်းဆန်းဒီဇိုင်းနဲ့ BlackBerry Passport ကတော့ ၂၀၁၄ ခုနှစ်မှာထွက်ခဲ့တာပါ။ တကယ်ကိုပတ်စ်ပို့လို ဒီဇိုင်းပုံစံနဲ့ဖန်တီးထားပြီး touchscreen ကနေရာယူတာများတဲ့အတွက် ကီးဘုတ်အတွက်နေရာကျဉ်းပါတယ်။ Touch ဆိုလည်း touch, ကီးဘုတ်ဆိုလည်းကီးဘုတ်မဟုတ်ဘဲ နည်းလမ်း၂ခုပေါင်းထားတာကိုက ထူးဆန်းတာပါ။

10 phones with terribly designed physical keyboards

Samsung Alias U740

10 phones with terribly designed physical keyboards10 phones with terribly designed physical keyboards

Samsung ကလည်း physical ကီးဘုတ်တွေနဲ့စခဲ့တာပါပဲ။ နှစ်တော်တော်များများ ကီးဘုတ်ကို ဒေါင်လိုက် အလျားလိုက် ဒီဇိုင်းစုံ ပုံစံစုံနဲ့ထုတ်ခဲ့တာပါ။ အခု Alias U740 ကလည်း ထူးဆန်းတဲ့ဒီဇိုင်းကြီးနဲ့ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ ခေါက်ဖုန်းကိုမှ စာရိုက်ချင်ရင်ဘေးဘက်လှည့်လိုက်လို့ရပြီး ကီးဘုတ်ရဲ့စာလုံးတွေနဲ့ နံပါတ်တွေကတော့မြင်ရတာကို မျက်စိရှုပ်သွားစေပါတယ်.။ သာမန်စကားလုံး အက္ခရာတွေရဲ့စီစဉ်ပုံနဲ့မတပဲ ဆန်းနေတဲ့အတွက် သုံးရတာတော်တော်လက်ပေါက်ကပ်မယ့်ပုံပါ။

10 phones with terribly designed physical keyboards

Palm Pre

အစောပိုင်းက Palm ရဲ့ Centro ကိုပြောခဲ့ပြီး အခုကတော့ Palm Pre ပါ။ Palm Centro လိုပဲ လက်ကြီးတဲ့သူတွေအတွက် သုံးရအဆင်မပြေနိုင်တဲ့ကီးဘုတ်ပုံစံကြောင့်ပါ။ ဂျယ်လ်လိုမျိုး ပလတ်စတစ်ခလုတ်လေးတွေဖြစ်ပြီး တစ်ခေတ်တစ်ခါက ထိပ်တန်းဖုန်းတွေထဲမှာတောင် နာမည်ကြီးလူကြိုက်များခဲ့တဲ့ကီးဘုတ်ဖုန်းလေးတစ်လုံးပါ။

10 phones with terribly designed physical keyboards

 

You may be interested

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
39 shares12 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
256 shares80 views

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…

Leave a Comment

Most from this category