150 Shares 140 Views

စမတ္က်က်ေရခ်ိဳးႏုိင္မယ့္ Livin- Smart shower

Mar 08, 2018
150 140

[Zawgyi]

အိမ္သံုးစမတ္ပစၥည္းေတြလည္း တျဖည္းျဖည္းအသံုးမ်ားလာတဲ့အခ်ိန္မွာ သင့္ရဲ႕ေရခ်ိဳးခန္းကိုလည္း စမတ္က်သြားေစမယ့္ smart shower ေလးေပၚလာပါျပီ။ Livin Shower လို႔ေခၚျပီး ခလုတ္တစ္ခ်က္ႏိွပ္ရံု ဒါမွမဟုတ္ အသံနဲ႔ခိုင္းေစလိုက္ရံုနဲံ digital shower ေလးက အလုပ္လုပ္ေပးမွာပါ။

ေရရဲ႕အပူခ်ိန္ေရာ ေရအလကားမကုန္ရေအာင္အတြက္ပါထိန္းခ်ဳပ္ေပးႏုိင္ျပီး ဇိမ္က်က်ေရခ်ိဳးလို႔ရႏုိင္မွာပါ။ ေဆာ့ဖ္ဝဲလ္မွာ “Prepare shower” ကိုႏိွပ္လိုက္ရင္စအလုပ္လုပ္သြားမွာျဖစ္ျပီး သင့္တဲ့အပူခ်ိန္နဲ႔ ေရခ်ိဳးဖို႔အဆင္သင့္ျဖစ္ျပီဆိုရင္ေတာ့ “Your shower is ready” ဆုိျပီး ျပလာပါလိမ့္မယ္။

Livin shower က ေရကိုေႏြးေအာင္လုပ္ေပးျပီး ကိုယ္သတ္မွတ္ေပးထားတဲ့အပူခ်ိန္ကိုေရာက္တာနဲ႔ pause လုပ္ေပးထားမွာပါ။ ေရခ်ိဳးခန္းထဲဝင္ ခလုတ္ေလးတစ္ခ်က္ႏိွပ္ရံုနဲ႔ ေရစခ်ိဳးလို႔ရပါျပီ။ ခ်ိဳးလိုက္ ရပ္လိုက္လုပ္ဖို႔ ခလုတ္တစ္ခ်က္ႏိွပ္ရံုပါပဲ။ မိုဘုိင္းလ္ app မွာေတာ့ ေရဘယ္ေလာက္သံုးလိုက္တယ္ အပူခ်ိန္ဘယ္ေလာက္ ၾကာခ်ိန္ဘယ္ေလာက္ဆိုတာေတြကို ျပေပးမွာျဖစ္ပါတယ္။

Spotify ျဖစ္ျဖစ္ Apple Music နဲ႔ျဖစ္ျဖစ္ ကိုယ္ၾကိဳက္တဲ့ music app နဲ႔ခ်ိတ္ဆက္ျပီး ေရခ်ိဳးတုန္းသီခ်င္းနားေထာင္ရင္ ဇိမ္က်လို႔လည္းရပါတယ္။ play, pause နဲ႔ သီခ်င္းေက်ာ္တာေတြ အကုန္လုပ္လို႔ရပါတယ္။ Wake-up Recipe ကေတာ့ ေရအပူခ်ိန္ကိုတျဖည္းျဖည္းေလွ်ာ့ခ်ေပးသြားျပီး ေနာက္ဆံုးမွာလန္းလန္းဆန္းဆန္းျဖစ္ေစမယ့္အပူခ်ိန္ေလာက္ကို ညိွေပးသြားပါတယ္။

app နဲ႔လည္း ခ်ိတ္ထားရမွာျဖစ္ျပီး Amazon Echo လို smart home ပစၥည္းေတြနဲ႔လည္း ခ်ိတ္ဆက္ျပီး ခိုင္းလို႔ရပါတယ္။ ေရခ်ိဳးတဲ့အခါမွာ အိမ္ကတစ္ေယာက္ခ်င္းစီရဲ႕ စိတ္ၾကိဳက္ setting ေတြကိုမွတ္မိႏုိင္ပါတယ္။ profile ၁၀ ခုထိထားႏုိင္ျပီး တစ္ေယာက္ခ်င္းစီရဲ႕ profile ကေန သတ္မွတ္ထားတဲ့ေရအပူခ်ိန္၊ ၾကိဳက္တတ္တဲ့သီခ်င္းေတြကို ဖြင့္ေပးပါလိမ့္မယ္။

ကေလးေတြအတြက္ဆိုရင္ေတာ့ “Safety lock” က မပူလြန္းမေအးလြန္းတဲ့ သင့္ေတာ္တဲ့အပူခ်ိန္ကိုသတ္မွတ္ေပးပါလိမ့္မယ္။ တပ္ဆင္ဖုိ႔အတြက္ကေတာ့ ဘာမွကုန္က်စရိတ္သိပ္မၾကီးပါဘူး။ ၁၅ မိနစ္ေလာက္နဲ႔ ကုိယ္ကုိယ္တုိင္ေရခ်ိဳးခန္းမွာတပ္ဆင္လို႔ရပါတယ္။

တျဖည္းျဖည္းေခတ္မီလာတဲ့ေခတ္ကာလၾကီးမွာ အိမ္သံုးပစၥည္းေတြကအစ စမတ္ပစၥည္းေတြအေနနဲ႔ျဖစ္လာတာက အခ်ိန္ကုန္သက္သာတဲ့အက်ိဳးတစ္ခုေတာ့ရိွလာပါတယ္။ ေနာက္ထပ္ဘယ္လို နည္းပညာဆန္းဆန္းေတြထြက္လာဦးမလဲဆိုတာ ေစာင့္ေမွ်ာ္ရဦးမွာပါပဲ။

 

[Unicode]

အိမ်သုံးစမတ်ပစ္စည်းတွေလည်း တဖြည်းဖြည်းအသုံးများလာတဲ့အချိန်မှာ သင့်ရဲ့ရေချိုးခန်းကိုလည်း စမတ်ကျသွားစေမယ့် smart shower လေးပေါ်လာပါပြီ။ Livin Shower လို့ခေါ်ပြီး ခလုတ်တစ်ချက်နှိပ်ရုံ ဒါမှမဟုတ် အသံနဲ့ခိုင်းစေလိုက်ရုံနဲံ digital shower လေးက အလုပ်လုပ်ပေးမှာပါ။

ရေရဲ့အပူချိန်ရော ရေအလကားမကုန်ရအောင်အတွက်ပါထိန်းချုပ်ပေးနိုင်ပြီး ဇိမ်ကျကျရေချိုးလို့ရနိုင်မှာပါ။ ဆော့ဖ်ဝဲလ်မှာ “Prepare shower” ကိုနှိပ်လိုက်ရင်စအလုပ်လုပ်သွားမှာဖြစ်ပြီး သင့်တဲ့အပူချိန်နဲ့ ရေချိုးဖို့အဆင်သင့်ဖြစ်ပြီဆိုရင်တော့ “Your shower is ready” ဆိုပြီး ပြလာပါလိမ့်မယ်။

Livin shower က ရေကိုနွေးအောင်လုပ်ပေးပြီး ကိုယ်သတ်မှတ်ပေးထားတဲ့အပူချိန်ကိုရောက်တာနဲ့ pause လုပ်ပေးထားမှာပါ။ ရေချိုးခန်းထဲဝင် ခလုတ်လေးတစ်ချက်နှိပ်ရုံနဲ့ ရေစချိုးလို့ရပါပြီ။ ချိုးလိုက် ရပ်လိုက်လုပ်ဖို့ ခလုတ်တစ်ချက်နှိပ်ရုံပါပဲ။ မိုဘိုင်းလ် app မှာတော့ ရေဘယ်လောက်သုံးလိုက်တယ် အပူချိန်ဘယ်လောက် ကြာချိန်ဘယ်လောက်ဆိုတာတွေကို ပြပေးမှာဖြစ်ပါတယ်။

Spotify ဖြစ်ဖြစ် Apple Music နဲ့ဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့ music app နဲ့ချိတ်ဆက်ပြီး ရေချိုးတုန်းသီချင်းနားထောင်ရင် ဇိမ်ကျလို့လည်းရပါတယ်။ play, pause နဲ့ သီချင်းကျော်တာတွေ အကုန်လုပ်လို့ရပါတယ်။ Wake-up Recipe ကတော့ ရေအပူချိန်ကိုတဖြည်းဖြည်းလျှော့ချပေးသွားပြီး နောက်ဆုံးမှာလန်းလန်းဆန်းဆန်းဖြစ်စေမယ့်အပူချိန်လောက်ကို ညှိပေးသွားပါတယ်။

app နဲ့လည်း ချိတ်ထားရမှာဖြစ်ပြီး Amazon Echo လို smart home ပစ္စည်းတွေနဲ့လည်း ချိတ်ဆက်ပြီး ခိုင်းလို့ရပါတယ်။ ရေချိုးတဲ့အခါမှာ အိမ်ကတစ်ယောက်ချင်းစီရဲ့ စိတ်ကြိုက် setting တွေကိုမှတ်မိနိုင်ပါတယ်။ profile ၁၀ ခုထိထားနိုင်ပြီး တစ်ယောက်ချင်းစီရဲ့ profile ကနေ သတ်မှတ်ထားတဲ့ရေအပူချိန်၊ ကြိုက်တတ်တဲ့သီချင်းတွေကို ဖွင့်ပေးပါလိမ့်မယ်။

ကလေးတွေအတွက်ဆိုရင်တော့ “Safety lock” က မပူလွန်းမအေးလွန်းတဲ့ သင့်တော်တဲ့အပူချိန်ကိုသတ်မှတ်ပေးပါလိမ့်မယ်။ တပ်ဆင်ဖို့အတွက်ကတော့ ဘာမှကုန်ကျစရိတ်သိပ်မကြီးပါဘူး။ ၁၅ မိနစ်လောက်နဲ့ ကိုယ်ကိုယ်တိုင်ရေချိုးခန်းမှာတပ်ဆင်လို့ရပါတယ်။

တဖြည်းဖြည်းခေတ်မီလာတဲ့ခေတ်ကာလကြီးမှာ အိမ်သုံးပစ္စည်းတွေကအစ စမတ်ပစ္စည်းတွေအနေနဲ့ဖြစ်လာတာက အချိန်ကုန်သက်သာတဲ့အကျိုးတစ်ခုတော့ရှိလာပါတယ်။ နောက်ထပ်ဘယ်လို နည်းပညာဆန်းဆန်းတွေထွက်လာဦးမလဲဆိုတာ စောင့်မျှော်ရဦးမှာပါပဲ။

You may be interested

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
81 shares36 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္
Apple, Gadgets, NEWS
40 shares24 views

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္

Nigma - Mar 25, 2019

Apple ပိုင္တဲ့ Beats က ႀကိဳးလုံးဝမပါေတာ့မယ့္ Powerbeats earbuds နားၾကပ္အသစ္ကို ဧၿပီလအတြင္း မိတ္ဆက္သြားေတာ့မွာ ျဖစ္ပါတယ္။ အရင္ Powerbeats Wireless ေတြတုန္းကလည္း ႀကိဳးမဲ့နားၾကပ္ဆိုေပမယ့္ နားၾကပ္ႏွစ္ဖက္ကို ခ်ိတ္ဆက္ထားေတာ့ ႀကိဳးေတာ့ ပါရွိပါေသးတယ္။ အသစ္ထြက္မယ့္ Powerbeats က…

Leave a Comment

Most from this category