348 Shares 85 Views


Mar 08, 2018
348 85





Ref : gsmarena

unicode

Notch နဲ့ 19:9 Screen များပါမယ့် OnePlus 6

Apple iPhone X မှာ ပါတဲ့ Notch Design ကို Android Phone များမှာ တုပ ထည့်သွင်းလာကြပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ သတင်းတစ်ခု အရ နောက်ထုတ်မယ့် OnePlus 6 မှာ Notch ပါလာမယ်လို့ သိရပါတယ်။

OnePlus 6 မှာ 5T ရဲ့ 18:9 Screen ထက် ပိုမို ရှည်လျားတဲ့ 19:9 Screen ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ AnTuTu Benchmark မှ ဒေတာများအရ သူဟာ ၂၇၆ ၅၁၀ မှတ် ရရှိထားပါတယ်။ Bezel-less Smartphone Design ဖြစ်တဲ့အတွက် မျက်နှာပြင်ဘေးဘောင်များ အလွန်ပါးလွှာပါတယ်။ သူ့မှာ 6GB RAM , 64GB Internal Storage များ ထည့်သွင်းထားတာက ယခုနောက်ဆုံးထုတ် OnePlus Phone နဲ့ တူညီပါတယ်။ အနောက်ဘက်မှာ ဖန်ကိုယ်ထည် တပ်ဆင်ထားတဲ့အတွက် ကြိုးမဲ့ အားသွင်းနည်းပညာ ထည့်သွင်းထားနိုင်ပါတယ်။

အနောက်ကင်မရာ နှစ်လုံး တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကိုလည်း အနောက်ဘက်မှာ တပ်ဆင်ထားတာကို ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ ဓါတ်ပုံများမှာ တွေ့ရပါတယ်။ Cnet နဲ့ အင်တာဗျူးမှာ ကုမ္ပဏီရဲ့ စီအီးအို ဖြစ်သူ Pete Lau က သူ့မှာ Snapdragon 845 Chipset ထည့်သွင်းထားမယ်လို့ ဇန်နဝါရီလက အတည်ပြုထားပါတယ်။ ဇွန်လမှာ သူ့ကို ရောင်းချမှာ ဖြစ်ပါတယ်။

Lau က ယခုနှစ်မှာ OnePlus 6T ကို ရောင်းချမယ်ဆိုတာကိုတော့ မပြောကြားခဲ့ပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ်နှစ်လုံး T မော်ဒယ်ကို ရောင်းချခဲ့တဲ့အတွက် ဒီနှစ်မှာလည်း ရောင်းချဖို့ သေချာနေပါတယ်။

Ref : gsmarena

You may be interested

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
0 shares0 views

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
192 shares39 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

Leave a Comment

Most from this category