1415 Shares 620 Views


Mar 08, 2018
1415 620





Ref : gsmarena

unicode

Xiaomi က အိန္ဒိယမှာ Mi LED Smart TV 4A ကို မိတ်ဆက်

ရှောင်မီက Mi LED Smart TV 4 ပြီးနောက်မှာ အိန္ဒိယတွင် Mi LED Smart TV 4A ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ကို အရွယ်အစား နှစ်မျိုးထုတ်လုပ်ပေးထားပြီး ၄၃ လက်မနဲ့ ၃၂ လက်မ ဖြစ်ပါတယ်။

Mi LED Smart TV 4A ရဲ့ ၄၃ လက်မမော်ဒယ်မှာ 1920×1080 LED Backlit Panel နဲ့ 20W Speaker System များ ထည့်သွင်းထားပါတယ်။ သူ့မှာ HDMI Port ၃ ခု ၊ USB 2.0 Port ၂ ခု၊ Ethernet ၊ WiFi ၊ AV In နဲ့ Headphone Jack များ ထည့်သွင်းထားပါတယ်။ သူ့ကို 1.5GHz Cortex-A53 Core လေးလုံးပါတဲ့ Amlogic T950 SoC မောင်းနှင်ထားပါတယ်။

ဂရပ်ဖစ်ကတော့ Mali-450 ဖြစ်ပြီး 1GB RAM , 8GB Storage များ ထည့်ပေးထားပါတယ်။ Xiaomi ရဲ့ Patchwall UI နဲ့အတူ Hotstar, Sony LIV, Voot, Hungama Play, ALT Balaji, ZEE5 တို့လို နာမည်ကျော် ဝန်ဆောင်မှုများရဲ့ Applications များ ပါပါတယ်။

တီဗီကို ထိန်းချုပ်ဖို့အတွက် ခလုတ် ၁၁ ခု ပါတဲ့ Bluetooth Remote ထည့်ပေးထားပါတယ်။ ၃၂ လက်မ မော်ဒယ်ဟာလည်း ၄၃ လက်မမော်ဒယ်နဲ့ အများစု တူညီပေမယ့် 1366×768 Resolution သာ ပါပြီး USB Port တစ်ခု လျော့နည်းပါတယ်။ ၄၃ လက်မမော်ဒယ်ကို ရူပီး ၂၂၉၉၉ နဲ့ ၃၂ လက်မမော်ဒယ်ကို ရူပီး ၁၃၉၉၉ သတ်မှတ်ထားပြီး မတ်လ ၁၃ ရက်နေ့မှာ ရောင်းချမှာပါ။ မြန်မာငွေအားဖြင့် ၄၇၀ ၀၀၀ နဲ့ ၂၉၀ ၀၀၀ ဝန်းကျင်သာ ရှိပါတယ်။

Ref : gsmarena

You may be interested

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Android, FEATURES, HUBS
63 shares17 views

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10

Ko Thuya - Dec 13, 2018

စမတ်ဖုန်းများကို စွယ်စုံသုံး ကိရိယာများ အဖြစ် ဖန်တီးလာကြပါတယ်။ အချို့ စမတ်ဖုန်းများမှာ Infrared Sensor ကို ထည့်ပေးထားပြီး တီဗီ၊ လေအေးပေးစက်လို အီလက်ထရောနစ် ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။ Windows , Mac Computer များကို ထိန်းချုပ်နိုင်တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Android, HUBS, Mobiles & Tablets
194 shares47 views

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress ပွဲ မတိုင်ခင် လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ Galaxy S10 , S10+ နဲ့…

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Apple, HUBS, Mobiles & Tablets
786 shares213 views

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင်နှစ်ထုတ် iPhone X နဲ့ ဒီနှစ်ထုတ် iPhone XS , XS Max များအတွက် OLED Panels များကို ပံ့ပိုးပေးထားပါတယ်။ အဲဒီ မျက်နှာပြင်များရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ အလွန်များပါတယ်။ အဲဒီအတွက်…

Leave a Comment

Most from this category