148 Shares 67 Views

Android Device မှာ အလုပ်တွေ အလိုလို လုပ်ပေးမယ့် Mini Tasker (Android App)

Mar 07, 2018
148 67






















ref : androidpolice

unicode

Android Device တွေမှာအလုပ်တွေ အလိုလို လုပ်ပေးနိုင်တဲ့ Tasker ဆိုတဲ့နာမည်ကြီး Automation App ရှိပါတယ်။Tasker မှာ Feature တွေများပြားပြီးစုံလင်လှပါတယ်။ Tasker ကိုအသုံးပြုရတာအနည်းငယ်ရှုပ်ထွေးမှုတော့ရှိပါတယ်။ Mini Tasker က Tasker လို App ဖြစ်ပြီး အသုံးပြုရတာလွယ်ကူမှုရှိပါတယ်။

အလိုလိုလုပ်ပေးနိုင်တဲ့အလုပ်တွေထဲကကောင်းမွန်တဲ့ Tasks အချို့ကိုပြောပြရရင်

• Headset ကို Phone မှာချိတ်ဆက်လိုက်တာနဲ့Music Player ကိုဖွင့်ပေးပြီးသီချင်းတွေ အလိုလိုဖွင့်ပေးနိုင်ပါတယ်။ဒီလိုလုပ်ပေးနိုင်တဲ့ App တွေရှိပါပေမယ့် Mini Tasker လို App မျိုးရှိရင်အဲဒီ App တွေမလိုအပ်တော့ပါဘူး။

• မသိတဲ့ဖုန်း Calls, သတ်မှတ်ထားတဲ့ ဖုန်း Calls တွေကို Silence လုပ်ပေးနိုင်ပါတယ်။

• Battery အားနည်းလာရင် Brightness ကိုလျှော့ချပေးနိုင်ပါတယ်။

• Calendar မှာ Event တစ်ခုရောက်တိုင်း Notificaiton ပေးနိုင်ပါတယ်။

• Mobile Data ကို အချိန်သတ်မှတ်ပြီးအဖွင့်အပိတ်လုပ်ပေးနိုင်ပါတယ်။

ဒါတွေ အပြင် Mini Tasker လုပ်ပေးနိုင်တဲ့အလုပ်တွေ အများကြီးရှိပါသေးတယ်။

Mini Tasker လုပ်ပေးနိုင်တဲ့ Actions တွေကတော့

• Apps တွေကိုဖွင့်ပေးနိုင်ပါတယ်။

• Music Playback တွေကို Control လုပ်ပေးနိုင်တယ်။

• Phone’s Volume ကို Control လုပ်ပေးနိုင်ပါတယ်။

• Notifications တွေကို Set up လုပ်ပေးနိုင်ပါတယ်။

• SMS messages တွေကို Forward လုပ်ပေးနိုင်ပါတယ်။

• Wi-Fi,Background Sync,Mobile Data,Airplane,GPS,Bluetooth,NFC စတာတွေကို အဖွင့်အပိတ်လုပ်ပေးနိုင်ပါတယ်။

• Screen Brightness တွေကို ပြောင်းပေးနိုင်ပါတယ်။

• Calls တွေကို Silence လုပ်ပေးနိုင်ပါတယ်။

Action တစ်ခု ပြုလုပ်ဖို့ + Sign ကိုနှိပ်ပါ။ Actions တွေကို ‘Apps and Music’,’Calls’,’SMS and Notifications’,’Battery and Screen’ ဆိုပြီး Category တွေခွဲခြားထားပါတယ်။

Conditon (Context) ကိုလည်းသတ်မှတ်ပေးရမှာဖြစ်ပြီးအဲဒီ Condition နဲ့ကိုက်ညီမှုရှိတာနဲ့Action(task) တွေကိုအလိုလိုပြုလုပ်ပေးမှာဖြစ်ပါတယ်။ Time,Calendar Event,Activity Detection,Phone Docking,Low Battery,Charger or Headset Connection စသဖြင့် ရွေးချယ်စရာ Condition တွေလည်းများစွာပါရှိပါတယ်။

Mini Tasker မှာ Users တွေကပြုလုပ်ထားတဲ့ Tasks တွေလည်းပါရှိပါတယ်။အဲဒီ Tasks တွေကို အဆင်သင့်သုံးနိုင်ပါတယ်။

Mini Tasker ကအသုံးဝင်တဲ့ Automation App တစ်ခုဖြစ်ပြီး Android Phone တိုင်းမှာဆောင်ထားသင့်ပါတယ်။

Download Mini Tasker from Play Store
ref : androidpolice

You may be interested

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen
NEWS, Softwares & Application
12 shares4 views

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen

Nigma - Dec 16, 2018

(Zawgyi) လက်ကိုင်ဂိမ်းစက်နဲ့ Comics ဖတ်ချင်တဲ့လူတွေအတွက် InkyPen ရဲ့ လစဉ်ကြေးသွင်း Comics ဝန်ဆောင်မှုကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။ Nintendo Switch မှာ စတင် ရရှိမယ့် Subscription ဝန်ဆောင်မှု ဖြစ်ပြီး၊ Indie comics…

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်
ASUS, Mobiles & Tablets, NEWS
440 shares174 views

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်

Nigma - Dec 16, 2018

(Zawgyi) ASUS ဟာ မော်ဒယ်သစ် Zenfone Max M2 နဲ့ Zenfone Max Pro M2 စမတ်ဖုန်းတွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Zenfone Max M2 Series နဲ့အတူ နိုင်ငံတကာဈေးကွက်မှာ…

Puzzle Game ကြိုက်သူများအတွက် Faraway 4: Ancient Escape
Android, FEATURES, Games
80 shares36 views

Puzzle Game ကြိုက်သူများအတွက် Faraway 4: Ancient Escape

Ko Thuya - Dec 15, 2018

Faraway 4: Ancient Escape ဟာ အသစ်ထွက်ရှိလာတဲ့ Puzzle/ Escape Game အမျိုးအစား ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ရှေးခေတ်ဟောင်း ကာလကို အခြေပြုထားပါတယ်။ အလုပ်သွား၊ အလုပ်ပြန်ချိန်များနဲ့ အားလပ်ချိန်များမှာ အပြင်းပြေ ကစားဖို့ သင့်တော်ပါတယ်။ သူဟာ Puzzle…

Leave a Comment

Most from this category