4070 Shares 318 Views

Tesla ရဲ့ အမြန်ဆုံးဆိုတဲ့ Roadster ထက်တောင်ပိုမြန်တဲ့ ဟိုက်ပါကား Rimac

Mar 07, 2018
4070 318

[Zawgyi]





 

[Unicode]

ဒီနေ့ Geneva Motor Show မှာတော့ မြန်ပါတယ်ဆိုတဲ့ကားတွေထက် ပိုပိုမြန်တဲ့ လျှပ်စစ်ကား Concept Two ကို Rimac ကပြသလိုက်ပါပြီ။ မြင်းကောင်ရေအား 1,914 hp ရှိပြီး 1.85 seconds မှာ 0-60 mph နဲ့မောင်းနှင်နိုင်ပါတယ်။ အမြန်ဆုံးဆိုတဲ့ Tesla နောက်မျိုးဆက် Roadster ရဲ့ 1.9 seconds မှာ 0.60 mph ထက်ကို ပိုပိုမြန်တဲ့အတွက် အမြန်ဆုံးနေရာကို Rimac က ယူနိုင်လိုက်ပါပြီ။

Rimac ရဲ့ 120 kWh ဘက်ထရီက မိုင် ၄၀၀ကျော်မောင်းနိုင်ပြီး သူများတွေရဲ့ မိုင် ၂၀၀ ဆိုတာထက် ၂ဆဖြစ်သွားပါပြီ။ ကားကို လော့ခ်ဖွင့်ဖို့နဲ့ စက်နှိုးဖို့ကိုတော့ မျက်နှာအတည်ပြုစနစ်နဲ့သုံးထားပြီး လက်ရှိအချိန်နည်းပညာမြင့်ကိုသုံးထာတဲ့ ကားတစ်စီးဖြစ်လာပါပြီ။(အောက်မှာဗီဒီယိုလေးပြထားပါတယ်)

ဒီလိုမဟုတ်ဘဲ အမြန်နှုန်းကို ဂရုမစိုက်ပါဘူးဆိုရင်တော့ နောက်တစ်မျိုးက အလိုအလျောက်လုပ်ဆောင်နိုင်စွမ်း အဆင့် ၄ ရှိတာကိုပြောရပါမယ်။ sensor မှာ ကင်မရာ ၈လုံးပါပြီး 1 or 2 LIDAR, ရေဒါ၆ခု၊ 12 ultrasonic တွေပါပါတယ်။ အဆင့် ၄ ဆိုတော့ လူထိန်းချုပ်မှုမရှိဘဲ အော်တိုမောင်းနှင်မှုအတွက် စိတ်ချရတဲ့အဆင့်ပါ။

C Two ရဲ့ဈေးနှုန်းကတော့ ဘယ်လောက်ဖြစ်မယ်မှန်းမသိရသေးပါဘူး။ Concept Two ကို ၁၅၀ လောက်ထုတ်လုပ်မှာဖြစ်ပြီး အရင် original ရဲ့ ၈စီးပဲထုတ်လုပ်ခဲ့တာနဲ့ယှဉ်လိုက်ရင် တော်တော်များတဲ့ပမာဏပါ။

Ref: TheVerge

You may be interested

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

DisplayMate ရဲ့ အကောင်းဆုံး မျက်နှာပြင် အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ iPhone XS Max

Ko Thuya - Sep 26, 2018

Samsung Galaxy Note 9 ထွက်ရှိပြီး သိပ်မကြာခင်မှာပဲ DisplayMate က သူ့ကို စမ်းသပ်ခဲ့ပြီး ထွက်ရှိပြီး သမျှ စမတ်ဖုန်းများထဲမှာ သူဟာ အကောင်းဆုံး မျက်နှာပြင်ကို ပိုင်ဆိုင်ထားတယ်လို့ သုံးသပ်ခဲ့ပါတယ်။ အခုတော့ Note 9 ရဲ့ သရဖူကို…

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
139 shares48 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
68 shares20 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Leave a Comment

Most from this category