2122 Shares 602 Views

ကင်မရာ ၃လုံးနဲ့ Huawei P20 ဖုန်းတွေရဲ့ promo ပုံတွေပေါ်ထွက်လာ

Mar 07, 2018
2122 602

[Zawgyi]






Ref: GsmArena

[Unicode]

Huawei ကနေ ကင်မရာ၃လုံးနဲ့စမတ်ဖုန်းထုတ်မယ်ဆိုတဲ့သတင်းကတော့ လတ်တလောနာမည်ကြီးနေခဲ့ပါတယ်။ အခုလည်း ကင်မရာ၃လုံးပါတဲ့ Huawei P20 series ဖုန်းပုံနဲ့ “See mooore with AI” ဆိုတဲ့စာတန်းလေးနဲ့ promo ပုံတွေထွက်လာပါပြီ။

Official Huawei P20 teasers offer a better look at the notch, triple camera

အရင် P20 ပုံထွက်ခဲ့တုန်းကတော့ ကင်မရာ၂လုံးပဲပါတဲ့အတွက် ကင်မရာ ၃လုံးက Pro model အတွက်ပဲဖြစ်မယ်လို့သိထားတာပါ။ ဒါပေမယ့် သုံးလုံးတွဲမဟုတ်ဘဲ တစ်လုံးက သက်သက်ခွဲထွက်နေတာကတော့ နည်းနည်းထူးဆန်းနေသလိုပါပဲ။ ဘယ်လိုပဲနေနေ မတ်လ ၂၇ရက်နေ့ကျရင်တော့ သေချာမြင်ရတော့မှာပါ။

နောက်တစ်ခုက အားလုံးနီးပါးသုံးလာကြတဲ့ ထိပ်ဖက်မှာပါတဲ့ notch ပါ။ သူကတော့ notch အသေးဆုံးတွေထဲက တစ်ခုလို့တော့ပြောလို့ရပါတယ်။ အရောင်တွေအနေနဲ့ကတော့ P20 Pro မှာ အနက်နဲ့အပြာဆိုပြီး အနည်းဆုံး၂ရောင်တော့ပါမှာပါ။ Huawei P10 ကတော့ လက်ရှိဈေးကွက်မှာ အရောင်၆ရောင်နဲ့လာတဲ့အတွက် သူလည်း အရောင်ရွေးစရာများလာမယ်ထင်ပါတယ်။

ဈေးနှုန်းတွေကတော့ ဥရောပနိုင်ငံတွေအတွက်သိခဲ့ရပြီးဖြစ်လို့ ကျန်တဲ့ဒေသတွေအတွက် ဘယ်ဈေးနှုန်းလဲ detail spec တွေက ဘာတွေဖြစ်မလဲဆိုတာကို မတ်လ၂၇ရက်နေ့မှာစောင့်ကြည့်ရအောင်..

Ref: GsmArena

You may be interested

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
93 shares21 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung
Samsung
119 shares18 views

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung

Tha Ra - Jul 18, 2018

[Zawgyi] Samsung အနေနဲ့ 8GB LPDDR5 DRAM Chip အကြောင်းတွေကို မနေ့ ညနေတုန်းက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ 8GB LPDDR5 တွေဟာ ကုမ္ပဏီရဲ့ ပထမဦးဆုံး 10nm အမျိုးအစား Chip များ ဖြစ်သလို 5G…

Xiaomi က ဇူလိုင်လ ၂၄ ရက်နေ့မှာ Mi A2 Lite ကို မိတ်ဆက်မယ်လို့ အတည်ပြု
Android, HUBS, Mobiles & Tablets
107 shares117 views

Xiaomi က ဇူလိုင်လ ၂၄ ရက်နေ့မှာ Mi A2 Lite ကို မိတ်ဆက်မယ်လို့ အတည်ပြု

Ko Thuya - Jul 18, 2018

ရှောင်မီက တွစ်တာအကောင့်ကနေ Mi A2 ရဲ့ သတင်းအချက်အလက်များကို အရိပ်အမြွက် ပြသနေပါတယ်။ အခုတော့ Mi A2 နဲ့အတူ Mi A2 Lite ကိုပါ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ပထမ Tweet မှာ “ 2…

Leave a Comment

Most from this category