408 Shares 169 Views
သွားလေရာ အင်တာနက် connection ရနိုင်မယ့် Microsoft Surface Pro LTE version
Mar 10, 2018
408 169
[Zawgyi]
Preorder-SurfacePro
Ref: TheVerge
[Unicode]
ကွန်ပျူတာနဲ့အလုပ်လုပ်တဲ့အခါ အင်တာနက်သုံးဖို့အတွက် ဖုန်းကနေ hot spot ဖွင့် Wi-Fi ချိတ်မှပဲ သုံးလို့ရတာ တစ်ခါတစ်လေတော့အဆင်မပြေပါဘူး။ ကော်ဖီဆိုင်တွေ၊ public Wi-Fi ပေးတဲ့ပန်းခြံတွေမှာတော့ လပ်တော့ပ်ကနေ တိုက်ရိုက်ချိတ်လိုက်ရင်အဆင်ပြေနိုင်ပေမယ့် Wi-Fi မရတဲ့အခါမျိုးမှာ လပ်တော့ပ်တစ်လုံးနဲ့တင်မပြီးဘဲ ဖုန်းနဲ့ချိတ်သုံးနေရတာ အလုပ်ရှုပ်တယ်လို့ပဲမြင်ပါတယ်။ ဒီအတွက် ကွန်ပျူတာမှာ LTE connection built-in ပါတဲ့လပ်တော့ပ်လေးနဲ့ဆို ဘာ Wi-Fi ဘာညာချိတ်စရာမလိုဘဲ သွားလေရာအင်တာနက်ရနေမှာပါ။
ခေတ်ဆန်တဲ့ဒီဇိုင်းလည်းဖြစ်ရမယ်၊ နေ့စဉ်သုံးအတွက်အသုံးဝင်မယ့် feature တွေလည်းပါရမယ်၊ LTE connection လည်း built-in ပါတဲ့လပ်ပ်တော့ပ်တစ်လုံးကိုရှာဖို့က တကယ်တော့မလွယ်ပါဘူး။ စီးပွားရေးလုပ်ငန်းတွေမှာသုံးတတ်တဲ့ cellular connection ရတဲ့ PC သို့မဟုတ် လပ်တော့ပ်တိုင်းက ဒီဇိုင်းပုံစံခပ်တုံးတုံး ဒိတ်အောက်နေတဲ့ feature တွေပဲပါတဲ့ လပ်တော့ပ်တွေချည်းပါပဲ။ ဒါပေမယ့်နောက်တစ်မျိုးရွေးစရာတော့ရှိပါသေးတယ်။ သူကတော့ LTE connection ရတဲ့ iPad Pro တွေပါ။ သို့ပေမယ့်တကယ်ကိုယ်တွက်ချက်ရမယ့်လုပ်ငန်းတိုင်းကို သူကလုပ်ပေးနိုင်မှာမဟုတ်ပါဘူး။
ဒီနှစ်မှာတော့ Qualcomm ရဲ့ Always Connected PC platform ကိုသုံးကြမယ့် LTE modem ပါတဲ့လပ်တော့ပ်တော်တော်များများထွက်လာနိုင်မှာပါ။ ဒါတွေမရောက်ခင်ကတော့ Microsoft ရဲ့ Surface Pro LTE လပ်တော့ပ်သစ်တွေကိုအရင်ညွှန်းရမှာပါပဲ။ သူကတော့မနှစ်ကထုတ်ခဲ့တဲ့ Surface Pro တွေနဲ့တူတူပဲဖြစ်ပြီး LTE connection လေးပဲ ထပ်ဖြည့်ထည့်ထားတာဖြစ်ပါတယ်။
SurfaceProLTE-Feature
Surface Pro LTE တွေကတော့ စီးပွားရေးသမားတွေတင်မကဘဲ ဒီနေ့ခေတ် PC သုံးတဲ့လူတိုင်းကို စွဲဆောင်နိုင်မယ့်လပ်တော့ပ်တစ်လုံးပါ။ ခေတ်ဆန်ပြီး ၂မျိုးသုံး 2-in-1 ကွန်ပျူတာတစ်လုံးဖြစ်ပြီး Wi-Fi/ Hot spot သွားချိတ်စရာမလိုဘဲ သွားလေရာမှာ LTE ချိတ်ဆက်မှု (+internet) ရနေမယ့် မိုဘိုင်းလ်လပ်တော့ပ်တွေလို့ပြောရမှာပါ။
LTE ဗားရှင်း Surface Pro တွေကတော့ မနှစ်က Surface Pro တွေလိုပဲ 12.3 –inch touchscreen display တွေဖြစ်ပြီး 3:2 aspect ratio, seventh-generation Intel Core processor ကိုသုံးထားပြီး အလေးချိန်က ကီးဘုတ်မပါရင် ၂ပေါင်တောင်မရှိပါဘူး။ Surface Pro (Wi-Fi model) နဲ့ LTE မော်ဒယ်တွေ ကွာတာကတော့ ထိပ်ဖက်က ပိုလီကာဘွန်နိတ်တန်းလေးက ကိုယ်ထည်ရဲ့ငွေရောင်နဲ့မတူဘဲ နည်းနည်းလေးကွဲနေတာနဲ့ microSD ကဒ်ပေါက်ရဲ့ဘေးမှာ SIM tray ပါလာတာလေးပါပဲ။
Original Surface Pro တွေထက် $150 လောက်ပိုများပြီး LTE service 20 bands ကိုထောက်ပံ့ပေးနိုင်တဲ့ modem တွေထည့်သွင်းပေးထားပါတယ်။ နိုင်ငံတကာ network တွေကိုထောက်ပံ့ပေးနိုင်တာကြောင့် နေရာတိုင်းနီးပါးသယ်သွားလို့ရပါတယ်။ cellular data သုံးလို့ရတဲ့ iPad Pro တွေလိုပဲ Surface Pro LTE တွေကလည်း eSIM ပါတဲ့အပြင် nano-SIM tray လည်းပါပါတယ်။ Window 10 setting app ကနေ ဒေတာဘယ်လောက်ကိုသုံးနေတယ်ဆိုတာလည်း မြင်နိုင်သလို ဖုန်းတွေမှာလို့ ဒေတာပမာဏကို ကန့်သတ်ချက်ထားလို့လည်းရပါတယ်။
LTE Pro တွေကတော့ ၁၂.၅ နာရီကြာရှည်ခံနိုင်ပြီး Wifi မော်ဒယ်လ်တွေတုန်းကတော့ ၁၃.၅နာရီလို့ဆိုထားပါတယ်။ ဒါပေမယ့်တကယ်လက်တွေ့သုံးတဲ့အခါမှာတော့ ၇နာရီလောက်ပဲခံတယ်ဆိုပေမယ့် ဒီဆိုဒ်နဲ့ကွန်ပျူတာထဲမှာတော့ပုံမှန်လောက် ဘက်ထရီပမာဏပါပဲ။ ဒါပေမယ့် တကယ့်မိုဘိုင်းလ်ကွန်ပျူတာဖြစ်ဖို့ဆိုရင်တော့ ဘက်ထရီသက်တမ်းပိုများသင့်တယ်လို့ထင်ပါတယ်။ လိုင်းကောင်းတာမကောင်းတာကတော့ carrier နဲ့ပဲဆိုင်ပါလိမ့်မယ်။ အားသာချက်ကတော့ ဖုန်းရဲ့ hot spot နဲ့လွှင့်သုံးမယ်ဆိုရင် ဖုန်းလည်းအားကုန် လပ်တော့ပ်လည်းအားကုန် ၂ခါကုန်ပါတယ်။ public Wi-Fi တွေထက်တေ့ာ cellular network တွေကပိုစိတ်ချလုံခြုံရပြီး အလုပ်လည်းမရှုပ်ပါဘူး။
Preorder-SurfacePro
ဈေးနှုန်းကတော့ Surface Pro LTE (Intel Core i5/ 256GB SSD/ RAM 8GB) အတွက် $1,449 လောက်ကျသင့်မှာဖြစ်ပါတယ်။
အိမ်မှာဆိုကိစ္စမရှိပေမယ့် အပြင်သွားတဲ့အခါ အင်တာနက် connection ကိုမပြတ်ရနိုင်ဖို့ဆို နောက်ဆုံး feature တွေလည်းပါတဲ့ ခေတ်လည်းဆန်တဲ့ Surface Pro LTE လပ်တော့ပ်တွေက အသင့်တော်ဆုံးဖြစ်မှာပါ။ အုခတော့ Pre-Order တင်လို့ရနေပါပြီ။
Ref: TheVerge
You may be interested
iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views
iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Ko Thuya - Sep 25, 2018
Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…
Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
39 shares12 views
Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
Creepy Tyler - Sep 25, 2018
Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…
Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
248 shares80 views
Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
Ko Thuya - Sep 25, 2018
Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…
Leave a Comment
Most from this category