424 Shares 197 Views
Samsung မှ အရည်အသွေးမြင့် Galaxy S9 နှင့် S9+ စမတ်ဖုန်းသစ်များအား မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်
Mar 07, 2018
424 197
[Unicode]
Samsung Myanmar သည် Samsung Galaxy S9 နှင့် S9+ များကို ယနေ့ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် စာနယ်ဇင်းမီဒီယာများအား ဖိတ်ကြားပြီး အောင်မြင်စွာမိတ်ဆက်ခဲ့သည်။ အဆိုပါ စမတ်ဖုန်းများသည် သုံးစွဲသူများ တစ်ဦးနှင့် တစ်ဦး ဆက်သွယ်ရာတွင်လည်းကောင်း၊ အမှတ်တရ ဓာတ်ပုံ၊ ဖိုင် များ မျှဝေရာတွင်လည်းကောင်း၊ မိမိတို့ နေထိုင်သော ကမ္ဘာမြေကို တွေ့ကြုံခံစားရာတွင် လည်းကောင်း တွေ့ကြုံခံစားမှု ရသများကို အသစ်တဖန်ပြန်လည်ဆန်းသစ်ထားပြီး အသစ်သစ်သော အတွေ့အကြုံများကို ပေးစွမ်းနိုင်မည်ဖြစ်သည်။
Samsung ၏ အဆင့်မြှင့်တင်ထားသော ကင်မရာပါဝင်သော Galaxy S9 နှင့် S9+ တို့သည် ရုပ်ပုံများ၊ emoji စတစ်ကာများဖြင့် တစ်ဦးနှင့် တစ်ဦး ဆက်သွယ်မှု အများဆုံးပြုလုပ်သည့် အသက်အရွယ်ပိုင်းခြားအတွက် ရည်ရွယ်သည်။ ဆန်းသစ်ထားသည့် low light ကင်မရာအား စွမ်းအင်ဖြည့်ပေးထားသည့် အလင်းဝင်ပေါက် ၂ ခုပါဝင်သော မှန်ဘီလူး၊ Super Slow-mo ဗီဒီယိုများ ရိုက်နိုင်သည့် စွမ်းရည်များ နှင့် မိမိတို့ စိတ်ကြိုက် ပြုလုပ်နိုင်သည့် AR Emoji ပါဝင်သော Galaxy S9 နှင့် S9+ တို့သည် သုံးစွဲသူများ အမှတ်တရ အခိုက်အတန့်များအား တစ်ချက်မှ လက်လွှတ်မခံပဲ မိမိတို့၏ နေ့စဉ်ဘဝကို တမူထူးခြားစေမည်ဖြစ်သည်။
AKG မှ စွမ်းရည်ပြည့် stereo စပီကာများပါဝင်ပြီး Dolby Atmos ဖြင့် စွဲမက်နစ်မြောဖွယ်ရာ အသံ အပါအဝင် ဆန်းသစ် ထားသော edge-to-edge အဆုံးအစမဲ့မျက်နှာပြင် ပါဝင်သော Galaxy S9 နှင့် S9+ တိို့သည် Samsung ၏ ဒီဇိုင်းအမွေအနှစ်များဖြစ်သည်။ ထို့အပြင် Galaxy S9 နှင့် S9+ တို့တွင် Samsung ၏ လက်ရှိ IoT ဝန်ဆောင်မှုများကို အဆင့်မြင့် အတွေ့အကြုံများကို ပေးစွမ်းနိုင်သည့် SmartThings app ပါဝင်သည်။
ကျွန်တော်တို့ တစ်ဦး နှင့် တစ်ဦး ဆက်သွယ်ပြောဆိုပုံ၊ မိမိတို့ရဲ့ ခံစားချက်တွေကို အများနဲ့မျှဝေပုံတွေက နေ့စဉ်နဲ့အမျှ ပြောင်းလဲလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ သာမန်မျက်လုံးတွေမြင်ရတာထက် ပိုပြီးမြင်နိုင်ပြီး ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာမြေကိုတွေ့ကြုံခံစားတဲ့ နည်းလမ်းတွေကို ပြောင်းလဲပေးပြီး အမှတ်တရ အခိုက်အတန့်တွေကို ဖမ်းယူသိမ်းဆည်းပေးနိုင်တဲ့ ကင်မရာတစ်လုံးကို စိတ်ကူးထဲမှာပုံဖော်ကြည့်လိုက်ပါ။” ဟု Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက်မှပြောသည်။
အခု Galay S9 နဲ့ S9+ ရဲ့ တမူထူးခြားတဲ့ လုပ်ဆောင်ချက်တွေကို မြန်မာနိုင်ငံက ကျွန်တော်တို့တန်ဖိုးထားရတဲ့ သုံးစွဲသူ ကို အခုလိုမိတ်ဆက်နိုင်ပြီဖြစ်တဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံမှာ Samsung အနေနဲ့ စတင်ဝင်ရောက်တဲ့ အချိန်ကစပြီး အရည်အသွေးမြင့် စမတ်ဖုန်းဈေးကွက်ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဒီလို အရည်အသွေးမြင့်စမတ်ဖုန်းဖြစ်တဲ့ အလျောက် ကျွန်တော်တို့ရဲ့ Samsung သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုတွေကိုအမြဲနားထောင်နေပြီး နိုင်ငံတစ်ဝန်းအကောင်းဆုံး ဝန်ဆောင်မှုတွေပေးနိုင်အောင် အစဉ်အမြဲကြိုးစားလျက်ရှိပါတယ်။” ဟု ဆက်လက်ပြောကြားခဲ့သည်။
Galaxy S9 နှင့် S9+ ကင်မရာများအား အရည်အသွေးမြင့် ရုပ်ပုံများ နှင့် အံ့မခန်းဖွယ်ရာ ရိုက်ချက်များအား ရိုက်ယူနိုင်ရန် စွမ်းဆောင်နိုင်ရည် နှင့် မှတ်ဉာဏ်သိမ်းဆည်းမှုများ နှင့်အတူ အလွန်လျင်မြန်သော Dual Pixel အာရုံခံစနစ် အပါအဝင် တမူထူးခြားသော လုပ်ဆောင်ချက်များဖြင့် ဖန်တီးပေးထားသည်။ Galaxy S9 နှင့် S9+ ကင်မရာလုပ်ဆောင်ချက်များတွင် Super Slow-mo၊ Low Light ကင်မရာ၊ AR Emoji (လက်တွေ့ဘဝပုံစံကဲ့သို့ စိတ်တိုင်းကျဖန်တီးနိုင်သည့် emoji) နှင့် Bixby (Samsung ၏ အဆင့်မြင့် ပလက်ဖောင်း) တို့အားထည့်သွင်းထားသည်။
မြန်မာနိုင်ငံတွင် Samsung ချစ်သူများအနေဖြင့် ကြိုတင်မှာယူခြင်းစနစ်အား မတ်လ ၁ ရက်နေ့ မှ မတ်လ ၁၄ ရက်နေ့၊ ၂၀၁၈ အထိ (ပစ္စည်းလက်ကျန်ရှိသည်အထိ) ကြိုတင်မှာယူသွားနိုင်မည်ဖြစ်ပြီး ကြိုတင်မှာယူလိုသူများအနေဖြင့် ရန်ကုန်မြို့ နှင့်မန္တလေးမြို့ အပါအဝင် မြို့ ကြီး ၃၆ မြို့ ရှိ အနီးစပ်ဆုံး Samsung အရောင်းဆိုင် နှင့် လက်လီဆိုင်ကြီးများတွင် စရန်ငွေ ၅၀,၀၀၀ ကျပ်ပေးသွင်း၍ ကြိုတင်မှာယူနိုင်မည်ဖြစ်သည်။ထို့ပြင် Samsung Myanmar ကြိုတင်မှာယူမှုစနစ်အား ပိုမိုလွယ်ကူစေရန် မြန်မာနိုင်ငံ၏ အကြီးဆုံးအွန်လိုင်းစတိုးတစ်ခုဖြစ်သည့် Shop.com.mm မှတစ်ဆင့်လည်း စရန်ငွေပေးသွင်းရန်မလိုအပ်ဘဲ ကြိုတင်မှာယူနိုင်မည်ဖြစ်သည်။ Shop.com.mm မှတစ်ဆင့်ကြိုတင်မှာယူသူများအား မတ်လ ၁၉ ရက်နေ့မှစ၍ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ Samsung အရောင်းဆိုင်များ နှင့် လက်လီဆိုင်ကြီးများတွင် ကြိုတင်မှာယူသူများအနေဖြင့် အဆိုပါနေ့တွင်ပင် ကြိုတင်မှာယူခဲ့သော ဆိုင်များတွင် သွားရောက်ထုတ်ယူနိုင်မည်ဖြစ်သည်။ ကြိုတင်မှာယူသူများအတွက် အထူးအခွင့်အရေးအနေဖြင့် ကျပ် ၃၀၀,၀၀၀ တန်ဖိုးရှိ အထူးလက်ဆောင်များအား ရရှိမည်ဖြစ်သည်။
Galaxy S9 နှင့် S9+ အား မြန်မာနိုင်ငံဈေးကွက်တွင် မတ်လ ၂၃ ရက်၊ ၂၀၁၈ မှစတင်၍ ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Galaxy S9 အား 64GB အရွယ်အစားနှင့်အတူအမည်းရောင်တစ်မျိုးတည်းသာ ရရှိနိုင်မည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ၁,၀၉ ၀,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Galaxy S9+ အား အမည်းရောင်၊ အပြာရောင် နှင့် အရောင်သစ် ခရမ်းရောင်အစရှိသဖြင့် အရောင် သုံးရောင် နှင့်အတူ မတူညီသည့် သိုလှောင်သိမ်းဆည်းနိုင်မှုပမာဏ နှစ် မျိုးဖြစ်သည့် 128 GB အား ဈေးနှှုန်း ၁,၂၇၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ 256 GB အား ဈေးနှုန်း ၁,၄၀၀,၀၀၀ ကျပ်ဖြင့် လည်းကောင်း ကြိုက်နှစ်သက်ရာအရွယ်အစားအား ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။ Galaxy S9 နှင့် S9+ ဝယ်ယူသုံးစွဲသူများအနေဖြင့် အထူးခံစားခွင့်များပါဝင်သည့် Premium Care ဝန်ဆောင်မှုအား ရရှိမည်ဖြစ်သည်။
#PressRelease #Samsung
You may be interested
Split Screen ပါတဲ့ Browser ကို iPad အတွက် ထုတ်လုပ်ပေးလိုက်တဲ့ Mozilla Firefox
Ko Thuya - Mar 25, 2019
Mozilla က iPad အတွက် Firefox Browser Version တစ်ခုကို ထုတ်လုပ်ပေးလိုက်ပါတယ်။ အိုင်ပတ်များမှာ အထာကျကျနဲ့ အင်တာနက် ကြည့်နိုင်မှာပါ။ အရွယ်ကြီး အိုင်ပတ်မှာ သုံးလို့ကောင်းအောင် ဒီဇိုင်းထုတ်ထားတဲ့ ဘရောက်စာ ပါ။ Firefox for iPad ကို…
American Airlines က Boeing 737 ကြောင့်တစ်ရက်လျှင် ခရီးစဉ် ၉၀ ဖျက်နေရ
NEWS, Security & Safety, Softwares & Application
81 shares36 views
American Airlines က Boeing 737 ကြောင့်တစ်ရက်လျှင် ခရီးစဉ် ၉၀ ဖျက်နေရ
Ko Thuya - Mar 25, 2019
ပြီးခဲ့တဲ့ ၆ လအတွင်းမှာ Boeing 737 Max 8 လေယာဉ် ၂ စီး ပျက်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ လက အဲဒီ လေယာဉ်အမျိုးအစား တစ်စီးဟာ အင်ဒိုနီးရှား ကမ်းရိုးတန်းမှာ ပျက်ကျခဲ့ပြီး လူပေါင်း ၁၈၉ ဦး…
ကြိုးလုံးဝ မပါတော့မယ့် true wireless Beats နားကြပ်အသစ်ကို ဧပြီလ မိတ်ဆက်မည်
Apple, Gadgets, NEWS
40 shares24 views
ကြိုးလုံးဝ မပါတော့မယ့် true wireless Beats နားကြပ်အသစ်ကို ဧပြီလ မိတ်ဆက်မည်
Nigma - Mar 25, 2019
Apple ပိုင်တဲ့ Beats က ကြိုးလုံးဝမပါတော့မယ့် Powerbeats earbuds နားကြပ်အသစ်ကို ဧပြီလအတွင်း မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ အရင် Powerbeats Wireless တွေတုန်းကလည်း ကြိုးမဲ့နားကြပ်ဆိုပေမယ့် နားကြပ်နှစ်ဖက်ကို ချိတ်ဆက်ထားတော့ ကြိုးတော့ ပါရှိပါသေးတယ်။ အသစ်ထွက်မယ့် Powerbeats က…
Leave a Comment
Most from this category