1792 Shares 528 Views

iPhone တွေ ဘက်ထရီမလဲခင်နဲ့ လဲပြီးချိန် စွမ်းဆောင်ရည်ဘယ်လိုတောင်ကွာသွားလဲ? (video)

Mar 07, 2018
1792 528

[Zawgyi]






 

[Unicode]

၂၀၁၇ ဒီဇင်ဘာလတုန်းက Apple က iPhone တွေကို နှေးအောင်လုပ်ထားတယ်လို့ ဝန်ခံလိုက်တာနဲ့ပတ်သတ်ပြီး တော်တော်လေးပွဲဆူခဲ့ပါတယ်။ ဒီအတွက်လည်း ခုချိန်ထိ တရားစွဲဆိုမှုတွေမပြီးသေးပါဘူး။ ဒီတော့ iPhone တွေကိုနှေးအောင်လုပ်ထားတယ်ဆိုတဲ့နေရာမှာ ဘယ်လောက်တောင်နှေးနေလဲဆိုတာ အောက်ဆုံးက ဗီဒီယိုကိုကြည့်လိုက်ရင် အဖြေထွက်ပါလိမ့်မယ်။

ဒီဗီဒီယိုလေးကို YouTube မှာတင်ခဲ့တာဖြစ်ပြီးတော့ သူကတော့ သူ့ iPhone 6s ကို ဘက်ထရီမလဲခင်နဲ့ $29 battery replacement နဲ့လဲပြီးတဲ့အချိန် ယှဉ်ပြီးရိုက်ပြထားတာပါ။ ဗီဒီယိုထဲမှာ ဘယ်လို test တွေမဆို ဥပမာ ဝဘ်ဆိုဒ်ဖွင့်တာတွေ၊ app တွေဖွင့်တာတွေနဲ့ ဂိမ်းဖွင့်တာတွေ ဒါတွေနဲ့စမ်းသပ်ပြထားပါတယ်။ ဗီဒိယိုကိုကြည့်ပြီးရင်ောတ့ အမြန်နှုန်းကွာခြားချက်ကို အံသြမိပါလိမ့်မယ်။ Geekbench test မှာလည်း နှေးထားတဲ့ iPhone ရဲ့ multi-core test က 2,485 မှတ်ရှိပြီး ဘက်ထရီလဲလိုက်တဲ့ဖုန်းကတော့ 4,412 မှတ်ရသွားပါတယ်။

Image result for iphone throttling

Apple ကလည်း iOS 11.3 မှာ ဘက်ထရီသက်သာဖို့အတွက် performance နှေးချင်မနှေးချင်ဆိုတာကို user တွေကိုယ်တိုင်ရွေးလို့ရတော့မယ့် feature တစ်ခုထည့်ထားမှာပါ။ ဖုန်းကိုမနှေးချင်ဘူး ဘက်ထရီဘာပဲဖြစ်ဖြစ်ဆိုတဲ့သူတွေအတွက်ကတော့ အခြေအနေမဟန်ရင် shut down ကျသွားတာမျိုးတွေဖြစ်ပါလိမ့်မယ်။ ဘက်ထရီမကောင်းတော့လို့ နှေးသွားတဲ့ iPhone တွေအတွက် ရွေးချယ်စရာကတော့ ဘက်ထရီလဲဖို့ပဲရှိမှာပါ။

အောက်မှာတော့ ဘက်ထရီမလဲခင်နဲ့ လဲပြီး performance ကိုနှိုင်းယှဉ်ထားတဲ့ ဗီဒီယိုလေးကိုဖော်ပြပေးလိုက်ပါတယ်။

You may be interested

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
260 shares28 views

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
257 shares45 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

Leave a Comment

Most from this category