100 Shares 30 Views


Mar 07, 2018
100 30





Ref : theverge

unicode

Uber က ကုန်ပစ္စည်းများ သယ်ဆောင်ပေးတဲ့ မောင်းသူမဲ့ ထရပ်ကားများကို စမ်းသပ်နေ

Uber က မောင်းသူမဲ့ ထရပ်ကားများဖြင့် ကုန်ပစ္စည်းများကို သယ်ဆောင်ပေးနေပါတယ်။ အမေရိကန် ပြည်ထောင်စု အရီဇိုးနားမှာ အဲဒီကားများကို စမ်းသပ်နေတာ ဖြစ်ပါတယ်။ Uber ဟာ မောင်းသူမဲ့ တက္ကစီကားများကိုလည်း စမ်းသပ်နေပါတယ်။ ထရပ်ကားများဟာ အဝေးပြေးလမ်းမများမှာ အလိုအလျှောက် မောင်းနှင်နိုင်ပါတယ်။

စက်ရုပ် ထရပ်ကားများ ချွတ်ယွင်းမှု ဖြစ်ပေါ်လျှင် ထိန်းကြောင်းပေးဖို့အတွက် လက်ရှိမှာ လူ တစ်ဦး လိုက်ပါ စောင့်ကြည့်နေပါတယ်။ Uber ဟာ Otto Company ကို ဝယ်ယူပြီးကတည်းက မောင်းသူမဲ့ ထရပ်ကားများကို ဖန်တီးနေပါတယ်။ Uber က ၂၀၁၆ ခုနှစ်မှာ ဒေါ်လာ သန်း ၆၅၀ ဖြင့် မောင်းသူမဲ့ ထရပ်ကား ကုမ္ပဏီ Otto ကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

မောင်းသူမဲ့ ထရပ်ကားများကို တီထွင်နေတာ Uber တစ်ခုထဲ မဟုတ်ပါဘူး။ Embark ကလည်း ၂၀၁၇ ခုနှစ်ကတည်းက တောင်ကယ်ရိုလိုင်းနားနဲ့ တက္ကဆပ်အကြားမှာ ရေခဲသေတ္တာများကို ပို့ဆောင်ပေးနေပါတယ်။ ယခုနှစ် ဇန်နဝါရီလကလည်း Uber ရဲ့ စီအီးအို ဖြစ်သူ Dara Khosrowshahi က လာမယ့် ၁၈ လအတွင်းမှာ အမေရိကန်တွင် စက်ရုပ်တက္ကစီများဖြင့် ဝန်ဆောင်မှုပေးမယ်လို့ Bloomberg ကို ပြောခဲ့ဖူးပါတယ်။ အမေရိကန်ရဲ့ အများသုံးလမ်းမများမှာ စက်ရုပ် တက္ကစီများကို ၂၀၁၉ ခုနှစ်မှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အူဘာဟာ စွမ်းရည်ပြည့် မောင်းသူမဲ့ ကားများကို တီထွင်နိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် မောင်းသူမဲ့ ကားနည်းပညာဟာ အလွန်တိုးတက်လာနေတဲ့အတွက် လာမယ့်နှစ်မှာတော့ အူဘာရဲ့ မောင်းသူမဲ့ တက္ကစီများကို မြင်တွေ့ရလာနိုင်ပါတယ်။

Ref : theverge

You may be interested

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
0 shares0 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung
Samsung
119 shares18 views

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung

Tha Ra - Jul 18, 2018

[Zawgyi] Samsung အနေနဲ့ 8GB LPDDR5 DRAM Chip အကြောင်းတွေကို မနေ့ ညနေတုန်းက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ 8GB LPDDR5 တွေဟာ ကုမ္ပဏီရဲ့ ပထမဦးဆုံး 10nm အမျိုးအစား Chip များ ဖြစ်သလို 5G…

Xiaomi က ဇူလိုင်လ ၂၄ ရက်နေ့မှာ Mi A2 Lite ကို မိတ်ဆက်မယ်လို့ အတည်ပြု
Android, HUBS, Mobiles & Tablets
93 shares115 views

Xiaomi က ဇူလိုင်လ ၂၄ ရက်နေ့မှာ Mi A2 Lite ကို မိတ်ဆက်မယ်လို့ အတည်ပြု

Ko Thuya - Jul 18, 2018

ရှောင်မီက တွစ်တာအကောင့်ကနေ Mi A2 ရဲ့ သတင်းအချက်အလက်များကို အရိပ်အမြွက် ပြသနေပါတယ်။ အခုတော့ Mi A2 နဲ့အတူ Mi A2 Lite ကိုပါ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ပထမ Tweet မှာ “ 2…

Leave a Comment

Most from this category