255 Shares 91 Views

Mobile World Congress (MWC 2018) မွာေတြ႔ခဲ့ရတဲ့ထိပ္တန္း မိုဘိုင္းလ္ trend ေတြက?

Mar 07, 2018
255 91

[Zawgyi]

ဘာစီလိုနာမွာက်င္းပခဲ့တဲ့ Mobile World Congress (MWC) 2018 ပြဲၾကီးလည္းျပီးသြားျပီဆိုေတာ့ ဒီႏွစ္က်န္တဲ့ကာလတစ္ေလွ်ာက္ ဘယ္လိုဖုန္းေတြေမွ်ာ္လင့္လုိ႔ရမလဲဆိုတဲ့ အခ်က္အလက္ေလးေတြေတာ့ သိရပါျပီ။ ဒါဆို MWC ပြဲမွာျပသခဲ့တဲ့ထဲကမွ ဒီႏွစ္ရဲ႕မိုဘိုင္းလ္ဖုန္းေတြ trend က ဘာေတြျဖစ္မလဲၾကည့္ရေအာင္.

Bezel-less trend

MWC 2018 trends galaxy s9

သူကေတာ့ ဒီႏွစ္မွစတာမဟုတ္ပါဘူး။ ၂၀၁၆ ကတည္းက Mi Mix မွာ bezel-less စျဖစ္ခဲ့ျပီး အခုဆို Apple လည္း iPhone X ကို ေဘာင္မဲ့ဒီဇုိင္းေျပာင္းလိုက္ပါျပီ။ ေဘာင္ေတြကိုေလွ်ာ့ခ်လိုက္ျပီး ဖုန္းရဲ႕ဆုိဒ္ကိုေသးလိုက္ေပမယ့္ screen ဆုိဒ္ကေတာ့ ပိုၾကီးလာပါတယ္။ ဥပမာ iPhone X ဆုိရင္ iPhone 8 Plus ထက္ပိုေသးေပမယ့္ screen size ပိုၾကီးပါတယ္။

အရင္ 16:9 ratio အစား 18:9 ratio ျဖစ္လာတဲ့အတြက္ ေနရာပိုက်ယ္ content ပိုမ်ားမ်ားျပႏုိင္လာတဲ့အျပင္ split-screen mode သံုးတဲ့အခါမွလည္း ေနရာပိုရပါတယ္။ ခုဆုိ mid-range ဖုန္းေတြ ဘတ္ဂ်တ္ဖုန္းေတြေတာင္မွ 18:9 ratio ကိုေျပာင္းလာၾကပါျပီ။ ဆိ္ုေတာ့ ဒီႏွစ္ဖုန္းေတြရဲ႕ trend ကေတာ့ full-screen, 18:9 ratio, bezel-less ဒီဇုိင္းပါ။

Notch design

Asus Zenfone 5 review

Full-screen ထားခ်င္တဲ့အခါ ထိပ္ဖက္မွာရိွတဲ့ ကင္မ၇ာေတြ sensor ေတြထားဖို႔အတြက္ notch ေလးကို ေနရာေပးလာရပါျပီ။ iPhone X မွာဆို သူ႔ရဲ႕ Animoji, FaceID တို႔အလုပ္လုပ္ဖို႔ TrueDepth ကင္မရာေတြ sensor ေတြကိုထားဖို႔ notch ေနရာေလးေပးထားတာေတြ႔မွာပါ။ ဒါေပမယ့္ ဒါကုိပဲ feature သစ္တစ္ခုအေနနဲ႔ စမတ္ဖုန္းကုမၸဏီေတြ တုပလာၾကျပီး MWC ပြဲမွာ ထိပ္ဖက္ notch နဲ႔ဖုန္းေတြကိုေတာ္ေတာ္မ်ားမ်ားေတြ႔ခဲ့ရပါတယ္။ Samsung လို ထိပ္ဖက္ notch မထား တေျပးတည္းအနက္ေရာင္မ်ိဳးမဟုတ္ဘဲ Apple ကိုပဲတုပလာၾကတာကိုေတြ႔ရပါတယ္။

ဒါေပမယ့္ ကံေကာင္းစြာနဲ႔ပဲ notch ဒီဇုိင္းနဲ႔မတူဘဲ ခြဲထြက္လာတဲ့ဒီဇိုင္းေတြလည္းရိွေနပါေသးတယ္။ Vivo ဆိုရင္ ကင္မရာကိုဖုန္းရဲ႕ထိပ္ဖက္ကေန ထြက္လာတာမ်ိဳး Xiaomi ဆုိရင္ေရွ႕ကင္မရာကို ေအာက္ဘက္ bezel မွာထားလိုက္တာမ်ိဳး ဒီလိုဒီဇုိင္းေလးေတြရိွေနပါေသးတယ္။ ဒါေပမယ့္ ဒီႏွစ္က ေတာ္ေတာ္မ်ားမ်ား notch ဒီဇုိင္းကိုတုပလာၾကတာဆိုေတာ့ လံုးဝ bezel-less စမတ္ဖုန္းတစ္လံုးျဖစ္ဖို႔ အရမ္းၾကီးေမွ်ာ္လင့္ထားလို႔မရေသးပါဘူး။

Artificial Intelligence

MWC trends LG V30s AI

MWC ပြဲမွာ AI ကိုလည္းအဓိကအသားေပးလာၾကတာေတြ႔ရပါတယ္။ ကင္မရာပိုင္းမွာ AI ကိုထည့္သြင္းတာေတြ Samsung ဆို Bixby ကိုအဆင့္ျမွင့္လာတာေတြ၊ Bixby vision အတြက္ ကင္မရာနဲ႔ဆုိင္တဲ့ AI feature အသစ္ေတြ ဒါေတြကို မိတ္ဆက္လာၾကပါတယ္။ AI ကိုဖုန္းမွာ built-in အေနနဲ႔ထည့္သြင္းလာတဲ့ Google, Apple, Samsung တို႔ေတြအျပင္ ေနာက္ထပ္ဘယ္ဖုန္းေတြမွာမ်ား ထည့္လာဦးမလဲဆိုတာ ေစာင့္ေမွ်ာ္ရဦးမွာပါပဲ။

Augmented Reality

AR Emoji

AI အျပင္ MWC ပြဲမွာမိတ္ဆက္ခဲ့ၾကေသးတာက ရိွသင့္တဲ့ feature တစ္ခုျဖစ္တဲ့ AR feature ေတြပါ။ ZTE Blade V9 စမတ္ဖုန္းဆိုလည္း AR စတစ္ကာေတြကို ကင္မရာ app မွာထည့္သြင္းလာျပီး Apple Animoji ေတြလို Galaxy S9 မွာလည္း AR Emojis ေတြကိုထည့္သြင္းလာခဲ့ပါျပီ။ Animoji ေလာက္ၾကီး မေကာင္းေသးေပမယ့္လည္း ေနာက္ႏွစ္ေတြမွာေတာ့ ဒီထက္ပိုတိုးတက္လာမယ္လို႔ေတာ့ ထင္ပါတယ္။ မွန္းမိသေလာက္ကေတာ့ ၂၀၁၈ ရဲ႕ဖုန္းတုိင္းနီးပါးေလာက္မွာ AR အတြက္ က႑တစ္ခုပါဝင္လာမယ္လို႔ေတာ့ ေမွ်ာ္လင့္မိပါတယ္။

Wearable (Goodbye)

Huawei Watch 2 Sport review

မႏွစ္က Huawei ကေန Huawei Watch 2 ကိုမိတ္ဆက္ခဲ့ျပီး ဒီႏွစ္ ၂၀၁၈ မွာေတာ့ ဘာစမတ္နာရီမွ မိတ္ဆက္တာမေတြ႔ရပါဘူး။ ဒီစမတ္နာရီပိုင္းကေတာ့သိပ္ျပီးဆန္းသစ္တီထြင္စရာမရိွလို႔ပဲ ဆက္မလုပ္ၾကေသးတာလား? Google ကေတာ့ ဒီႏွစ္ developer conference မွာ Android Wear ေတြကို အဆင့္ျမွင့္ထားတယ္ေျပာလာေပမယ့္လည္း ဒီက႑ပိုင္းကေတာ့ သိပ္ျပီးထူးထူးျခားျခားၾကီးတုိးတက္လာမယ္လို႔ေတာ့ မထင္မိပါဘူး။

Budget and feature phones

ေျပာရရင္ ဘတ္ဂ်တ္ဖုနး္ေတြက တစ္ႏွစ္ထက္တစ္ႏွစ္ကိုပိုပိုေကာင္းလာတာကိုေတြ႔ရပါတယ္။ display ေတြလည္း ေဘးေဘာင္ေတြပါးလာ အျမင့္ပိုင္းဖုန္းေတြမွာေတြ႔ရတဲ့နည္းပညာေတြကို တန္ဖုိးသင့္ဖုန္းေတြမွာပါ ထည့္သြင္းလာၾကပါတယ္။ HMD Global ရဲ႕ $345 တန္ Nokia 6 ေလးဆိုရင္ တည္ေဆာက္ဖန္တီးထားတာေလးလည္းေတာ္ေတာ္ေကာင္းျပီး နည္းပညာေတြလည္း အမ်ားၾကီးပါပါတယ္။ ဒီႏွစ္ MWC ပြဲမွာ Google မိတ္ဆက္လိုက္တာကေတာ့ Android Go ဖုန္းေတြပါ။ RAM နည္းနည္း Storage နည္းနည္းနဲ႔ဖုန္းေတြအတြက္ ေနရာနည္းနည္းပဲယူမယ့္ Operating System ကိုသံုးထားျပီး $100 ေအာက္ပဲရိွပါတယ္။

Nokia 8110 4G Hands-on Review

ေနာက္တစ္ခုက feature ဖုန္းေတြပါ အဆင့္ျမင့္လာတာပါ။ Nokia ကမိတ္ဆက္ခဲ့တဲ့ Nokia 8110 ဆို အခု 4G feature ဖုန္းတစ္လံုးျဖစ္လာပါျပီ။ ဒီဖုန္းေတြက touchscreen စမတ္ဖုန္းေတြထက္ ေစ်းပိုေပါျပီး ေဒတာပမာဏလည္း နည္းနည္းေလးပဲလိုပါတယ္။ ဒါေပမယ့္ သူတို႔လို feature ဖုန္းေတြအတြက္ Google Maps, Google Assistant, Facebook စတဲ့ ဆုိရွယ္မီဒီယာေတြပါသံုးလုို႔ရမယ့္ KaiOS ဆိုတဲ့ operating system ကိုမိတ္ဆက္လိုက္ျပီဆိုေတာ့ ေစ်းၾကီးတဲ့ စမတ္ဖုန္းေတြထက္ feature ဖုန္းေတြက တစ္ပန္းသာလာဦးမလား မေျပာတတ္ပါဘူး။

5G

social media moderation holding phone

မ်ိဳးဆက္သစ္ 5G ခ်ိတ္ဆက္မႈေတြကေတာ့ ေတာ္ေတာ္ကုိျမန္လြန္းတဲ့အင္တာနက္အျမန္ႏႈန္းပါပဲ။ ဝန္ေဆာင္မႈေပးတဲ့ဌာနေတြနဲ႔ စက္ရံုေတြမွာသံုးရင္ ေတာ္ေတာ္အက်ိဳးမ်ားမွာပါ။ ဒါေပမယ့္ US လိုႏုိင္ငံမွာေတာင္ 5G ေပးႏုိင္တဲ့ carrier ေတြက ဒီႏွစ္ကုန္ရင္ေတာင္ သိပ္မရိွႏုိင္ေသးပါဘူး။ ဒါေပမယ့္ ၂၀၁၉ မတိုင္ခင္တစ္ခ်ိန္ခ်ိန္မွာ 5G ခ်ိတ္ဆက္မႈေတြရေကာင္းရလာႏုိင္ပါတယ္။

Ref: DigitalTrends

[Unicode]

ဘာစီလိုနာမှာကျင်းပခဲ့တဲ့ Mobile World Congress (MWC) 2018 ပွဲကြီးလည်းပြီးသွားပြီဆိုတော့ ဒီနှစ်ကျန်တဲ့ကာလတစ်လျှောက် ဘယ်လိုဖုန်းတွေမျှော်လင့်လို့ရမလဲဆိုတဲ့ အချက်အလက်လေးတွေတော့ သိရပါပြီ။ ဒါဆို MWC ပွဲမှာပြသခဲ့တဲ့ထဲကမှ ဒီနှစ်ရဲ့မိုဘိုင်းလ်ဖုန်းတွေ trend က ဘာတွေဖြစ်မလဲကြည့်ရအောင်.

Bezel-less trend

MWC 2018 trends galaxy s9

သူကတော့ ဒီနှစ်မှစတာမဟုတ်ပါဘူး။ ၂၀၁၆ ကတည်းက Mi Mix မှာ bezel-less စဖြစ်ခဲ့ပြီး အခုဆို Apple လည်း iPhone X ကို ဘောင်မဲ့ဒီဇိုင်းပြောင်းလိုက်ပါပြီ။ ဘောင်တွေကိုလျှော့ချလိုက်ပြီး ဖုန်းရဲ့ဆိုဒ်ကိုသေးလိုက်ပေမယ့် screen ဆိုဒ်ကတော့ ပိုကြီးလာပါတယ်။ ဥပမာ iPhone X ဆိုရင် iPhone 8 Plus ထက်ပိုသေးပေမယ့် screen size ပိုကြီးပါတယ်။

အရင် 16:9 ratio အစား 18:9 ratio ဖြစ်လာတဲ့အတွက် နေရာပိုကျယ် content ပိုများများပြနိုင်လာတဲ့အပြင် split-screen mode သုံးတဲ့အခါမှလည်း နေရာပိုရပါတယ်။ ခုဆို mid-range ဖုန်းတွေ ဘတ်ဂျတ်ဖုန်းတွေတောင်မှ 18:9 ratio ကိုပြောင်းလာကြပါပြီ။ ဆိ်ုတော့ ဒီနှစ်ဖုန်းတွေရဲ့ trend ကတော့ full-screen, 18:9 ratio, bezel-less ဒီဇိုင်းပါ။

Notch design

Asus Zenfone 5 review

Full-screen ထားချင်တဲ့အခါ ထိပ်ဖက်မှာရှိတဲ့ ကင်မ၇ာတွေ sensor တွေထားဖို့အတွက် notch လေးကို နေရာပေးလာရပါပြီ။ iPhone X မှာဆို သူ့ရဲ့ Animoji, FaceID တို့အလုပ်လုပ်ဖို့ TrueDepth ကင်မရာတွေ sensor တွေကိုထားဖို့ notch နေရာလေးပေးထားတာတွေ့မှာပါ။ ဒါပေမယ့် ဒါကိုပဲ feature သစ်တစ်ခုအနေနဲ့ စမတ်ဖုန်းကုမ္ပဏီတွေ တုပလာကြပြီး MWC ပွဲမှာ ထိပ်ဖက် notch နဲ့ဖုန်းတွေကိုတော်တော်များများတွေ့ခဲ့ရပါတယ်။ Samsung လို ထိပ်ဖက် notch မထား တပြေးတည်းအနက်ရောင်မျိုးမဟုတ်ဘဲ Apple ကိုပဲတုပလာကြတာကိုတွေ့ရပါတယ်။

ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ notch ဒီဇိုင်းနဲ့မတူဘဲ ခွဲထွက်လာတဲ့ဒီဇိုင်းတွေလည်းရှိနေပါသေးတယ်။ Vivo ဆိုရင် ကင်မရာကိုဖုန်းရဲ့ထိပ်ဖက်ကနေ ထွက်လာတာမျိုး Xiaomi ဆိုရင်ရှေ့ကင်မရာကို အောက်ဘက် bezel မှာထားလိုက်တာမျိုး ဒီလိုဒီဇိုင်းလေးတွေရှိနေပါသေးတယ်။ ဒါပေမယ့် ဒီနှစ်က တော်တော်များများ notch ဒီဇိုင်းကိုတုပလာကြတာဆိုတော့ လုံးဝ bezel-less စမတ်ဖုန်းတစ်လုံးဖြစ်ဖို့ အရမ်းကြီးမျှော်လင့်ထားလို့မရသေးပါဘူး။

Artificial Intelligence

MWC trends LG V30s AI

MWC ပွဲမှာ AI ကိုလည်းအဓိကအသားပေးလာကြတာတွေ့ရပါတယ်။ ကင်မရာပိုင်းမှာ AI ကိုထည့်သွင်းတာတွေ Samsung ဆို Bixby ကိုအဆင့်မြှင့်လာတာတွေ၊ Bixby vision အတွက် ကင်မရာနဲ့ဆိုင်တဲ့ AI feature အသစ်တွေ ဒါတွေကို မိတ်ဆက်လာကြပါတယ်။ AI ကိုဖုန်းမှာ built-in အနေနဲ့ထည့်သွင်းလာတဲ့ Google, Apple, Samsung တို့တွေအပြင် နောက်ထပ်ဘယ်ဖုန်းတွေမှာများ ထည့်လာဦးမလဲဆိုတာ စောင့်မျှော်ရဦးမှာပါပဲ။

Augmented Reality

AR Emoji

AI အပြင် MWC ပွဲမှာမိတ်ဆက်ခဲ့ကြသေးတာက ရှိသင့်တဲ့ feature တစ်ခုဖြစ်တဲ့ AR feature တွေပါ။ ZTE Blade V9 စမတ်ဖုန်းဆိုလည်း AR စတစ်ကာတွေကို ကင်မရာ app မှာထည့်သွင်းလာပြီး Apple Animoji တွေလို Galaxy S9 မှာလည်း AR Emojis တွေကိုထည့်သွင်းလာခဲ့ပါပြီ။ Animoji လောက်ကြီး မကောင်းသေးပေမယ့်လည်း နောက်နှစ်တွေမှာတော့ ဒီထက်ပိုတိုးတက်လာမယ်လို့တော့ ထင်ပါတယ်။ မှန်းမိသလောက်ကတော့ ၂၀၁၈ ရဲ့ဖုန်းတိုင်းနီးပါးလောက်မှာ AR အတွက် ကဏ္႑တစ်ခုပါဝင်လာမယ်လို့တော့ မျှော်လင့်မိပါတယ်။

Wearable (Goodbye)

Huawei Watch 2 Sport review

မနှစ်က Huawei ကနေ Huawei Watch 2 ကိုမိတ်ဆက်ခဲ့ပြီး ဒီနှစ် ၂၀၁၈ မှာတော့ ဘာစမတ်နာရီမှ မိတ်ဆက်တာမတွေ့ရပါဘူး။ ဒီစမတ်နာရီပိုင်းကတော့သိပ်ပြီးဆန်းသစ်တီထွင်စရာမရှိလို့ပဲ ဆက်မလုပ်ကြသေးတာလား? Google ကတော့ ဒီနှစ် developer conference မှာ Android Wear တွေကို အဆင့်မြှင့်ထားတယ်ပြောလာပေမယ့်လည်း ဒီကဏ္႑ပိုင်းကတော့ သိပ်ပြီးထူးထူးခြားခြားကြီးတိုးတက်လာမယ်လို့တော့ မထင်မိပါဘူး။

Budget and feature phones

ပြောရရင် ဘတ်ဂျတ်ဖုနး်တွေက တစ်နှစ်ထက်တစ်နှစ်ကိုပိုပိုကောင်းလာတာကိုတွေ့ရပါတယ်။ display တွေလည်း ဘေးဘောင်တွေပါးလာ အမြင့်ပိုင်းဖုန်းတွေမှာတွေ့ရတဲ့နည်းပညာတွေကို တန်ဖိုးသင့်ဖုန်းတွေမှာပါ ထည့်သွင်းလာကြပါတယ်။ HMD Global ရဲ့ $345 တန် Nokia 6 လေးဆိုရင် တည်ဆောက်ဖန်တီးထားတာလေးလည်းတော်တော်ကောင်းပြီး နည်းပညာတွေလည်း အများကြီးပါပါတယ်။ ဒီနှစ် MWC ပွဲမှာ Google မိတ်ဆက်လိုက်တာကတော့ Android Go ဖုန်းတွေပါ။ RAM နည်းနည်း Storage နည်းနည်းနဲ့ဖုန်းတွေအတွက် နေရာနည်းနည်းပဲယူမယ့် Operating System ကိုသုံးထားပြီး $100 အောက်ပဲရှိပါတယ်။

Nokia 8110 4G Hands-on Review

နောက်တစ်ခုက feature ဖုန်းတွေပါ အဆင့်မြင့်လာတာပါ။ Nokia ကမိတ်ဆက်ခဲ့တဲ့ Nokia 8110 ဆို အခု 4G feature ဖုန်းတစ်လုံးဖြစ်လာပါပြီ။ ဒီဖုန်းတွေက touchscreen စမတ်ဖုန်းတွေထက် ဈေးပိုပေါပြီး ဒေတာပမာဏလည်း နည်းနည်းလေးပဲလိုပါတယ်။ ဒါပေမယ့် သူတို့လို feature ဖုန်းတွေအတွက် Google Maps, Google Assistant, Facebook စတဲ့ ဆိုရှယ်မီဒီယာတွေပါသုံးလို့ရမယ့် KaiOS ဆိုတဲ့ operating system ကိုမိတ်ဆက်လိုက်ပြီဆိုတော့ ဈေးကြီးတဲ့ စမတ်ဖုန်းတွေထက် feature ဖုန်းတွေက တစ်ပန်းသာလာဦးမလား မပြောတတ်ပါဘူး။

5G

social media moderation holding phone

မျိုးဆက်သစ် 5G ချိတ်ဆက်မှုတွေကတော့ တော်တော်ကိုမြန်လွန်းတဲ့အင်တာနက်အမြန်နှုန်းပါပဲ။ ဝန်ဆောင်မှုပေးတဲ့ဌာနတွေနဲ့ စက်ရုံတွေမှာသုံးရင် တော်တော်အကျိုးများမှာပါ။ ဒါပေမယ့် US လိုနိုင်ငံမှာတောင် 5G ပေးနိုင်တဲ့ carrier တွေက ဒီနှစ်ကုန်ရင်တောင် သိပ်မရှိနိုင်သေးပါဘူး။ ဒါပေမယ့် ၂၀၁၉ မတိုင်ခင်တစ်ချိန်ချိန်မှာ 5G ချိတ်ဆက်မှုတွေရကောင်းရလာနိုင်ပါတယ်။

Ref: DigitalTrends

You may be interested

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini
Apple, Mobiles & Tablets, NEWS
0 shares0 views

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini

Nigma - Mar 19, 2019

Apple က iPad ေမာ္ဒယ္သစ္ႏွစ္မ်ိဳးကို တိတ္တဆိတ္ မိတ္ဆက္လိုက္ပါတယ္။ တတိယမ်ိဳးဆက္ 10.5-inch iPad Air နဲ႔ ပၪၥမမ်ိဳးဆက္ 7.9-inch iPad mini ပါ။ iPad Air အသစ္မွာ 10.5-inch Retina Display အသစ္…

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
243 shares160 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
102 shares157 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Leave a Comment

Most from this category