1787 Shares 734 Views

သင့္ Android Device မွာ Face Unlock ကို ဘယ္လို သံုးမလဲ ?

Mar 06, 2018
1787 734

Apple က iPhone X မွာ Face ID အမည္ရ မ်က္နွာအာရံုခံ နည္းပညာကို ထည့္သြင္းေပးခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီလို စြမ္းရည္ဟာ Android Device မ်ားမွာ ရရွိေနတာ ႏွစ္မ်ားစြာ ၾကာေနပါၿပီ။ Android 4.1 နဲ႔ သူ႕အထက္မွာ ဒီစြမ္းရည္ကို အသံုးျပဳႏုိင္ပါတယ္။ သင့္ဖုန္းမွာ အဲဒီ စြမ္းရည္ မပါရွိရင္လည္း စြမ္းရည္ေကာင္းတဲ့ Fac Unlock Apps မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

သင့္ရဲ႕ ဖုန္းမွာ Face Unlock ကို အသံုးျပဳနည္း

သင့္ဖုန္းရဲ႕ Settings> Security > Smart Lock ထဲသြားပါ။ PIN ထည့္ခုိင္းရင္ ထည့္ေပးပါ။

Trusted Face ကို ႏွိပ္ၿပီး ညႊန္ၾကားခ်က္အတိုင္း လုပ္ေဆာင္ပါ။

သင့္ဖုန္းက Face Unlock ဟာ PIN ေလာက္စိတ္မခ်ရဘူးလို႔ သတိေပးမွာပါ။ ၿပီးရင္ေတာ့ သင့္ မ်က္နွာကို Scan လုပ္ပါ။ သင့္မ်က္ႏွာကို ကင္မရာနဲ႔ တည့္မတ္တဲ့ ေနရာမွာ ထားပါ။ အလင္းေရာင္ေကာင္းတဲ့ ေနရာမွာ Scan ျပဳလုပ္ပါ။ သင့္ မ်က္ႏွာရဲ႕ အေသးစိတ္ကို ကင္မရာက ျမင္ႏုိ္င္ေအာင္ ျပဳလုပ္ပါ။

Facial Recognition ကို ပိုမို ေကာင္းမြန္ေအာင္ ျပဳလုပ္ပါ။

သင့္ ဖုန္းရဲ႕ Facial Recognition ကို ပိုမို တိုးတက္ေကာင္းမြန္ေအာင္လည္း ျပဳလုပ္ႏုိင္ပါတယ္။ Trusted Face က႑ေအာက္မွ Improve Face-Matching ကို နွိပ္ပါ။ ၿပီးရင္ ညႊန္ၾကားခ်က္အတိုင္း သင့္မ်က္နွာကို ပံုစံ အမ်ိဳးမ်ိဳးျဖင့္ Scan လုပ္ပါ။ ဒါဆိုရင္ သင့္ ဖုန္းက သင့္မ်က္ႏွာကို ပိုမို ေကာင္းစြာ မွတ္မိေစမွာ ျဖစ္ပါတယ္။

Face Unlock Apps

သင့္ Android မွာ Trusted Face မပါရင္လည္း Face Unlock Apps မ်ားကို အသံုးျပဳႏိုင္ပါတယ္။ အဲဒီ Apps မ်ားက သင့္ မ်က္ႏွာျဖင့္ ဖုန္းကို Unlock လုပ္ေပးႏုိင္သလို Apps မ်ားကိုလည္း Face Unlock ျဖင့္ ကာကြယ္ေပးထားႏုိင္ပါတယ္။ အဲဒီ Apps မ်ားထဲမွာ ညႊန္းခ်င္တာက IObit Applock ျဖစ္ၿပီး သူ႔မွာ Face Unlocker ပါပါတယ္။ သူက သင့္ဖုန္းရဲ႕ Lock Screen ကိုသာမက Apps မ်ားကိုပါ ကာကြယ္ေပးႏုိင္ပါတယ္။

သတိျပဳရန္

ယခုေဖာ္ျပတဲ့ Android မွ Face Unlock သို႔မဟုတ္ Trusted Face နဲ႔ Apps မ်ားရဲ႕ စြမ္းရည္ဟာ iPhone X ရဲ႕ Face ID ေလာက္ စြမ္းရည္ မျမင့္မားတာကို သတိျပဳပါ။ အဲဒီအတြက္ Android မွာ ဒီလုပ္ေဆာင္ခ်က္ကို သံုးမယ္ဆိုရင္ လံုျခံဳမႈ အားနည္းပါတယ္။ သင့္ရဲ႕ ဓါတ္ပံုမ်ားျဖင့္ အျခား လူက သင့္ဖုန္းအား Unlock လုပ္ျခင္း၊ ရုပ္တူသူ တစ္ေယာက္က သင့္ဖုန္းအား Unlock လုပ္ျခင္းမ်ား ျပဳလုပ္ေကာင္း ျပဳလုပ္ႏုိင္မွာပါ။

Ref : maketecheasier

unicode

သင့် Android Device မှာ Face Unlock ကို ဘယ်လို သုံးမလဲ ?

Apple က iPhone X မှာ Face ID အမည်ရ မျက်နှာအာရုံခံ နည်းပညာကို ထည့်သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို စွမ်းရည်ဟာ Android Device များမှာ ရရှိနေတာ နှစ်များစွာ ကြာနေပါပြီ။ Android 4.1 နဲ့ သူ့အထက်မှာ ဒီစွမ်းရည်ကို အသုံးပြုနိုင်ပါတယ်။ သင့်ဖုန်းမှာ အဲဒီ စွမ်းရည် မပါရှိရင်လည်း စွမ်းရည်ကောင်းတဲ့ Fac Unlock Apps များကို ဖော်ပြပေးလိုက်ပါတယ်။

သင့်ရဲ့ ဖုန်းမှာ Face Unlock ကို အသုံးပြုနည်း

သင့်ဖုန်းရဲ့ Settings> Security > Smart Lock ထဲသွားပါ။ PIN ထည့်ခိုင်းရင် ထည့်ပေးပါ။

Trusted Face ကို နှိပ်ပြီး ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ။

သင့်ဖုန်းက Face Unlock ဟာ PIN လောက်စိတ်မချရဘူးလို့ သတိပေးမှာပါ။ ပြီးရင်တော့ သင့် မျက်နှာကို Scan လုပ်ပါ။ သင့်မျက်နှာကို ကင်မရာနဲ့ တည့်မတ်တဲ့ နေရာမှာ ထားပါ။ အလင်းရောင်ကောင်းတဲ့ နေရာမှာ Scan ပြုလုပ်ပါ။ သင့် မျက်နှာရဲ့ အသေးစိတ်ကို ကင်မရာက မြင်နိုင်အောင် ပြုလုပ်ပါ။

Facial Recognition ကို ပိုမို ကောင်းမွန်အောင် ပြုလုပ်ပါ။

သင့် ဖုန်းရဲ့ Facial Recognition ကို ပိုမို တိုးတက်ကောင်းမွန်အောင်လည်း ပြုလုပ်နိုင်ပါတယ်။ Trusted Face ကဏ္ဍအောက်မှ Improve Face-Matching ကို နှိပ်ပါ။ ပြီးရင် ညွှန်ကြားချက်အတိုင်း သင့်မျက်နှာကို ပုံစံ အမျိုးမျိုးဖြင့် Scan လုပ်ပါ။ ဒါဆိုရင် သင့် ဖုန်းက သင့်မျက်နှာကို ပိုမို ကောင်းစွာ မှတ်မိစေမှာ ဖြစ်ပါတယ်။

Face Unlock Apps

သင့် Android မှာ Trusted Face မပါရင်လည်း Face Unlock Apps များကို အသုံးပြုနိုင်ပါတယ်။ အဲဒီ Apps များက သင့် မျက်နှာဖြင့် ဖုန်းကို Unlock လုပ်ပေးနိုင်သလို Apps များကိုလည်း Face Unlock ဖြင့် ကာကွယ်ပေးထားနိုင်ပါတယ်။ အဲဒီ Apps များထဲမှာ ညွှန်းချင်တာက IObit Applock ဖြစ်ပြီး သူ့မှာ Face Unlocker ပါပါတယ်။ သူက သင့်ဖုန်းရဲ့ Lock Screen ကိုသာမက Apps များကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

သတိပြုရန်

ယခုဖော်ပြတဲ့ Android မှ Face Unlock သို့မဟုတ် Trusted Face နဲ့ Apps များရဲ့ စွမ်းရည်ဟာ iPhone X ရဲ့ Face ID လောက် စွမ်းရည် မမြင့်မားတာကို သတိပြုပါ။ အဲဒီအတွက် Android မှာ ဒီလုပ်ဆောင်ချက်ကို သုံးမယ်ဆိုရင် လုံခြုံမှု အားနည်းပါတယ်။ သင့်ရဲ့ ဓါတ်ပုံများဖြင့် အခြား လူက သင့်ဖုန်းအား Unlock လုပ်ခြင်း၊ ရုပ်တူသူ တစ်ယောက်က သင့်ဖုန်းအား Unlock လုပ်ခြင်းများ ပြုလုပ်ကောင်း ပြုလုပ်နိုင်မှာပါ။

Ref : maketecheasier

You may be interested

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini
Apple, Mobiles & Tablets, NEWS
0 shares0 views

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini

Nigma - Mar 19, 2019

Apple က iPad ေမာ္ဒယ္သစ္ႏွစ္မ်ိဳးကို တိတ္တဆိတ္ မိတ္ဆက္လိုက္ပါတယ္။ တတိယမ်ိဳးဆက္ 10.5-inch iPad Air နဲ႔ ပၪၥမမ်ိဳးဆက္ 7.9-inch iPad mini ပါ။ iPad Air အသစ္မွာ 10.5-inch Retina Display အသစ္…

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
0 shares0 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
75 shares143 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Leave a Comment

Most from this category