787 Shares 212 Views

၂၀၁၈ မွာ Huawei ကေန ဘာဖုန္းေတြထြက္ရိွလာႏုိင္မလဲ?

Mar 06, 2018
787 212

[Zawgyi]

Huawei ကေန Mate 10 နဲ႔ Mate 10 Pro ေတါကိုမိတ္ဆက္လိုက္ျပီးတဲ့ေနာက္ အခုလာမယ့္ ၂၇ရက္ေန႔မွာ P20 ဖုန္းစီးရီးေတြကိုမိတ္ဆက္ေတာ့မွာပါ။ သူတို႔ေတြအျပင္ ၂၀၁၈ မွာ Huawei ကေန တျခားေသာဖုန္းေတြလည္း ထြက္လာႏုိင္ပါေသးတယ္။

အရင္တစ္ေခါက္က တရုတ္ဆုိရွယ္ဝဘ္ဆုိဒ္ Weibo မွာ တစ္ႏွစ္တာလံုးအတြက္ Huawei က ထြက္ဖို႔စီစဥ္ထားတဲ့ဖုန္းစာရင္းကုိ screenshot နဲ႔တင္ခဲ့ဖူးပါတယ္။

Huawei Mate 20/ Mate 20 Pro

P စီးရီးဖုန္းေတြလုိပဲ Mate 11 ဆိုတာကိုေက်ာ္ျပီး ေနာက္လာမယ့္ Mate flagship ဖုန္းေတြကို Mate 20 လို႔နာမည္ေပးလာႏုိင္ပါတယ္။ သူတို႔ေတြကိုေတာ့ Kirin 980, 12MP + 20MP rear camera, 8MP ေရွ႕ကင္မရာ၊ RAM 4GB/6GB, storage 64GB/128GB ေတြသံုးထားမွာပါ။

ကြာသြားမွာက display ပဲျဖစ္ပါလိမ့္မယ္။ Mate 20 မွာ 5.9-inch 2K display, Mate 20 Pro မွာေတာ့ low-res 6-inch 1080p display ေတြကိုသံုးထားမွာပါ။ Pro ဗားရွင္းမွာ display quality နိမ့္ေနလို႔အံ့ၾသေကာင္းအံ့ၾသပါလိမ့္မယ္။ Mate 10 နဲ႔ Mate 10 Pro တို႔တုန္းကလဲ ဒီလုိပါပဲ။

ေစ်းႏႈန္းကေတာ့ Mate 20 အတြက္ တရုတ္ယြမ္ ၃၈၉၉ ၊ Mate 20 Pro အတြက္ တရုတ္ယြမ္ ၄၈၉၉ နဲ႔ေအာက္တိုဘာလမွာမိတ္ဆက္လာႏုိင္ပါတယ္။

Honor 10/ Honor 10 Lite

Honor brand ခဲြကေတာ့ အရည္အေသြးျမင့္ဖုန္းေတြကို ေစ်းႏႈန္းသင့္သင့္နဲ႔ေရာင္းခ်ေပးလုိ႔နာမည္ၾကီးလာတာပါ။ Honor 10 ကိုေတာ့ ဇြန္လမွာမိတ္ဆက္လာႏုိင္ျပီး 5.7-inch 1080p display, Kirin 970 CPU, RAM 4GB/ 6GB, storage 64GB/128GB, ေနာက္ကင္မရာ 12MP+20MP, ေရွ႕ကင္မရာ 8MP ျဖစ္မွာပါ။ ေစ်းႏႈန္းကေတာ့ တရုတ္ယြမ္ ၂၂၉၉ က်သင့္မွာပါ။ Honor 10 Lite ကေတာ့ ဒီဇင္ဘာမွာထြက္လာႏုိင္ျပီး display တူတူကိုမွ Kirin 670 processor သံုးထားမွာပါ။ ေနရွ႕နဲ႔ေနာက္ dual-camera ေတြျဖစ္ျပီး RAM 3GB/4GB, ေစ်းႏႈန္းကောတ့ တရုတ္ယြမ္ ၁၂၉၉ ပါ။

Nova 2 Lite/ Nova 3/ Nova 3S

ဒီႏွစ္ Nova စီးရီးေတြမွာဝင္လာႏုိင္တာကေတာ့ Nova 2 Lite ျဖစ္ျပီး ကုမၸဏီရဲ႕ Kirin 670 ေတြကိုပထမဆံုးသံုးမယ့္ဖုန္းလည္းျဖစ္ပါတယ္။ 5.6-inch 1080p display, RAM 4GB/ storage 64GB  အတြက္ တရုတ္ယြမ္ ၁၉၉၉၊ RAM 6GB/ 64GB အတြက္ တရုတ္ယြမ္ ၂၂၉၉ က်သင့္မွာပါ။မတ္လမွာထြက္လာမယ္လို႔ေတာ့ မွန္းထားပါတယ္။

  Nova 3 ေတြမွာေတာ့ spec ေတြပိုျမွင့္ထားျပီး 6-inch 1080p display, Kirin 960 processor, ေရွ႕နဲ႔ေနာက္ dual-camera, RAM 6GB, storage 256GB ပါ။ Nova 3S ကိုေတာ့ ဒီဇင္ဘာလမွာမိတ္ဆက္လာႏုိင္ျပီး ပိုေတာက္ပတဲ့ 1200p display, Kirin 970 processor ေတြကလြဲရင္ က်န္တဲ့ specs ေတြကေတာ့ အတူတူပဲျဖစ္မွာပါ။

Enjoy 8 Plus, Enjoy 8, Enjoy 8S

Huawei ရဲ႕ Enjoy စီးရီးသစ္ေတြကေတ့ ဒီႏွစ္ ဧျပီမွာထြက္လာႏုိင္တယ္လို႔ သတင္းရထားပါတယ္။ Enjoy 8 Plus မွာ Kirin 670 processor ေတြကိုသံုးထားမွာျဖစ္ျပိး 6-inch display, 13MP+2MP ေနာက္ကင္မရာ၊ 8MP ေရွ႕ကင္မရာေတြရိွပါတယ္။ Enjoy 8 ကေတာ့ ဇူလုိင္လမွာပဲဆက္ထြက္လာႏုိင္ျပီး Kirin 670 ကိုပဲသံုးထားမွာပါ။ ဒါေပမယ့္5.5-inch ျဖစ္ျပီး 720p ေနာက္ကင္မရာ 12MP တစ္လံုးတည္းသံုးထားမွာပါ။

Enjoy 8S ကေတာ့ ၂၀၁၈ ကုန္ခါနီးေလာက္မွ ထြက္လာႏုိင္ျပီး Kirin 670, 5.7-inch 1080 display ေတြကိုသံုးထားပါမယ္။ ေက်ာဘက္ dual-camera ေတြျဖစ္ျပီး RAM 2GB/ 3GB, ေစ်းႏႈန္းကေတာ့ တရုတ္ယြမ္ 1099 ျဖစ္မွာပါ။

ဒီထြက္လာမယ့္စီးရီးေတြအားလံုးထဲက ဖုန္းတစ္လံုးကမ်ား သင့္အၾကိဳက္ျဖစ္မွာပါလိမ့္???

[Unicode]

Huawei ကနေ Mate 10 နဲ့ Mate 10 Pro တေါကိုမိတ်ဆက်လိုက်ပြီးတဲ့နောက် အခုလာမယ့် ၂၇ရက်နေ့မှာ P20 ဖုန်းစီးရီးတွေကိုမိတ်ဆက်တော့မှာပါ။ သူတို့တွေအပြင် ၂၀၁၈ မှာ Huawei ကနေ တခြားသောဖုန်းတွေလည်း ထွက်လာနိုင်ပါသေးတယ်။

အရင်တစ်ခေါက်က တရုတ်ဆိုရှယ်ဝဘ်ဆိုဒ် Weibo မှာ တစ်နှစ်တာလုံးအတွက် Huawei က ထွက်ဖို့စီစဉ်ထားတဲ့ဖုန်းစာရင်းကို screenshot နဲ့တင်ခဲ့ဖူးပါတယ်။

Huawei Mate 20/ Mate 20 Pro

P စီးရီးဖုန်းတွေလိုပဲ Mate 11 ဆိုတာကိုကျော်ပြီး နောက်လာမယ့် Mate flagship ဖုန်းတွေကို Mate 20 လို့နာမည်ပေးလာနိုင်ပါတယ်။ သူတို့တွေကိုတော့ Kirin 980, 12MP + 20MP rear camera, 8MP ရှေ့ကင်မရာ၊ RAM 4GB/6GB, storage 64GB/128GB တွေသုံးထားမှာပါ။

ကွာသွားမှာက display ပဲဖြစ်ပါလိမ့်မယ်။ Mate 20 မှာ 5.9-inch 2K display, Mate 20 Pro မှာတော့ low-res 6-inch 1080p display တွေကိုသုံးထားမှာပါ။ Pro ဗားရှင်းမှာ display quality နိမ့်နေလို့အံ့သြကောင်းအံ့သြပါလိမ့်မယ်။ Mate 10 နဲ့ Mate 10 Pro တို့တုန်းကလဲ ဒီလိုပါပဲ။

ဈေးနှုန်းကတော့ Mate 20 အတွက် တရုတ်ယွမ် ၃၈၉၉ ၊ Mate 20 Pro အတွက် တရုတ်ယွမ် ၄၈၉၉ နဲ့အောက်တိုဘာလမှာမိတ်ဆက်လာနိုင်ပါတယ်။

Honor 10/ Honor 10 Lite

Honor brand ခွဲကတော့ အရည်အသွေးမြင့်ဖုန်းတွေကို ဈေးနှုန်းသင့်သင့်နဲ့ရောင်းချပေးလို့နာမည်ကြီးလာတာပါ။ Honor 10 ကိုတော့ ဇွန်လမှာမိတ်ဆက်လာနိုင်ပြီး 5.7-inch 1080p display, Kirin 970 CPU, RAM 4GB/ 6GB, storage 64GB/128GB, နောက်ကင်မရာ 12MP+20MP, ရှေ့ကင်မရာ 8MP ဖြစ်မှာပါ။ ဈေးနှုန်းကတော့ တရုတ်ယွမ် ၂၂၉၉ ကျသင့်မှာပါ။ Honor 10 Lite ကတော့ ဒီဇင်ဘာမှာထွက်လာနိုင်ပြီး display တူတူကိုမှ Kirin 670 processor သုံးထားမှာပါ။ နေရ့ှနဲ့နောက် dual-camera တွေဖြစ်ပြီး RAM 3GB/4GB, ဈေးနှုန်းကောတ့ တရုတ်ယွမ် ၁၂၉၉ ပါ။

Nova 2 Lite/ Nova 3/ Nova 3S

ဒီနှစ် Nova စီးရီးတွေမှာဝင်လာနိုင်တာကတော့ Nova 2 Lite ဖြစ်ပြီး ကုမ္ပဏီရဲ့ Kirin 670 တွေကိုပထမဆုံးသုံးမယ့်ဖုန်းလည်းဖြစ်ပါတယ်။ 5.6-inch 1080p display, RAM 4GB/ storage 64GB အတွက် တရုတ်ယွမ် ၁၉၉၉၊ RAM 6GB/ 64GB အတွက် တရုတ်ယွမ် ၂၂၉၉ ကျသင့်မှာပါ။မတ်လမှာထွက်လာမယ်လို့တော့ မှန်းထားပါတယ်။

Nova 3 တွေမှာတော့ spec တွေပိုမြှင့်ထားပြီး 6-inch 1080p display, Kirin 960 processor, ရှေ့နဲ့နောက် dual-camera, RAM 6GB, storage 256GB ပါ။ Nova 3S ကိုတော့ ဒီဇင်ဘာလမှာမိတ်ဆက်လာနိုင်ပြီး ပိုတောက်ပတဲ့ 1200p display, Kirin 970 processor တွေကလွဲရင် ကျန်တဲ့ specs တွေကတော့ အတူတူပဲဖြစ်မှာပါ။

Enjoy 8 Plus, Enjoy 8, Enjoy 8S

Huawei ရဲ့ Enjoy စီးရီးသစ်တွေကတေ့ ဒီနှစ် ဧပြီမှာထွက်လာနိုင်တယ်လို့ သတင်းရထားပါတယ်။ Enjoy 8 Plus မှာ Kirin 670 processor တွေကိုသုံးထားမှာဖြစ်ပြိး 6-inch display, 13MP+2MP နောက်ကင်မရာ၊ 8MP ရှေ့ကင်မရာတွေရှိပါတယ်။ Enjoy 8 ကတော့ ဇူလိုင်လမှာပဲဆက်ထွက်လာနိုင်ပြီး Kirin 670 ကိုပဲသုံးထားမှာပါ။ ဒါပေမယ့်5.5-inch ဖြစ်ပြီး 720p နောက်ကင်မရာ 12MP တစ်လုံးတည်းသုံးထားမှာပါ။

Enjoy 8S ကတော့ ၂၀၁၈ ကုန်ခါနီးလောက်မှ ထွက်လာနိုင်ပြီး Kirin 670, 5.7-inch 1080 display တွေကိုသုံးထားပါမယ်။ ကျောဘက် dual-camera တွေဖြစ်ပြီး RAM 2GB/ 3GB, ဈေးနှုန်းကတော့ တရုတ်ယွမ် 1099 ဖြစ်မှာပါ။

ဒီထွက်လာမယ့်စီးရီးတွေအားလုံးထဲက ဖုန်းတစ်လုံးကများ သင့်အကြိုက်ဖြစ်မှာပါလိမ့်???

Ref: AndroidCentral

You may be interested

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
0 shares0 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
75 shares143 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္
Local, Local News, Mobiles & Tablets
87 shares33 views

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္

Ko Ko PR - Mar 19, 2019

ဆန္းသစ္လွပသည့္ Vivo V15 Pro စမတ္ဖုန္းကို မိတ္ဆက္ၿပီးသည့္ေနာက္ Vivo Myanmar မွ Vivo V15 ကို ထပ္မံ ျဖန္႔ခ်ီေတာ့မည္ျဖစ္သည္။ ယခင္ V15Pro ကဲ့သို႔ ဆန္းသစ္လွပေသာ ျမင့္တက္ပြင့္ထြက္လာသည့္ ေရွ႕ကင္မရာ၊ ၆.၅၃ လက္မ ရွိမွန္သားျပင္အျပည့္မ်က္ႏွာျပင္…

Leave a Comment

Most from this category