989 Shares 392 Views

၂၇ရက်နေ့မှာတွေ့မြင်ရတော့မယ့် Huawei P20, P20 Pro နဲ့ P20 Lite တို့ရဲ့ဈေးနှုန်းများ

Mar 06, 2018
989 392

[Zawgyi]






[Unicode]

လာမယ့် မတ်လ ၂၇ရက်နေ့ Huawei ကနေ ပဲရစ်စ်မှာကျင်းပမယ့် ဖုန်းမိတ်ဆက်ပွဲအတွက် “SEE MOOORE WITH AI” ဆိုတဲ့ခေါင်းစဉ်လေးနဲ့ ပွဲကျင်းပဖို့စီစဉ်နေပါပြီ။

အခုတော့ Huawei P20 နဲ့ P20 Plus ဆိုတဲ့နာမည်ကိုပါ အွန်လိုင်းနဲ့ billboard တွေမှာကြေညာလိုက်ပါပြီ။ လူပြောများနေတဲ့ P20 Lite ကလည်း သူတို့ထဲက တစ်လုံးဖြစ်မှာပါ။ အခုဥရောပအတွက် ဈေးနှုန်းတွေလည်းထွက်ရှိလာပါပြီ။

Huawei P20 ကိုတော့ ယူရို ၆၇၉, P20 Pro ကိုတော့ ယူရို ၈၉၉ နဲ့ P20 Lite ကိုတော့ ယူရို ၃၆၉ နဲ့ရောင်းချသွားမယ်လို့သိရပါတယ်။ P20 Pro ရဲ့ဈေးနှုန်းကတော့ ယူရို ၁၀၀၀ နားကိုကပ်နေပြီဖြစ်လို့ Mate 11 (or Mate 20) တွေက သူ့ထက်တောင် ဈေးပိုများပါလိမ့်မယ်။

P20 နဲ့ P20 Pro ကတော့ Mate 10 နဲ့ Mate 10 Pro တို့မှာ သုံးခဲ့တဲ့ Kirin 970 AI chipset ကိုသုံးထားမယ်လို့သိရပြီး Lite မော်ဒယ်လ်ကတော့ mid-range chipset ဖြစ်တဲ့ Kirin 659 ကိုသုံးထားမှာပါ။

ဒီ၃လုံးထဲမှာမှ P20 Pro က ကင်မရာ၃လုံးပါလာမယ့်ပုံဖြစ်ပြီး ကျန်တဲ့မော်ဒယ်လ်၂မျိုးကတော့ dual-camera နဲ့ပဲလာနိုင်ပါတယ်။ P20 Lite မှာ ကျောဘက် 16MP+2MP ဖြစ်ပြီး ရှေ့ဘက် 16MP ကင်မရာကိုသုံးထားပါတယ်။ ဟန်းဆက်အကုန်လုံးကတော့ Android 8.0 Oreo EMUI 8.0 နဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။

Ref: GsmArena, PocketNow

You may be interested

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
0 shares0 views

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
157 shares36 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

Leave a Comment

Most from this category