484 Shares 184 Views


Mar 06, 2018
484 184





Ref : theverge

unicode

စမတ် စိပ်ပုတီးကို ဖန်တီးလိုက်တဲ့ Acer

Acer က Leap Beads အမည်ရ စမတ် စိပ်ပုတီးတစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ အေဆာဟာ ထိုင်ဝမ် အခြေစိုက် ကုမ္ပဏီ ဖြစ်ပြီး ထိုင်ဝမ်မှာ ဗုဒ္ဓဘာသာဝင် အရေအတွက်ဟာ နိုင်ငံလူဦးရေရဲ့ သုံးပုံတစ်ပုံကျော် ရှိပါတယ်။ အဲဒီအတွက် အေဆာက Smart Chip ပါတဲ့ စိပ်ပုတီးကို ဖန်တီးလိုက်ခြင်း ဖြစ်တယ်။ စမတ် စိပ်ပုတီးက အပတ်ရေများကို မှတ်သားပေးနိုင်ပြီး Smartphone App မှာ သတင်းအချက်အလက်များကို ပြသပေးမှာ ဖြစ်ပါတယ်။

သမားရိုးကျ ပုတီးများမှာ အပတ်ရေကို ကိုယ်တိုင် ရေတွက်ရပါတယ်။ အဲဒီအတွက် တစ်ခါတစ်လေမှာ ပုတီး အပတ်ရေကို မေ့သွားတဲ့ အဖြစ်များ ဖြစ်တတ်ပါတယ်။ အဲဒီ ပြဿနာများကို စမတ် စိပ်ပုတီးက ဖြေရှင်းပေးနိုင်ပါတယ်။

အီလက်ထရောနစ် ငွေပေးချေမှု စနစ်နဲ့ ဗုဒ္ဓဘာသာဝင် ဈေးဆိုင်များ၊ စားသောက်ဆိုင်များမှ Discounts များကို ရယူခြင်းတို့လို စွမ်းရည်အသစ်များကို စမတ် စိပ်ပုတီးမှာ အနာဂတ်တွင် ထည့်သွင်းပေးဖို့ အေဆာက ရည်ရွယ်ထားပါတယ်။ လက်ရှိမှာ စမတ် စိပ်ပုတီးကို ထိုင်ဝမ်မှာသာ ရောင်းချပေးမှာ ဖြစ်ပါတယ်။ အခြား နိုင်ငံများမှာ ရောင်းချပေးမယ့် သတင်းကို မသိရသေးပါဘူး။

စမတ်စိပ်ပုတီးကို ထိုင်ဝမ် ဒေါ်လာ ၃၈၈၈ သတ်မှတ်ထားပြီး အမေရိကန် ဒေါ်လာ အားဖြင့် ၁၃၂.၇၈ ဝန်းကျင် ကျသင့်နိုင်ပါတယ်။ ယခုလလယ်မှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : theverge

You may be interested

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက် ရောင်းအား ကောင်းနေတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ပြီးခဲ့တဲ့ သောကြာနေ့မှာ iPhone XS နဲ့ iPhone XS Max တို့ကို ရောင်းချပေးလိုက်ပါတယ်။ Apple အရေး ကျွမ်းကျင်တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက်…

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ
HUBS, Microsoft
0 shares0 views

Rotating Display လို့ ခေါ်တဲ့ device ရဲ့ အနေအထားအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပေးမယ့် Display ကို Microsoft ပြသ

Creepy Tyler - Sep 25, 2018

Microsoft ကတော့ Surface Hub 2 ကို ပြသခဲ့ပြီး ၊ နောက်ဆုံးထွက်ဖြစ်လာမယ့် ဒီ device မှာ ပါလာမယ့်  Rotating Display အမည်ရ device ပုံစံအတိုင်း လိုက်လျောညီထွေ ပြောင်းလဲပြသပေးမယ့် နည်းပညာကိုလည်း တစ်ခါတည်း ပြသခဲ့ပါတယ်။…

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ
FEATURES, HOW TO, Softwares & Application
135 shares42 views

Google Chrome ကို နှံ့နှံ့စပ်စပ်အသုံးပြုနိုင်မယ့် နည်းလမ်းများ

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမ္ဘာမှာ လူသုံးအများဆုံး ၀က်ဘရောက်စာ တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် Google Chrome မှာ လူသိနည်းတဲ့ လျှို့ဝှက် စွမ်းဆောင်ချက်များ ပါရှိပါတယ်။ အဲဒီအထဲမှာ Chrome ကို Text Editor လို အသုံးပြုခြင်း၊…

Leave a Comment

Most from this category