82 Shares 51 Views

တစ္ကမာၻလံုးဆိုင္ရာ လူစြမ္းအားအရင္းအျမစ္ ဆု ၂ဆုကိုရရိွခဲ့တဲ့ အူရီဒူး

Mar 05, 2018
82 51

[Zawgyi]

၂၀၁၈ခုႏွစ္၊ ေဖေဖာ္၀ါရီလ (၂၆)ရက္ေန႔တြင္ အႏၵိယႏိုင္ငံ၊ မြန္ဘိုင္းၿမိဳ႔ရွိ Taj Lands’ End၌ က်င္းပျပဳလုပ္ခဲ့သည့္ ကမာၻလံုးဆိုင္ရာ လူ႔စြမ္းအားအရင္းအျမစ္ ကၽြမ္းက်င္မႈဆိုင္ရာ ဆုမ်ားေပးအပ္ျခင္း ၂၀၁၈ခုႏွစ္အခမ္းအနားတြင္ အူရီဒူးျမန္မာမွ ၎၏ေနာက္ထပ္ ေအာင္ျမင္မႈရလဒ္ တစ္ခုျဖစ္သည့္ ဂုဏ္သတင္းႀကီးမားေသာ လူစြမ္းအားအရင္းအျမစ္ဆိုင္ရာ ဆု ၂ဆုကိုရရွိခဲ့ပါသည္။

ယခုလို ဂုဏ္သတင္းႀကီးမားသည့္ ဆုမ်ားကို ေပးအပ္ျခင္း၏ရည္ရြယ္ခ်က္မွာ ေကာင္းမြန္စနစ္က်ေသာ လူစြမ္းအားအရင္းအျမစ္ဆိုင္ရာ အေလ့အထမ်ားကို က်င့္သံုးသည့္ ႏိုင္ငံတကာမွ ကုမၸဏီမ်ားအတြက္ အသိအမွတ္ျပဳေပးျခင္းျဖစ္ပါသည္။ World HRD အခမ္းအနားႀကီးသို႔ ႏိုင္ငံေပါင္း ၁၃၃ႏိုင္ငံေက်ာ္မွ တက္ေရာက္သူေပါင္း ေထာင္ေက်ာ္ႏွင့္အတူ ႏိုင္ငံတကာ အဖြဲ႔အစည္းမ်ားစြာမွ တက္ေရာက္ခဲ့ၾကၿပီး အဖြဲ႔အစည္းအနည္းငယ္သာ HR Excellence Awards 2018 ထဲမွ ဆုတစ္ဆုစီ ရရွိဆြတ္ခူးႏိုင္ခဲ့ၾကပါသည္။

အူရီဒူးအေနျဖင့္ အေကာင္းဆံုးေသာ လုပ္ငန္းခြင္ အေလ့အထမ်ားက်င့္သံုးသည့္ဆုျဖစ္ေသာ “Best Workplace Practices” ဆုႏွင့္ ၀န္ထမ္းမ်ားကို ေရရွည္လက္တြဲလုပ္ကိုင္လိုစိတ္ရွိေစရန္ မဟာဗ်ဴဟာ တီထြင္ဆန္းသစ္ႏိုင္မႈဆုျဖစ္ေသာ “Award for Innovation in Retention Strategy” ဆုမ်ားကို ရရွိဆြတ္ခူးႏိုင္ခဲ့ပါသည္။

အဆိုပါဆုမ်ားကို ရရွိျခင္းသည္ ၀န္ထမ္းမ်ားကို စဥ္ဆက္မျပတ္တိုးတက္မႈရွိေစေရး၊ ၀န္ထမ္းမ်ားပူးေပါင္းပါ၀င္မႈရွိေရး၊ ႏွင့္ အေကာင္းဆံုးေသာ လုပ္ငန္းခြင္ပတ္၀န္းက်င္ျဖစ္ေပၚေစေရး အစရွိသည့္ အူရီဒူးျမန္မာ၏ ကတိကို ေဖာ္ေဆာင္ေပးလိုက္ျခင္းျဖစ္ပါသည္။

အူရီဒူးျမန္မာ၏ Chief Human Resources Officer ျဖစ္သူ Ms. Cecile Umana က “ အူရီဒူးျမန္မာအနဲ႔ ယခုလို ဂုဏ္သတင္းႀကီးမားတဲ့ ဆု ၂ဆုကို ဆြတ္ခူးရရွိတဲ့အတြက္ တကယ္ကို ဂုဏ္ယူရပါတယ္။ အခုလို ဆုရရွိတဲ့အတြက္ ကၽြန္မတို႔ရဲ႕ ၀န္ထမ္းေတြ တိုးတက္ဖို႔အတြက္ ပိုၿပီးပံ့ပိုးေပးႏိုင္မယ့္အျပင္ ကၽြန္မတို႔ရဲ႕ ကုမၸဏီဟာလည္း ျမန္မာႏိုင္ငံရွိ ၀န္ထမ္းမ်ားက အလုပ္လုပ္ရန္ ေရြးခ်ယ္လိုတဲ့ကုမၸဏီတစ္ခုေနနဲ႔ ဆက္လက္ၿပီးရပ္တည္ႏိုင္မွာျဖစ္ပါတယ္။” ဟုေျပာၾကားလိုက္ပါသည္။

ၿပီးခဲ့သည့္ႏွစ္က အူရီဒူးျမန္မာအေနျဖင့္ အာရွတြင္ အေကာင္းဆံုး လုပ္ငန္းရွင္ဆုျဖစ္ေသာ “Asia’s Best Employer Brand Awards 2017” ဆုတစ္ဆု ဆြတ္ခူးရရွိခဲ့သည့္အျပင္ Myanmar Employer Awards ဆုေပးပြဲအခမ္းအနားတြင္လည္း ျပည္သူမ်ားကေရြးခ်ယ္ထားေသာ ႏိုင္ငံတကာကုမၸဏီ က႑ဆုျဖစ္သည့္ “People’s Choice Award – International Category” ဆုအပါ၀င္ ဆုေပါင္း ၆ခုကို ဆြတ္ခူးရရွိခဲ့ပါသည္။

#Ooredoo

 

[Unicode]

၂၀၁၈ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆)ရက်နေ့တွင် အန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ Taj Lands’ End၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ကျွမ်းကျင်မှုဆိုင်ရာ ဆုများပေးအပ်ခြင်း ၂၀၁၈ခုနှစ်အခမ်းအနားတွင် အူရီဒူးမြန်မာမှ ၎င်း၏နောက်ထပ် အောင်မြင်မှုရလဒ် တစ်ခုဖြစ်သည့် ဂုဏ်သတင်းကြီးမားသော လူစွမ်းအားအရင်းအမြစ်ဆိုင်ရာ ဆု ၂ဆုကိုရရှိခဲ့ပါသည်။

ယခုလို ဂုဏ်သတင်းကြီးမားသည့် ဆုများကို ပေးအပ်ခြင်း၏ရည်ရွယ်ချက်မှာ ကောင်းမွန်စနစ်ကျသော လူစွမ်းအားအရင်းအမြစ်ဆိုင်ရာ အလေ့အထများကို ကျင့်သုံးသည့် နိုင်ငံတကာမှ ကုမ္ပဏီများအတွက် အသိအမှတ်ပြုပေးခြင်းဖြစ်ပါသည်။ World HRD အခမ်းအနားကြီးသို့ နိုင်ငံပေါင်း ၁၃၃နိုင်ငံကျော်မှ တက်ရောက်သူပေါင်း ထောင်ကျော်နှင့်အတူ နိုင်ငံတကာ အဖွဲ့အစည်းများစွာမှ တက်ရောက်ခဲ့ကြပြီး အဖွဲ့အစည်းအနည်းငယ်သာ HR Excellence Awards 2018 ထဲမှ ဆုတစ်ဆုစီ ရရှိဆွတ်ခူးနိုင်ခဲ့ကြပါသည်။

အူရီဒူးအနေဖြင့် အကောင်းဆုံးသော လုပ်ငန်းခွင် အလေ့အထများကျင့်သုံးသည့်ဆုဖြစ်သော “Best Workplace Practices” ဆုနှင့် ၀န်ထမ်းများကို ရေရှည်လက်တွဲလုပ်ကိုင်လိုစိတ်ရှိစေရန် မဟာဗျူဟာ တီထွင်ဆန်းသစ်နိုင်မှုဆုဖြစ်သော “Award for Innovation in Retention Strategy” ဆုများကို ရရှိဆွတ်ခူးနိုင်ခဲ့ပါသည်။

အဆိုပါဆုများကို ရရှိခြင်းသည် ၀န်ထမ်းများကို စဉ်ဆက်မပြတ်တိုးတက်မှုရှိစေရေး၊ ၀န်ထမ်းများပူးပေါင်းပါ၀င်မှုရှိရေး၊ နှင့် အကောင်းဆုံးသော လုပ်ငန်းခွင်ပတ်၀န်းကျင်ဖြစ်ပေါ်စေရေး အစရှိသည့် အူရီဒူးမြန်မာ၏ ကတိကို ဖော်ဆောင်ပေးလိုက်ခြင်းဖြစ်ပါသည်။

အူရီဒူးမြန်မာ၏ Chief Human Resources Officer ဖြစ်သူ Ms. Cecile Umana က “ အူရီဒူးမြန်မာအနဲ့ ယခုလို ဂုဏ်သတင်းကြီးမားတဲ့ ဆု ၂ဆုကို ဆွတ်ခူးရရှိတဲ့အတွက် တကယ်ကို ဂုဏ်ယူရပါတယ်။ အခုလို ဆုရရှိတဲ့အတွက် ကျွန်မတို့ရဲ့ ၀န်ထမ်းတွေ တိုးတက်ဖို့အတွက် ပိုပြီးပံ့ပိုးပေးနိုင်မယ့်အပြင် ကျွန်မတို့ရဲ့ ကုမ္ပဏီဟာလည်း မြန်မာနိုင်ငံရှိ ၀န်ထမ်းများက အလုပ်လုပ်ရန် ရွေးချယ်လိုတဲ့ကုမ္ပဏီတစ်ခုနေနဲ့ ဆက်လက်ပြီးရပ်တည်နိုင်မှာဖြစ်ပါတယ်။” ဟုပြောကြားလိုက်ပါသည်။

ပြီးခဲ့သည့်နှစ်က အူရီဒူးမြန်မာအနေဖြင့် အာရှတွင် အကောင်းဆုံး လုပ်ငန်းရှင်ဆုဖြစ်သော “Asia’s Best Employer Brand Awards 2017” ဆုတစ်ဆု ဆွတ်ခူးရရှိခဲ့သည့်အပြင် Myanmar Employer Awards ဆုပေးပွဲအခမ်းအနားတွင်လည်း ပြည်သူများကရွေးချယ်ထားသော နိုင်ငံတကာကုမ္ပဏီ ကဏ္႑ဆုဖြစ်သည့် “People’s Choice Award – International Category” ဆုအပါ၀င် ဆုပေါင်း ၆ခုကို ဆွတ်ခူးရရှိခဲ့ပါသည်။

#Ooredoo

You may be interested

IP67 , IP68 ေရစိုခံ စံႏႈန္း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
0 shares0 views

IP67 , IP68 ေရစိုခံ စံႏႈန္း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီေန႔ေခတ္ စမတ္ဖုန္းမ်ားဟာ ေရစိုခံတယ္လို႔ ထုတ္လုပ္ေရာင္းခ်တဲ့ ကုမၸဏီမ်ားက ေၾကာ္ညာေနၾကပါတယ္။ ဒါေပမယ့္ ေရစိုခံစံႏႈန္းမ်ားစြာ ရွိတဲ့အတြက္ သင့္ စမတ္ဖုန္းဟာ ဘယ္ေလာက္အထိေရစိုခံသလဲဆိုတာ ေလ့လာထားဖုိ႔ လိုအပ္ပါတယ္။ IP ရဲ႕ အဓိပၸါယ္ IP ရဲ႕ အရွည္ဟာ Ingress Protection ျဖစ္ၿပီး…

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ေနာက္ဆံုးထုတ္ OxygenOS Open Beta မွာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ေနာက္ဆံုးထုတ္ OxygenOS Open Beta မွာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ယခင္ထြက္ခဲ့တဲ့ OxygenOS Open Beta မွာ Project Treble ပါလာခဲ့ပါတယ္။ ယခုေနာက္ဆံုးထုတ္ ဗားရွင္းမွာလည္း လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ OnePlus 5 ရဲ႕ OxygenOS Open…

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?
FEATURES
157 shares36 views

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန္တီးရတာေတာ္ေတာ္လည္းရႈပ္ေထြးတဲ့အလုပ္တစ္ခုျဖစ္သလို ကိုယ့္အေနနဲ႔ အေသးစိတ္ၾကီးနားလည္ေနဖုိ႔လည္းမလိုပါဘူး။ အခုရိွျပီးသား သိဉာဏ္တုနည္းပညာအမ်ားစုကေတာ့ လူေတြရဲ႕ဦးေႏွာက္လိုပဲ ေကာင္းေကာင္းခန္႔မွန္းတြက္ခ်က္ႏုိင္ပါတယ္။ ဒီလိုတြက္ခ်က္ဖို႔အတြက္ ေဒတာေတြေျမာက္မ်ားစြာထည့္သြင္းရျပီး လူေတြသိတဲ့အရာေတြကေန Model တစ္ခုတည္ေဆာက္ခိုင္း၊ လူေတြမသိတဲ့အရာေတြကို ခန္႔မွန္းခိုင္းလို႔ရႏုိင္ပါတယ္။ ဒီ AI န႔ဲ တျခားကြန္ပ်ဴတာပရိုဂရမ္ေတြနဲ႔ လံုးဝမတူတ့ဲတစ္ခ်က္ကေတာ့…

Leave a Comment

Most from this category