404 Shares 148 Views


Mar 05, 2018
404 148







Download

Ref : androidpolice

unicode

Android Phone မှာနေရာနည်းနေပြီလား? DiskUsage သုံးပြီးဖိုင်တွေကိုရှင်းပါ။

Android Phone မှာနေရာလွတ်တွေ နည်းလာတာဟာ သင့်ဖုန်းရဲ့Performance,Speed ကိုကျစေပါတယ်။အဲဒီအတွက်မလိုအပ်တဲ့ App တွေကို Uninstall လုပ်သင့်သလို မလိုအပ်တဲ့ဖိုင်တွေကိုလည်းရှင်းပစ်သင့်ပါတယ်။ဒီလိုရှင်းဖို့အတွက် အကောင်းဆုံး App တစ်ခုကတော့ DiskUsage ပါ။DiskUsage ကိုအသုံးပြုရင်သင့်ဖုန်းမှာနေရာအများဆုံးယူထားတဲ့ ဖိုဒါတွေ၊ဖိုင်တွေကိုလွယ်လွယ်ကူကူရှာနိုင်ပါတယ်။

DiskUsage ကို စစဖွင့်ချင်းမှာ Scan လုပ်ဖို့ Storage Destination ကို ရွေးပေးရပါမယ်။ Scan လုပ်တဲ့အချိန်ဟာစက္ကန့်ပိုင်းပဲကြာမြင့်ပါတယ်။

ပြီးရင်တော့ သင့်ဖုန်းမှာနေရာယူထားတဲ့ဒေတာတွေကို ဖိုင်ဆိုက်အများဆုံးကနေစီပြီး ပြပေးမယ့် Visual Report ကျလာပါလိမ့်မယ်။အောက်ကပုံကိုကြည့်ရင် သင့်ဖုန်းမှာ ဘယ်အရာတွေက နေရာဘယ်လောက်ယူထားလဲဆိုတာသင်သေချာသိပါပြီ။

Application တစ်ခုဒါမှမဟုတ် ကဏ္ဍ တစ်ခု ကိုရွေးချယ်လိုက်ရင် ပိုပြီးအသေးစိတ်ပြပေးမှာဖြစ်ပါတယ်။

App ရဲ့ဒေတာတွေကိုရှင်းဖို့၊ Cache တွေကိုရှင်းဖို့နဲ့ Uninstall လုပ်ဖို့အတွက် ညာဘက်အပေါ်ထောင့်မှာရှိတဲ့ Show button ကိုနှိပ်ပါ။ဒါဆိုရင် App info screen ကိုရောက်သွားပြီး မလိုအပ်တာတွေကိုရှင်းနိုင်ပါပြီ။

DiskUsage က သင့်ဖုန်းမှာနေရာယူထားတဲ့ဖိုဒါတွေ၊ဖိုင်တွေကိုလွယ်လွယ်ကူကူပဲ သိရှိနိုင်တဲ့ အလွန်ကောင်းမွန်တဲ့ App တစ်ခုဖြစ်ပါတယ်။ Windows မှာလည်း ဒီလို ဖိုင်ဆိုက်ကြီးတဲ့ ဖိုဒါတွေ၊ဖိုင်တွေကိုလွယ်လွယ်ကူကူရှာပြီးရှင်းနိုင်တဲ့ WizTree ဆိုတဲ့ Freeware ကိုအသုံးပြုပြီး နေရာလွတ်တွေ ရရှိအောင်ပြုလုပ်နိုင်ပါတယ်။

Download

Ref : androidpolice

You may be interested

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
260 shares28 views

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
257 shares45 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

Leave a Comment

Most from this category