200 Shares 117 Views


Mar 05, 2018
200 117




၎. ဖုန်းရဲ့ဘက်ထရီကလည်း တကယ်ကိုနည်းနေပြီ သုံးဖို့ကလည်းလိုနေတယ်ဆိုရင် မပိတ်ဘဲ “Airplane Mode” ကိုပဲဖွင့်လိုက်ပါ။














unicode

လူတိုင်းသိထားသင့်တဲ့ Tech tips လေးများ
ဘယ်အချိန် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့တစ်နေ့တာလုပ်ငန်းဆောင်တာတွေကို ပိုပြီးရိုးရှင်းလွယ်ကူအောင် လုပ်ဆောင်ပေးနိုင်တဲ့ သိလည်းသိထားသင့်တဲ့ နည်းပညာ hacks လေးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
၁. Google ကနေလည်း Timer ပေးလို့ရပါတယ်။ Google ကိုသွားပြီး search bar မှာ “Set Timer (x) Minutes” လို့ရိုက်လိုက်ရင် ရပါပြီ။

၂. ဂိမ်းဆော့နေတဲ့အချိန်မှာ ကြော်ငြာတွေတက်မလာစေချင်ဘူးဆိုရင် “Airplane mode” ကို On လိုက်ပါ။ (offline game များအတွက်)

၃.ကွန်ပျူတာနဲ့ browser သုံးတဲ့အခါ မတော်တဆများဖွင့်ထားတဲ့ tabs တွေကို ပိတ်မိလိုက်တယ်ဆိုရင် [Ctrl + Shift + T] ဆိုတဲ့ shortcut ကိုသုံးပြီး ပြန်ဖွင့်လိုက်ရင်ရပါတယ်။

၄. ဖုန်းရဲ့ဘက်ထရီကလည်း တကယ်ကိုနည်းနေပြီ သုံးဖို့ကလည်းလိုနေတယ်ဆိုရင် မပိတ်ဘဲ “Airplane Mode” ကိုပဲဖွင့်လိုက်ပါ။

၅. FutureMe.org က ကိုယ်ကနေ အနာဂတ်မှာရှိနေမယ့်ကိုယ့်ဆီစာပေးပို့ပေးလို့ရမှာဖြစ်ပါတယ်။

၆. ကိုယ့်ကွန်ပျူတာက YouTube လို ဆိုဒ်တွေကိုပိတ်ထားတယ်ဆိုရင် Google Chrome ရဲ့ Incognito Mode ကနေဝင်ပြီး access လုပ်လို့ရပါတယ်။

၇. ဟိုတယ်မှာရောက်နေချိန် ဖုန်းကလည်းအားကုန်နေပြီဆိုရင် TV တွေမှာ USB Plugin တွေရှိတာမမေ့လိုက်ပါနဲ့။

၈. iPad Charger နဲ့ iPhone တွေကိုအားသွင်းရင် ပိုမြန်ပါတယ်။

၉. “PDF” ဖိုင်တစ်ခုဒေါင်းလိုက်ပြီး နောက်မှာ “exe” ဆိုတဲ့ extension လေးကိုတွေ့ရင် ဖိုင်ကိုဖျက်ပစ်လိုက်ပါ။ သူကအမြဲတမ်းဗိုင်းရပ်စ်အနေနဲ့ဝင်လာတတ်လို့ပါပဲ။

၁၀. YouTube ကနေ ဗီဒီယိုတစ်ခုဒေါင်းချင်တယ်ဆိုရင် www. နဲ့ YouTube Video URL ကြားမှာ “ss” ဆိုတာလေး ရိုက်ထည့်ပေးလိုက်ရင် ဒေါင်းလို့ရပါပြီ။

၁၁. ဘက်ထရီတွေကို ရေခဲသေတ္တာထဲမှာသိမ်းတာ ဘက်ထရီသက်တမ်းကို ၂ဆပိုခံစေပါတယ်။

၁၂. အွန်လိုင်းကနေ ဈေးအပေါ်ဆုံးလေယာဉ်လတ်မှတ်တွေကိုဝယ်ချင်တယ်ဆိုရင် Browser ရဲ့ Incognito Mode ကိုသုံးပါ။ ဆိုဒ်တစ်ခုကို အကြိမ်များစွာဝင်ဖူးတယ်ဆိုရင် ဈေးတွေတက်တတ်လို့ပါ။

၁၃. iPad/ iPhone က သီချင်းတွေအကုန်လုံးကို ကွန်ပျူတာထဲကိုပြောင်းချင်တယ်ဆိုရင် DeTune ဆိုတဲ့ပရိုဂရမ်ကိုသုံးပါ။

၁၄. ကျောင်းစာစီစာကုံးတွေအတွက် အချက်အလက်တွေရှာချင်ရင် Google.com ကိုမသုံးဘဲ Scholar.google.com ကိုပဲသုံးပါ။ သူကပိုသင့်တော်တဲ့အချက်အလက်တွေပေးပါလိမ့်မယ်။

၁၅. အိမ်ထဲမှာကိုယ့်ဖုန်းကိုဘယ်နားထားမိမှန်းမသိ vibration mode လည်းထားထားမိတယ်ဆိုရင် Google ကိုသွား Google အကောင့်ကို Sign Up လုပ်ပြီး Google Play > Android Device Manager > “Ring” လုပ်ပေးလိုက်ရင်ရပါပြီ။

ဒီအချက်လေးတွေက နည်းပညာနဲ့ထိတွေ့နေရတဲ့လူတွေအတွက် အနည်းနဲ့အများတော့ အသုံးဝင်ပါလိမ့်မယ်။ ဒီထဲက ကိုယ်ဘယ်နှစ်ခုလောက်ကိုများ စမ်းဖူးပြီလဲ??

Ref : alltechtips&tricks

You may be interested

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
0 shares0 views

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
157 shares36 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

Leave a Comment

Most from this category