95 Shares 66 Views

Google Assistant ပါတဲ့ Smart Display

Mar 05, 2018
95 66

Google က သူ႔ရဲ႕ Assistant ဒစ္ဂ်စ္တယ္ ကိုယ္ေရးလက္ေထာက္ကို Smart Displays မ်ားမွာ ထည့္သြင္းလာၾကမယ္လို႔ ဇန္န၀ါရီလမွာ ေၾကညာခဲ့ပါတယ္။ အဲဒီအတြက္ Amazon Echo Show ရဲ႕ ၿပိဳင္ဖက္မ်ားစြာ ထြက္ေပၚလာမွာ ျဖစ္ပါတယ္။ Mobile World Congress မွာ ဂူဂယ္လ္က သူ႔ရဲ႕ ေဆာ့ဖ္၀ဲကို သံုးမယ့္ ဟာ့ဒ္၀ဲ ကုမၸဏီတစ္ခုကို ေျပာၾကားလိုက္ပါတယ္။ အဲဒါကေတာ့ ျပင္သစ္ အေျခစိုက္ အီလက္ထေရာနစ္ ကုမၸဏီ Archos ျဖစ္ပါတယ္။

Archos က အခုေတာ့ Google Assistant ပါတဲ့ စမတ္ မ်က္ႏွာျပင္ကို မိတ္ဆက္လုိက္ပါတယ္။ သူ႔ရဲ႕ အမည္မွာ Archos Hello ျဖစ္ၿပီး သူ႔ကို အသံျဖင့္ ခုိင္းေစျခင္းျဖင့္ စမတ္ေနအိမ္ ကိရိယာမ်ားကို ထိန္းခ်ဳပ္ျခင္း၊ သီခ်င္းမ်ား ဖြင့္ျခင္း၊ ရာသီဥတု သတင္းအခ်က္အလက္မ်ားကို ေျပာခိုင္းျခင္း အပါအ၀င္ အလုပ္မ်ားစြာကို ျပဳလုပ္ေပးႏုိင္ပါတယ္။ သူက အသံထြက္၍ ေမးျမန္းတာေတြကို ေျဖၾကားေပးႏိုင္သလို သူ႔မွာ ပါတဲ့ Display ကေနလည္း သတင္းအခ်က္အလက္မ်ားကို ျပသေပးႏုိင္ပါတယ္။ သူ႔ကို မီးဖိုေခ်ာင္ထဲမွာ ထားရင္ သူက ဟင္းခ်က္နည္းမ်ားကို ေျပာျပေပးႏုိင္ပါတယ္။ အိမ္ကေန ရံုးကို သြားဖို႔အတြက္ ကားအရွင္းဆံုး လမ္းေၾကာင္းကို သူက Google Map ကေန ျပသေပးႏိုင္ပါတယ္။

Hello ဟာ ဒီဇိုင္းလွပပါတယ္။ သူ႔မွာ Stand ပါပါတယ္။ ၈.၄ လက္မ FHD or ၇ လက္မ HD Display မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ သူ႔မွာ စပီကာတစ္ခုလည္း ထည့္သြင္းေပးထားပါတယ္။ သူ႔မွာ Android Oreo ပါရွိပါတယ္။ Quad-Core Processor , 2GB RAM , 16GB Storage မ်ား ထည့္သြင္းထားပါတယ္။ ၇ လက္မ ေမာ္ဒယ္ကို ေဒၚလာ ၁၆၀ နဲ႔ ၈. ၄ လက္မ ေမာ္ဒယ္ကို ၂၂၂ ေဒၚလာ သတ္မွတ္ထားပါတယ္။

Ref : digitaltrends

unicode

Google Assistant ပါတဲ့ Smart Display

Google က သူ့ရဲ့ Assistant ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက်ကို Smart Displays များမှာ ထည့်သွင်းလာကြမယ်လို့ ဇန်နဝါရီလမှာ ကြေညာခဲ့ပါတယ်။ အဲဒီအတွက် Amazon Echo Show ရဲ့ ပြိုင်ဖက်များစွာ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ Mobile World Congress မှာ ဂူဂယ်လ်က သူ့ရဲ့ ဆော့ဖ်ဝဲကို သုံးမယ့် ဟာ့ဒ်ဝဲ ကုမ္ပဏီတစ်ခုကို ပြောကြားလိုက်ပါတယ်။ အဲဒါကတော့ ပြင်သစ် အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီ Archos ဖြစ်ပါတယ်။

Archos က အခုတော့ Google Assistant ပါတဲ့ စမတ် မျက်နှာပြင်ကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အမည်မှာ Archos Hello ဖြစ်ပြီး သူ့ကို အသံဖြင့် ခိုင်းစေခြင်းဖြင့် စမတ်နေအိမ် ကိရိယာများကို ထိန်းချုပ်ခြင်း၊ သီချင်းများ ဖွင့်ခြင်း၊ ရာသီဥတု သတင်းအချက်အလက်များကို ပြောခိုင်းခြင်း အပါအဝင် အလုပ်များစွာကို ပြုလုပ်ပေးနိုင်ပါတယ်။ သူက အသံထွက်၍ မေးမြန်းတာတွေကို ဖြေကြားပေးနိုင်သလို သူ့မှာ ပါတဲ့ Display ကနေလည်း သတင်းအချက်အလက်များကို ပြသပေးနိုင်ပါတယ်။ သူ့ကို မီးဖိုချောင်ထဲမှာ ထားရင် သူက ဟင်းချက်နည်းများကို ပြောပြပေးနိုင်ပါတယ်။ အိမ်ကနေ ရုံးကို သွားဖို့အတွက် ကားအရှင်းဆုံး လမ်းကြောင်းကို သူက Google Map ကနေ ပြသပေးနိုင်ပါတယ်။

Hello ဟာ ဒီဇိုင်းလှပပါတယ်။ သူ့မှာ Stand ပါပါတယ်။ ၈.၄ လက်မ FHD or ၇ လက်မ HD Display များ ရွေးချယ်နိုင်ပါတယ်။ သူ့မှာ စပီကာတစ်ခုလည်း ထည့်သွင်းပေးထားပါတယ်။ သူ့မှာ Android Oreo ပါရှိပါတယ်။ Quad-Core Processor , 2GB RAM , 16GB Storage များ ထည့်သွင်းထားပါတယ်။ ၇ လက်မ မော်ဒယ်ကို ဒေါ်လာ ၁၆၀ နဲ့ ၈. ၄ လက်မ မော်ဒယ်ကို ၂၂၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : digitaltrends

You may be interested

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ iPhone XS နဲ႔ iPhone XS Max တို႔ကို ေရာင္းခ်ေပးလိုက္ပါတယ္။ Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက္…

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ
HUBS, Microsoft
39 shares12 views

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ

Creepy Tyler - Sep 25, 2018

Microsoft ကေတာ့ Surface Hub 2 ကို ျပသခဲ့ၿပီး ၊ ေနာက္ဆံုးထြက္ျဖစ္လာမယ့္ ဒီ device မွာ ပါလာမယ့္  Rotating Display အမည္ရ device ပံုစံအတုိင္း လိုက္ေလ်ာညီေထြ ေျပာင္းလဲျပသေပးမယ့္ နည္းပညာကိုလည္း တစ္ခါတည္း ျပသခဲ့ပါတယ္။…

Google Chrome ကို ႏွံ႔ႏွံ႔စပ္စပ္အသံုးျပဳႏုိင္မယ့္ နည္းလမ္းမ်ား
FEATURES, HOW TO, Softwares & Application
279 shares84 views

Google Chrome ကို ႏွံ႔ႏွံ႔စပ္စပ္အသံုးျပဳႏုိင္မယ့္ နည္းလမ္းမ်ား

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမာၻမွာ လူသံုးအမ်ားဆံုး ၀က္ဘေရာက္စာ တစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ Google Chrome မွာ လူသိနည္းတဲ့ လွိ်ဳ႕၀ွက္ စြမ္းေဆာင္ခ်က္မ်ား ပါရွိပါတယ္။ အဲဒီအထဲမွာ Chrome ကို Text Editor လို အသံုးျပဳျခင္း၊…

Leave a Comment

Most from this category