957 Shares 127 Views

၂၀၁၈ မွာ Nokia 8 Pro နဲ႔ Nokia 9 flagship ဖုန္း၂လံုးထပ္ထြက္လာမည္

Mar 05, 2018
957 127

[Zawgyi]

HMD to launch two new flagships this year, Nokia 9 and Nokia 8 Pro incoming? HMD Global ကေတာ့ MWC 2018 ပြဲမွာ ပါဝင္ျပသခဲ့ျပီးျဖစ္ေပမယ့္ Nokia ဆီကေန စိတ္လႈပ္ရွားစရာေလးေတြ က်န္ေနပါေသးတယ္။ Nokia 8 Sirocco ဆိုတာကလည္း ကုမၸဏီရဲ႕ ပူပူေႏြးေႏြး flagship ဖုန္းေလးျဖစ္ျပီး ဒီႏွစ္ႏွစ္ကုန္ထိဆို ေနာက္ထပ္ ထိပ္တန္းဖုန္း၂လံုးထြက္ဖို႔ရိွေနပါေသးတယ္။

တကယ္လို႔ Nokia 8 Sirocco မွာ ကင္မရာပိုင္းေရာ တစ္ျခားအခ်က္ေတြမွာပါ လိုေနေသးတယ္လို႔ထင္ရင္ေတာ့ HMD က Nokia 8 Pro နဲ႔ Nokia 9 တို႔ကိုမိတ္ဆက္လာဖို႔ျပင္ေနပါျပီ။

HMD က ဘာနာမည္သံုးမယ္ဆိုတာ မသိေသးေပမယ့္လည္း ကုမၸဏီရဲ႕အစီအစဥ္ကေတာ့ Nokia 9 ထက္ပိုေကာင္းတဲ့ဖုန္းျဖစ္မယ္လို႔ ေဖာ္ျပျပီးသားပါ။ Nokia 8 Pro က 5.5-inch screen ျဖစ္ႏုိင္ျပီး သူ႔ထက္နည္းနည္းပိုၾကီးတဲ့ 5.7 inch display ဖုန္းကေတာ့ Nokia 9 ျဖစ္မွာပါ။ အတြင္း specification အျပည့္အစံုကိုေတာ့ ခုခ်ိန္ထိအတည္မျပဳရေသးတဲ့အတြက္ ေသခ်ာမေျပာႏုိင္ေသးပါဘူး။

ဒါေပမယ့္ ကင္မရာ၅လံုးပါမယ္လို႔ နာမည္ၾကီးေနတဲ့ Nokia 9 ဖုန္းကေတာ့ ေရာင္းအားသြက္ေစမယ့္အဓိကဖုန္းတစ္လံုးျဖစ္လာမွာပါ။ Nokia 8 Pro မွာေတာ့ ကင္မရာ၅လံုး ပါမွာမဟုတ္ပါဘူး။ သတင္းေတြကေတာ့ Nokia 9 ဟာ in-display fingerprint sensor ကိုသံုးထားမယ့္ HMD ရဲ႕ပထမဆံုးဖုန္းတစ္လံုးျဖစ္မယ္လို႔ ဆိုထားပါတယ္။ ဖုန္း၂လံုးလံုးမွာ Snapdragon 845 processor သံုးမွာေတာ့ တူေပမယ့္ memory ပမာဏပဲကြာသြားမယ္ထင္ပါတယ္။

ေစ်းႏႈန္းကေတာ့ Nokia 9 လည္း ဒီႏွစ္ထြက္တဲ့ တျခား flagship ဖုန္းေတြ (Samsung Galaxy S9) နဲ႔အတူတူေလာက္ပဲျဖစ္မွာပါ။ Nokia 8 Pro ကေတာ့ ေစ်းပိုသက္သာပါလိမ့္မယ္။

HMD ကေတာ့ Nokia 8 Pro ကိုၾသဂုတ္လမွာမိတ္ဆက္ဖို႔စီစဥ္ထားျပီး Nokia 9 ကေတာ့ 8 Pro ထြက္ျပီးေနာက္၁လမွာ ထြက္လာမွာပါ။

Ref: PhoneArena

[Unicode]

HMD to launch two new flagships this year, Nokia 9 and Nokia 8 Pro incoming? HMD Global ကတော့ MWC 2018 ပွဲမှာ ပါဝင်ပြသခဲ့ပြီးဖြစ်ပေမယ့် Nokia ဆီကနေ စိတ်လှုပ်ရှားစရာလေးတွေ ကျန်နေပါသေးတယ်။ Nokia 8 Sirocco ဆိုတာကလည်း ကုမ္ပဏီရဲ့ ပူပူနွေးနွေး flagship ဖုန်းလေးဖြစ်ပြီး ဒီနှစ်နှစ်ကုန်ထိဆို နောက်ထပ် ထိပ်တန်းဖုန်း၂လုံးထွက်ဖို့ရှိနေပါသေးတယ်။

တကယ်လို့ Nokia 8 Sirocco မှာ ကင်မရာပိုင်းရော တစ်ခြားအချက်တွေမှာပါ လိုနေသေးတယ်လို့ထင်ရင်တော့ HMD က Nokia 8 Pro နဲ့ Nokia 9 တို့ကိုမိတ်ဆက်လာဖို့ပြင်နေပါပြီ။

HMD က ဘာနာမည်သုံးမယ်ဆိုတာ မသိသေးပေမယ့်လည်း ကုမ္ပဏီရဲ့အစီအစဉ်ကတော့ Nokia 9 ထက်ပိုကောင်းတဲ့ဖုန်းဖြစ်မယ်လို့ ဖော်ပြပြီးသားပါ။ Nokia 8 Pro က 5.5-inch screen ဖြစ်နိုင်ပြီး သူ့ထက်နည်းနည်းပိုကြီးတဲ့ 5.7-inch display ဖုန်းကတော့ Nokia 9 ဖြစ်မှာပါ။ အတွင်း specification အပြည့်အစုံကိုတော့ ခုချိန်ထိအတည်မပြုရသေးတဲ့အတွက် သေချာမပြောနိုင်သေးပါဘူး။

ဒါပေမယ့် ကင်မရာ၅လုံးပါမယ်လို့ နာမည်ကြီးနေတဲ့ Nokia 9 ဖုန်းကတော့ ရောင်းအားသွက်စေမယ့်အဓိကဖုန်းတစ်လုံးဖြစ်လာမှာပါ။ Nokia 8 Pro မှာတော့ ကင်မရာ၅လုံး ပါမှာမဟုတ်ပါဘူး။ သတင်းတွေကတော့ Nokia 9 ဟာ in-display fingerprint sensor ကိုသုံးထားမယ့် HMD ရဲ့ပထမဆုံးဖုန်းတစ်လုံးဖြစ်မယ်လို့ ဆိုထားပါတယ်။ ဖုန်း၂လုံးလုံးမှာ Snapdragon 845 processor သုံးမှာတော့ တူပေမယ့် memory ပမာဏပဲကွာသွားမယ်ထင်ပါတယ်။

ဈေးနှုန်းကတော့ Nokia 9 လည်း ဒီနှစ်ထွက်တဲ့ တခြား flagship ဖုန်းတွေ (Samsung Galaxy S9) နဲ့အတူတူလောက်ပဲဖြစ်မှာပါ။ Nokia 8 Pro ကတော့ ဈေးပိုသက်သာပါလိမ့်မယ်။

HMD ကတော့ Nokia 8 Pro ကိုသြဂုတ်လမှာမိတ်ဆက်ဖို့စီစဉ်ထားပြီး Nokia 9 ကတော့ 8 Pro ထွက်ပြီးနောက်၁လမှာ ထွက်လာမှာပါ။

Ref: PhoneArena

You may be interested

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
81 shares36 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္
Apple, Gadgets, NEWS
40 shares24 views

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္

Nigma - Mar 25, 2019

Apple ပိုင္တဲ့ Beats က ႀကိဳးလုံးဝမပါေတာ့မယ့္ Powerbeats earbuds နားၾကပ္အသစ္ကို ဧၿပီလအတြင္း မိတ္ဆက္သြားေတာ့မွာ ျဖစ္ပါတယ္။ အရင္ Powerbeats Wireless ေတြတုန္းကလည္း ႀကိဳးမဲ့နားၾကပ္ဆိုေပမယ့္ နားၾကပ္ႏွစ္ဖက္ကို ခ်ိတ္ဆက္ထားေတာ့ ႀကိဳးေတာ့ ပါရွိပါေသးတယ္။ အသစ္ထြက္မယ့္ Powerbeats က…

Leave a Comment

Most from this category