79 Shares 23 Views

Microsoft က မ်က္မျမင္မ်ားကို လမ္းေလွ်ာက္ရာမွာ ကူညီေပးမယ့္ App ကို ျဖန္႔ခ်ီ

Mar 05, 2018
79 23

Microsoft က အေမရိကန္နဲ႔ ၿဗိတိန္မွ iOS Users မ်ားအတြက္ Soundscape App ကုိ ျဖန္႔ခ်ီေပးလိုက္ပါတယ္။ အျမင္အာရံု မေကာင္းသူမ်ား၊ မ်က္မျမင္မ်ားအတြက္ ေနအိမ္ အျပင္ဘက္မွာ လမ္းေလွ်ာက္ ရာမွာ သူက အသံျဖင့္ လမ္းညႊန္ေပးႏုိင္ပါတယ္။ Microsoft က အဲဒီ App ကို ေလးႏွစ္နီးပါး တီထြင္ခဲ့ရပါတယ္။

သူက သင့္ရဲ႕ တည္ေနရာနဲ႔ ပတ္၀န္းက်င္မွ အရာမ်ားကို အခ်ိန္နဲ႔ တစ္ေျပးညီ ေျပာျပေပးႏုိင္ပါတယ္။ စာၾကည့္တိုက္၊ စားေသာက္ဆိုင္လို သင္သြားမယ့္ တည္ေနရာကို ေရာက္ေအာင္ လမ္းညႊန္ေပးနုိင္ပါတယ္။ သူ႔ကို နားၾကပ္တစ္ခုနဲ႔ တြဲဖက္ အသံုးျပဳရမွာ ျဖစ္ပါတယ္။ သင္ျဖတ္သြားတဲ့ လမ္း အမည္မ်ား၊ အေဆာက္အဦးမ်ားကို နားၾကပ္ကေန အသံထြက္ ဖတ္ျပေပးမွာ ျဖစ္ပါတယ္။

လက္ရွိမွာ အေမရိကန္နဲ႔ ၿဗိတိန္ မွာသာ ျဖန္႔ခ်ီေပးထားေပမယ့္ Users မ်ားရဲ႕ တုန္႔ျပန္မႈမ်ားကို ေစာင့္ၾကည့္မွာ ျဖစ္ၿပီး ပိုမို ေကာင္းမြန္ေအာင္ ဖန္တီးမွာ ျဖစ္ပါတယ္။ ကမာၻအ၀န္းမွ အျမင္အာရံု မေကာင္းသူ သန္း ၃၀၀ ေက်ာ္အတြက္ အနာဂတ္မွာ App ကို ျဖန္႔ခ်ီေပးဖို႔ ရည္ရြယ္ထားပါတယ္။

မ်က္မျမင္မ်ား၊ အျမင္အာရံု မေကာင္းသူမ်ားကို အမွီအခို ကင္းစြာ ရပ္တည္ႏုိင္ေအာင္ အားေပး ကူညီေနတဲ့ အဖြဲ႕အစည္းမ်ား ျဖစ္တဲ့ Guide Dogs UK , Guide Dogs for the Blind , LightHouse for the Blind တို႔နဲ႔ Microsoft က ပူးေပါင္း၍ App ကို ဖန္တီးထားတာ ျဖစ္ပါတယ္။ App ကို သီးျခား အသံုးျပဳႏုိင္သလို တည္ေနရာ လမ္းညႊန္တဲ့ ကိရိယာမ်ား၊ လမ္းျပ တိရိစာၦန္မ်ားနဲ႔ပါ တြဲဖက္ သံုးႏုိင္ပါတယ္။

Ref : tnw

Microsoft က မျက်မမြင်များကို လမ်းလျှောက်ရာမှာ ကူညီပေးမယ့် App ကို ဖြန့်ချီ

Microsoft က အမေရိကန်နဲ့ ဗြိတိန်မှ iOS Users များအတွက် Soundscape App ကို ဖြန့်ချီပေးလိုက်ပါတယ်။ အမြင်အာရုံ မကောင်းသူများ၊ မျက်မမြင်များအတွက် နေအိမ် အပြင်ဘက်မှာ လမ်းလျှောက် ရာမှာ သူက အသံဖြင့် လမ်းညွှန်ပေးနိုင်ပါတယ်။ Microsoft က အဲဒီ App ကို လေးနှစ်နီးပါး တီထွင်ခဲ့ရပါတယ်။

သူက သင့်ရဲ့ တည်နေရာနဲ့ ပတ်ဝန်းကျင်မှ အရာများကို အချိန်နဲ့ တစ်ပြေးညီ ပြောပြပေးနိုင်ပါတယ်။ စာကြည့်တိုက်၊ စားသောက်ဆိုင်လို သင်သွားမယ့် တည်နေရာကို ရောက်အောင် လမ်းညွှန်ပေးနိုင်ပါတယ်။ သူ့ကို နားကြပ်တစ်ခုနဲ့ တွဲဖက် အသုံးပြုရမှာ ဖြစ်ပါတယ်။ သင်ဖြတ်သွားတဲ့ လမ်း အမည်များ၊ အဆောက်အဦးများကို နားကြပ်ကနေ အသံထွက် ဖတ်ပြပေးမှာ ဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်နဲ့ ဗြိတိန် မှာသာ ဖြန့်ချီပေးထားပေမယ့် Users များရဲ့ တုန့်ပြန်မှုများကို စောင့်ကြည့်မှာ ဖြစ်ပြီး ပိုမို ကောင်းမွန်အောင် ဖန်တီးမှာ ဖြစ်ပါတယ်။ ကမ္ဘာအဝန်းမှ အမြင်အာရုံ မကောင်းသူ သန်း ၃၀၀ ကျော်အတွက် အနာဂတ်မှာ App ကို ဖြန့်ချီပေးဖို့ ရည်ရွယ်ထားပါတယ်။

မျက်မမြင်များ၊ အမြင်အာရုံ မကောင်းသူများကို အမှီအခို ကင်းစွာ ရပ်တည်နိုင်အောင် အားပေး ကူညီနေတဲ့ အဖွဲ့အစည်းများ ဖြစ်တဲ့ Guide Dogs UK , Guide Dogs for the Blind , LightHouse for the Blind တို့နဲ့ Microsoft က ပူးပေါင်း၍ App ကို ဖန်တီးထားတာ ဖြစ်ပါတယ်။ App ကို သီးခြား အသုံးပြုနိုင်သလို တည်နေရာ လမ်းညွှန်တဲ့ ကိရိယာများ၊ လမ်းပြ တိရိစ္ဆာန်များနဲ့ပါ တွဲဖက် သုံးနိုင်ပါတယ်။

Ref : tnw

You may be interested

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini
Apple, Mobiles & Tablets, NEWS
0 shares0 views

အသစ္ ထြက္ရွိလာတဲ့ 10.5-inch iPad Air နဲ႔ 7.9-inch iPad mini

Nigma - Mar 19, 2019

Apple က iPad ေမာ္ဒယ္သစ္ႏွစ္မ်ိဳးကို တိတ္တဆိတ္ မိတ္ဆက္လိုက္ပါတယ္။ တတိယမ်ိဳးဆက္ 10.5-inch iPad Air နဲ႔ ပၪၥမမ်ိဳးဆက္ 7.9-inch iPad mini ပါ။ iPad Air အသစ္မွာ 10.5-inch Retina Display အသစ္…

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
243 shares160 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
102 shares157 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Leave a Comment

Most from this category