134 Shares 66 Views

ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ား

Mar 04, 2018
134 66

လူေတြရဲ႕ ေန႔စဥ္ လူေနမႈဘ၀ကို အေထာက္အကူ ျပဳေပးတဲ့ Gadgets မ်ားစြာ ဒီေန႔ေခတ္မွာ ေပၚထြက္လာၾကပါၿပီ။ Gadgets for this week က႑အတြက္ ဒီတစ္ပတ္အတြက္ အေကာင္းဆံုး Gadgets မ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

Wallet Drone

Wallet Drone ဟာ ကမာၻ႕ အေသးငယ္ဆံုး ပန္ကာေလးလံုးတပ္ ဒရုန္း ျဖစ္ပါတယ္။ သူ႔ကို ထိန္းခ်ဳပ္ရတဲ့ Controller ဟာ ပိုက္ဆံ အိတ္ အရြယ္သာ ရွိပါတယ္။ ဒရုန္းနဲ႔ Controller ကို သြားေလရာယူေဆာင္သြားဖို႔ အဆင္ေျပပါတယ္။ သူ႔ကို USB Port ကေန အားသြင္းႏုိင္ပါတယ္။ သူ႔ကို ေနအိမ္ျပင္ပမွာသာမက ေနအိမ္ထဲမွာလည္း ပ်ံသန္းေမာင္းႏွင္ႏုိင္ပါတယ္။ ၃၅ ေဒၚလာသာ တန္ေၾကးရွိပါတယ္။

Loop Personal Photo Display

Loop က သင့္ရဲ႕ စမတ္ဖုန္း၊ တက္ဘလက္မ်ားမွ ဓါတ္ပံုနဲ႔ ဗီဒီယိုမ်ားကို ျပသေပးႏုိင္ပါတယ္။ Photo Stand လုိ သေဘာမ်ိဳး ျဖစ္ပါတယ္။ သူက ၀ိုင္ဖုိင္ ဆက္သြယ္မႈျဖင့္ သင့္ စမတ္ဖုန္းနဲ႔ တက္ဘလက္မ်ားမွ ဓါတ္ပံု၊ ဗီဒီယိုမ်ားကို ရယူျခင္း ျဖစ္ပါတယ္။ သူ႔မွာ သင့္ ဓါတ္ပံုနဲ႔ ဗီဒီယိုမ်ားကို Channel မ်ားျဖင့္ ခြဲျခား သိမ္းဆည္းေပးထားပါတယ္။ စမတ္ဖုန္းမွ Loop App မွာ အဲဒါေတြကို စီမံခန္႔ခြဲႏုိင္ၿပီး သင္ ျပသေစခ်င္တဲ့ အရာမ်ားကို ေရြးခ်ယ္ႏုိင္ပါတယ္။ Caption မ်ားကိုလည္း ဓါတ္ပံုမ်ားမွာ ထည့္သြင္း ျပသႏုိင္ပါတယ္။ သူ႔မွာ ျပသဖို႔အတြက္ သင့္ မိသားစုနဲ႔ သူငယ္ခ်င္းမ်ားကို ဖိတ္ေခၚႏုိင္ပါတယ္။ သူက Video Call မ်ားကိုလည္း ျပသႏုိင္ပါတယ္။ ၂၄၉ ေဒၚလာ တန္ေၾကးရွိပါတယ္။

Bagel Smart Tape Measure

Bagel Smart Tape Measure ဟာ စမတ္ ေပႀကိဳး ျဖစ္ပါတယ္။ သူက ဒစ္ဂ်စ္တယ္နည္းျဖင့္ တိုင္းတာၿပီး အတိုင္းအတာမ်ားကို သင္က လြယ္ကူစြာ စီမံခန္႔ခြဲႏုိင္ပါတယ္။ သူနဲ႔ တြဲဖက္ အသံုးျပဳရတဲ့ Smartphone App မွာ သမားရိုးက်တိုင္းတာတဲ့ String Mode ၊ အကြာအေ၀းမ်ား တိုင္းတာတဲ့ Wheel Mode နဲ႔ ေလဆာေရာင္ျခည္ျဖင့္ တိုင္းတာတဲ့ Remote Mode စတဲ့ Mode သံုးခုပါပါတယ္။ သင္ႏွစ္သက္တဲ့ Mode ျဖင့္ တိုင္းတာၿပီးတာနဲ႔ အတိုင္းအတာမ်ားကို သိမ္းဆည္းဖို႔ Save Button ကို နွိပ္ရမွာ ျဖစ္ပါတယ္။ အတိုင္းအတာတစ္ခုမွာ သင္ဘာကို တိုင္းတာသလဲဆိုတာကို အသံမွတ္စုမ်ားျဖင့္ မွတ္သားထားႏုိင္ပါတယ္။ App ကို အသံုးျပဳရတာ အလြန္လြယ္ကူပါတယ္။ တိုင္းတာထားတာေတြကို စကၠန္႔ပိုင္းအတြင္ ရွာေဖြႏုိင္ပါတယ္။ ၈၉ ေဒၚလာ သတ္မွတ္ထားပါတယ္။

Ricoh Theta S – 360-Degree Spherical Digital Camera

Ricoh Theta S က အရည္အေသြးျမင့္ ၃၆၀ ဒီဂရီ ဓါတ္ပံုနဲ႔ ဗီဒီယိုမ်ားကို ရိုက္ကူးေပးႏုိင္ပါတယ္။ တစ္စကၠန္႔လွ်င္ ၃၀ ဖရိမ္ႏႈန္းျဖင့္ Full HD Video မ်ားကို ၂၅ မိနစ္ၾကာ ေတာက္ေလွ်ာက္ ရိုက္ကူးႏုိင္ပါတယ္။ သူ႔မွာ 8GB Internal Storage ထည့္သြင္းထားပါတယ္။ သူ႔ကို USB or HDMI မ်ားကေန စမတ္ဖုန္းနဲ႔ ခ်ိတ္ဆက္ႏုိင္ၿပီး Live Streaming မ်ားကို လူမႈကြန္ရက္မ်ားမွာ ထုတ္လႊင့္နုိင္ပါတယ္။ Manual Control System လည္း သူ႔မွာ ပါပါတယ္။ Photo Mode နဲ႔ Video Mode ကို လ ွ်င္ျမန္စြာ ေျပာင္းဖို႔အတြက္ ခလုတ္တစ္ခု ထည့္သြင္းေပးထားပါတယ္။ ၂၉၉.၉၉ ေဒၚလာ သတ္မွတ္ထားပါတယ္။

Ref : gadgetflow

unicode

ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များ
လူတွေရဲ့ နေ့စဉ် လူနေမှုဘဝကို အထောက်အကူ ပြုပေးတဲ့ Gadgets များစွာ ဒီနေ့ခေတ်မှာ ပေါ်ထွက်လာကြပါပြီ။ Gadgets for this week ကဏ္ဍအတွက် ဒီတစ်ပတ်အတွက် အကောင်းဆုံး Gadgets များကို ဖော်ပြပေးလိုက်ပါတယ်။

Wallet Drone

Wallet Drone ဟာ ကမ္ဘာ့ အသေးငယ်ဆုံး ပန်ကာလေးလုံးတပ် ဒရုန်း ဖြစ်ပါတယ်။ သူ့ကို ထိန်းချုပ်ရတဲ့ Controller ဟာ ပိုက်ဆံ အိတ် အရွယ်သာ ရှိပါတယ်။ ဒရုန်းနဲ့ Controller ကို သွားလေရာယူဆောင်သွားဖို့ အဆင်ပြေပါတယ်။ သူ့ကို USB Port ကနေ အားသွင်းနိုင်ပါတယ်။ သူ့ကို နေအိမ်ပြင်ပမှာသာမက နေအိမ်ထဲမှာလည်း ပျံသန်းမောင်းနှင်နိုင်ပါတယ်။ ၃၅ ဒေါ်လာသာ တန်ကြေးရှိပါတယ်။

Loop Personal Photo Display

Loop က သင့်ရဲ့ စမတ်ဖုန်း၊ တက်ဘလက်များမှ ဓါတ်ပုံနဲ့ ဗီဒီယိုများကို ပြသပေးနိုင်ပါတယ်။ Photo Stand လို သဘောမျိုး ဖြစ်ပါတယ်။ သူက ဝိုင်ဖိုင် ဆက်သွယ်မှုဖြင့် သင့် စမတ်ဖုန်းနဲ့ တက်ဘလက်များမှ ဓါတ်ပုံ၊ ဗီဒီယိုများကို ရယူခြင်း ဖြစ်ပါတယ်။ သူ့မှာ သင့် ဓါတ်ပုံနဲ့ ဗီဒီယိုများကို Channel များဖြင့် ခွဲခြား သိမ်းဆည်းပေးထားပါတယ်။ စမတ်ဖုန်းမှ Loop App မှာ အဲဒါတွေကို စီမံခန့်ခွဲနိုင်ပြီး သင် ပြသစေချင်တဲ့ အရာများကို ရွေးချယ်နိုင်ပါတယ်။ Caption များကိုလည်း ဓါတ်ပုံများမှာ ထည့်သွင်း ပြသနိုင်ပါတယ်။ သူ့မှာ ပြသဖို့အတွက် သင့် မိသားစုနဲ့ သူငယ်ချင်းများကို ဖိတ်ခေါ်နိုင်ပါတယ်။ သူက Video Call များကိုလည်း ပြသနိုင်ပါတယ်။ ၂၄၉ ဒေါ်လာ တန်ကြေးရှိပါတယ်။

Bagel Smart Tape Measure

Bagel Smart Tape Measure ဟာ စမတ် ပေကြိုး ဖြစ်ပါတယ်။ သူက ဒစ်ဂျစ်တယ်နည်းဖြင့် တိုင်းတာပြီး အတိုင်းအတာများကို သင်က လွယ်ကူစွာ စီမံခန့်ခွဲနိုင်ပါတယ်။ သူနဲ့ တွဲဖက် အသုံးပြုရတဲ့ Smartphone App မှာ သမားရိုးကျတိုင်းတာတဲ့ String Mode ၊ အကွာအဝေးများ တိုင်းတာတဲ့ Wheel Mode နဲ့ လေဆာရောင်ခြည်ဖြင့် တိုင်းတာတဲ့ Remote Mode စတဲ့ Mode သုံးခုပါပါတယ်။ သင်နှစ်သက်တဲ့ Mode ဖြင့် တိုင်းတာပြီးတာနဲ့ အတိုင်းအတာများကို သိမ်းဆည်းဖို့ Save Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။ အတိုင်းအတာတစ်ခုမှာ သင်ဘာကို တိုင်းတာသလဲဆိုတာကို အသံမှတ်စုများဖြင့် မှတ်သားထားနိုင်ပါတယ်။ App ကို အသုံးပြုရတာ အလွန်လွယ်ကူပါတယ်။ တိုင်းတာထားတာတွေကို စက္ကန့်ပိုင်းအတွင် ရှာဖွေနိုင်ပါတယ်။ ၈၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ricoh Theta S – 360-Degree Spherical Digital Camera

Ricoh Theta S က အရည်အသွေးမြင့် ၃၆၀ ဒီဂရီ ဓါတ်ပုံနဲ့ ဗီဒီယိုများကို ရိုက်ကူးပေးနိုင်ပါတယ်။ တစ်စက္ကန့်လျှင် ၃၀ ဖရိမ်နှုန်းဖြင့် Full HD Video များကို ၂၅ မိနစ်ကြာ တောက်လျှောက် ရိုက်ကူးနိုင်ပါတယ်။ သူ့မှာ 8GB Internal Storage ထည့်သွင်းထားပါတယ်။ သူ့ကို USB or HDMI များကနေ စမတ်ဖုန်းနဲ့ ချိတ်ဆက်နိုင်ပြီး Live Streaming များကို လူမှုကွန်ရက်များမှာ ထုတ်လွှင့်နိုင်ပါတယ်။ Manual Control System လည်း သူ့မှာ ပါပါတယ်။ Photo Mode နဲ့ Video Mode ကို လ ျှင်မြန်စွာ ပြောင်းဖို့အတွက် ခလုတ်တစ်ခု ထည့်သွင်းပေးထားပါတယ်။ ၂၉၉.၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gadgetflow

You may be interested

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
0 shares0 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
75 shares143 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္
Local, Local News, Mobiles & Tablets
87 shares33 views

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္

Ko Ko PR - Mar 19, 2019

ဆန္းသစ္လွပသည့္ Vivo V15 Pro စမတ္ဖုန္းကို မိတ္ဆက္ၿပီးသည့္ေနာက္ Vivo Myanmar မွ Vivo V15 ကို ထပ္မံ ျဖန္႔ခ်ီေတာ့မည္ျဖစ္သည္။ ယခင္ V15Pro ကဲ့သို႔ ဆန္းသစ္လွပေသာ ျမင့္တက္ပြင့္ထြက္လာသည့္ ေရွ႕ကင္မရာ၊ ၆.၅၃ လက္မ ရွိမွန္သားျပင္အျပည့္မ်က္ႏွာျပင္…

Leave a Comment

Most from this category