651 Shares 134 Views


Mar 04, 2018
651 134





Ref : gsmarena

unicode

Samsung Galaxy S9 နဲ့ Galaxy A8 Enterprise Edition များကို ဂျာမနီမှာ ရောင်းချ

Samsung က သူ့ရဲ့ တန်ဖိုးကြီး စမတ်ဖုန်းများရဲ့ Enterprise Edition များကို ထုတ်လုပ်ရောင်းချပေးလေ့ရှိပါတယ်။ Enterprise Edition များမှာ လုံခြုံရေး အထူးပြု ဆော့ဖ်ဝဲ ထည့်သွင်းထားပြီး စီးပွားရေးလုပ်ငန်းသုံးဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ ယခင်နှစ်ကလည်း Galaxy S8 Enterprise Edition များကို ရောင်းချပေးခဲ့ပါတယ်။

အခုလည်း Galaxy S9 နဲ့ Galaxy A8 Enterprise Edition များကို ဂျာမနီမှာ ရောင်းချပေးလိုက်ပါတယ်။ Galaxy S9 Enterprise Edition ကို ဂျာမနီမှာ ဧပြီလတွင် စတင် ရောင်းချပေးမှာ ဖြစ်ပြီး ၁၀၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Galaxy A8 Enterprise Edition ကို ၅၅၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Enterprise Edition များမှာ လုံခြုံရေး ဆော့ဖ်ဝဲ ဖြစ်တဲ့ Knox Configure (Dynamic Edition ) နဲ့ Enterprise Firmware ကို သုံးနှစ်ကြာ ရရှိမှာ ဖြစ်ပါတယ်။ IT Administrators များက Samsung Knox Configure ကို အသုံးပြု၍ ဖုန်းများရဲ့ ဆက်တင်များကို အဝေးကနေ ပြောင်းလဲနိုင်ပါတယ်။ ဆက်တင်များ ပြောင်းခြင်း၊ ကုမ္ပဏီလိုဂိုကို သတ်မှတ်ခြင်း၊ စွမ်းရည်များကို ကန့်သတ်ခြင်း၊ Business App များကို ထည့်သွင်းခြင်းများကို ပြုလုပ်နိုင်ပါတယ်။

Enterprise Edition များမှာ လစဉ် Security Updates များ ကို ရရှိမှာ ဖြစ်ပါတယ်။ နှစ်နှစ်ကြာ Warranty ကို ရရှိမှာ ဖြစ်ပါတယ်။ အခြား Spec အပိုင်းမှာတော့ မူလမော်ဒယ်များနဲ့ တူညီကြပါတယ်။

Ref : gsmarena

You may be interested

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
93 shares21 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung
Samsung
119 shares18 views

မိုဘိုင်းဖုန်းများအတွက် 8GB LPDDR5 DRAM တွေကို ထုတ်လုပ်တော့မယ့် Samsung

Tha Ra - Jul 18, 2018

[Zawgyi] Samsung အနေနဲ့ 8GB LPDDR5 DRAM Chip အကြောင်းတွေကို မနေ့ ညနေတုန်းက ကြေငြာခဲ့တာ ဖြစ်ပါတယ်။ 8GB LPDDR5 တွေဟာ ကုမ္ပဏီရဲ့ ပထမဦးဆုံး 10nm အမျိုးအစား Chip များ ဖြစ်သလို 5G…

Xiaomi က ဇူလိုင်လ ၂၄ ရက်နေ့မှာ Mi A2 Lite ကို မိတ်ဆက်မယ်လို့ အတည်ပြု
Android, HUBS, Mobiles & Tablets
107 shares117 views

Xiaomi က ဇူလိုင်လ ၂၄ ရက်နေ့မှာ Mi A2 Lite ကို မိတ်ဆက်မယ်လို့ အတည်ပြု

Ko Thuya - Jul 18, 2018

ရှောင်မီက တွစ်တာအကောင့်ကနေ Mi A2 ရဲ့ သတင်းအချက်အလက်များကို အရိပ်အမြွက် ပြသနေပါတယ်။ အခုတော့ Mi A2 နဲ့အတူ Mi A2 Lite ကိုပါ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ပထမ Tweet မှာ “ 2…

Leave a Comment

Most from this category