135 Shares 36 Views

ပြာတိုရီကိုမွာ လွ်ပ္စစ္မီး ျပန္ရေအာင္ ဒရုန္းမ်ားက ကူညီေပးေန

Mar 04, 2018
135 36

ဒရုန္းမ်ားကို ဓါတ္ပံုနဲ႔ ဗီဒီယိုမ်ား ရိုက္ကူးျခင္း၊ စံုစမ္းေထာက္လွမ္းျခင္း၊ ကုန္ပစၥည္းမ်ား သယ္ယူပို႔ေဆာင္ျခင္းမ်ားအတြက္ အဓိက အသံုးျပဳေနၾကပါတယ္။ အခုေတာ့ ပြာတိုရီကိုမွာ လွ်ပ္စစ္မီး ျပန္လည္ ရရွိေအာင္ ဒရုန္းမ်ားက ကူညီေပးေနပါတယ္။

ပြာတိုရီကိုဟာ ယခင္ႏွစ္ ေဆာင္းရာသီမွာ တိုက္ခတ္ခဲ့တဲ့ ဟာရီကိန္း မာရီယာေၾကာင့္ လွ်ပ္စစ္ ဓါတ္အားလိုင္းမ်ား ျပတ္ေတာက္တဲ့ ဒဏ္ကို ခံေနရပါတယ္။ တယ္လီဖုန္းလိုင္းမ်ား၊ အင္တာနက္ လိုင္းမ်ားလည္း တစ္ႏိုင္ငံလံုး အတိုင္းအတာျဖင့္ ျပတ္ေတာက္ေနၾကပါတယ္။

ေျမာက္ကယ္ရိုလိုင္းနား အေျခစိုက္ Duke Energy ဟာ ဇန္န၀ါရီလ ၁၄ ရက္ေန႔ကတည္းက ပြာတိုရီကိုွမွာ အလုပ္သမား ၂၀၀ ျဖင့္ ကူညီကယ္ဆယ္ေရး လုပ္ငန္းမ်ားကို ေဆာင္ရြက္ေပးေနပါတယ္။ သူတို႔ဟာ ဒရုန္း ငါးစီးနဲ႔ ယာဥ္ေမာင္းလိုင္စင္ရ လူႏွစ္ဦးကို အသံုးျပဳ၍ ျပတ္ေတာက္ေနတဲ့ ဓါတ္အားလိုင္းမ်ားကို ရွာေဖြျခင္းမ်ားကို ျပဳလုပ္ေနပါတယ္။ ဒရုန္းမ်ားက ဓါတ္အားလိုင္းမ်ားကို သြယ္တန္းေပးျခင္းကိုပါ ျပဳလုပ္ေပးေနပါတယ္။

ဒရုန္းမ်ားက ဓါတ္အားလိုင္းမ်ားကို ပိုမို လွ်င္ျမန္စြာ ရွာေဖြေပးႏုိင္ပါတယ္။ အဲဒီအတြက္ ဒရုန္းမ်ားဟာ အခ်ိန္နဲ႔ ေငြေၾကး ကုန္က်မႈကို သက္သာေစပါတယ္။ ဒါ့အျပင္ ဒရုန္းမ်ားေၾကာင့္ လူသားမ်ားဟာ ဓါတ္လိုက္မႈမ်ား မျဖစ္ေစေတာ့ပါဘူး။ အလုပ္သမားမ်ား ဓါတ္တိုင္ အျမင့္ကို တက္ဖို႔လည္း မလိုအပ္ေတာ့ပါဘူး။

Duke Energy ဟာ AceCore Technologies ထံမွ Zoe Models မ်ားကို အသံုးျပဳေနၾကပါတယ္။ ပန္ကာ ေလးခုပါတဲ့ ဒရုန္းမ်ား ျဖစ္ၿပီး ေဒၚလာ ၁၅ ၀၀၀ တန္ေၾကးရွိပါတယ္။ ဒရုန္းမ်ားဟာ ၂၆ ေပါင္ အေလးခ်ိန္ကို သယ္ေဆာင္ႏုိင္ၿပီး ၄၀ မိနစ္ၾကာ ပ်ံသန္းႏုိင္ပါတယ္။ ဓါတ္အားလိုင္းမ်ားကို ရွာေဖြေပးဖို႔ ကင္မရာမ်ား တပ္ဆင္ထားပါတယ္။

Ref : wired

unicode

ပွာတိုရီကိုမှာ လျှပ်စစ်မီး ပြန်ရအောင် ဒရုန်းများက ကူညီပေးနေ

ဒရုန်းများကို ဓါတ်ပုံနဲ့ ဗီဒီယိုများ ရိုက်ကူးခြင်း၊ စုံစမ်းထောက်လှမ်းခြင်း၊ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ခြင်းများအတွက် အဓိက အသုံးပြုနေကြပါတယ်။ အခုတော့ ပွာတိုရီကိုမှာ လျှပ်စစ်မီး ပြန်လည် ရရှိအောင် ဒရုန်းများက ကူညီပေးနေပါတယ်။

ပွာတိုရီကိုဟာ ယခင်နှစ် ဆောင်းရာသီမှာ တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း မာရီယာကြောင့် လျှပ်စစ် ဓါတ်အားလိုင်းများ ပြတ်တောက်တဲ့ ဒဏ်ကို ခံနေရပါတယ်။ တယ်လီဖုန်းလိုင်းများ၊ အင်တာနက် လိုင်းများလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြတ်တောက်နေကြပါတယ်။

မြောက်ကယ်ရိုလိုင်းနား အခြေစိုက် Duke Energy ဟာ ဇန်နဝါရီလ ၁၄ ရက်နေ့ကတည်းက ပွာတိုရီကိုှမှာ အလုပ်သမား ၂၀၀ ဖြင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေပါတယ်။ သူတို့ဟာ ဒရုန်း ငါးစီးနဲ့ ယာဉ်မောင်းလိုင်စင်ရ လူနှစ်ဦးကို အသုံးပြု၍ ပြတ်တောက်နေတဲ့ ဓါတ်အားလိုင်းများကို ရှာဖွေခြင်းများကို ပြုလုပ်နေပါတယ်။ ဒရုန်းများက ဓါတ်အားလိုင်းများကို သွယ်တန်းပေးခြင်းကိုပါ ပြုလုပ်ပေးနေပါတယ်။

ဒရုန်းများက ဓါတ်အားလိုင်းများကို ပိုမို လျှင်မြန်စွာ ရှာဖွေပေးနိုင်ပါတယ်။ အဲဒီအတွက် ဒရုန်းများဟာ အချိန်နဲ့ ငွေကြေး ကုန်ကျမှုကို သက်သာစေပါတယ်။ ဒါ့အပြင် ဒရုန်းများကြောင့် လူသားများဟာ ဓါတ်လိုက်မှုများ မဖြစ်စေတော့ပါဘူး။ အလုပ်သမားများ ဓါတ်တိုင် အမြင့်ကို တက်ဖို့လည်း မလိုအပ်တော့ပါဘူး။

Duke Energy ဟာ AceCore Technologies ထံမှ Zoe Models များကို အသုံးပြုနေကြပါတယ်။ ပန်ကာ လေးခုပါတဲ့ ဒရုန်းများ ဖြစ်ပြီး ဒေါ်လာ ၁၅ ၀၀၀ တန်ကြေးရှိပါတယ်။ ဒရုန်းများဟာ ၂၆ ပေါင် အလေးချိန်ကို သယ်ဆောင်နိုင်ပြီး ၄၀ မိနစ်ကြာ ပျံသန်းနိုင်ပါတယ်။ ဓါတ်အားလိုင်းများကို ရှာဖွေပေးဖို့ ကင်မရာများ တပ်ဆင်ထားပါတယ်။

Ref : wired

You may be interested

IP67 , IP68 ေရစိုခံ စံႏႈန္း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
260 shares28 views

IP67 , IP68 ေရစိုခံ စံႏႈန္း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီေန႔ေခတ္ စမတ္ဖုန္းမ်ားဟာ ေရစိုခံတယ္လို႔ ထုတ္လုပ္ေရာင္းခ်တဲ့ ကုမၸဏီမ်ားက ေၾကာ္ညာေနၾကပါတယ္။ ဒါေပမယ့္ ေရစိုခံစံႏႈန္းမ်ားစြာ ရွိတဲ့အတြက္ သင့္ စမတ္ဖုန္းဟာ ဘယ္ေလာက္အထိေရစိုခံသလဲဆိုတာ ေလ့လာထားဖုိ႔ လိုအပ္ပါတယ္။ IP ရဲ႕ အဓိပၸါယ္ IP ရဲ႕ အရွည္ဟာ Ingress Protection ျဖစ္ၿပီး…

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ေနာက္ဆံုးထုတ္ OxygenOS Open Beta မွာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ေနာက္ဆံုးထုတ္ OxygenOS Open Beta မွာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ႔ 5T တုိ႔ရဲ႕ ယခင္ထြက္ခဲ့တဲ့ OxygenOS Open Beta မွာ Project Treble ပါလာခဲ့ပါတယ္။ ယခုေနာက္ဆံုးထုတ္ ဗားရွင္းမွာလည္း လုပ္ေဆာင္ခ်က္ အသစ္မ်ား ပါလာပါတယ္။ OnePlus 5 ရဲ႕ OxygenOS Open…

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?
FEATURES
257 shares45 views

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန္တီးရတာေတာ္ေတာ္လည္းရႈပ္ေထြးတဲ့အလုပ္တစ္ခုျဖစ္သလို ကိုယ့္အေနနဲ႔ အေသးစိတ္ၾကီးနားလည္ေနဖုိ႔လည္းမလိုပါဘူး။ အခုရိွျပီးသား သိဉာဏ္တုနည္းပညာအမ်ားစုကေတာ့ လူေတြရဲ႕ဦးေႏွာက္လိုပဲ ေကာင္းေကာင္းခန္႔မွန္းတြက္ခ်က္ႏုိင္ပါတယ္။ ဒီလိုတြက္ခ်က္ဖို႔အတြက္ ေဒတာေတြေျမာက္မ်ားစြာထည့္သြင္းရျပီး လူေတြသိတဲ့အရာေတြကေန Model တစ္ခုတည္ေဆာက္ခိုင္း၊ လူေတြမသိတဲ့အရာေတြကို ခန္႔မွန္းခိုင္းလို႔ရႏုိင္ပါတယ္။ ဒီ AI န႔ဲ တျခားကြန္ပ်ဴတာပရိုဂရမ္ေတြနဲ႔ လံုးဝမတူတ့ဲတစ္ခ်က္ကေတာ့…

Leave a Comment

Most from this category