435 Shares 175 Views


Mar 04, 2018
435 175





Ref : theverge

unicode

Apple က ဈေးသက်သာတဲ့ MacBook Air ကို ဒီနှစ်မှာ ရောင်းနိုင်

Apple ဟာ ပြီးခဲ့တဲ့ နှစ်များအတွင်းမှာ အလွန်ပါးလွှာတဲ့ MacBook Air များကို ထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။ အဲဒီ MacBook Air များဟာ အလွန် စွဲဆောင်မှု ရှိပေမယ့် ဈေးနှုန်း အလွန် ကြီးမြင့်ပါတယ်။ အခုတော့ Apple အရေး ကျွမ်းကျင်တဲ့ KGI Securities မှ ခွဲခြမ်းစိတ်ဖြာသူများက Apple ဟာ ၂၀၁၈ ခုနှစ် ဒုတိယ ကွာတားမှာ တန်ဖိုးသက်သာတဲ့ MacBook Air Model များကို ရောင်းချဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ အဲဒီအတွက် လာမယ့် လအနည်းငယ်အတွင်းမှာ သူတို့ကို တွေ့မြင်ရဖွယ်ရှိနေပါတယ်။

KGI Securities မှ ခွဲခြမ်းစိတ်ဖြာသူ Ming-Chi Kuo က Apple ဟာ ယခုနှစ်မှာ တန်ဖိုးနည်းပါးတဲ့ ၁၃ လက်မ အရွယ်အစား MacBook Air ကို ထုတ်လုပ်ရောင်းချမယ်လို့ ထင်ရပြီး အဲဒီ တန်ဖိုးနည်းမော်ဒယ်ဟာ ကုမ္ပဏီရဲ့ လက်တော့ ရောင်းအားကို အလွန် တိုးတက်စေမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ ဒီနှစ်မှာ ကုမ္ပဏီရဲ့ လက်တော့ ရောင်းအားဟာ ၁၀ ကနေ ၁၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ပါတယ်။ သူက Apple ဟာ AirPods အသစ်များကိုပါ မိတ်ဆက်မယ်လို့ ပြောပါတယ်။

MacBook Air အသစ်များရဲ့ သတင်းအချက်အလက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ကုမ္ပဏီက လက်ရှိမှာ ၁၃ လက်မ MacBook Air ကို ၉၉၉ ဒေါ်လာဖြင့် ရောင်းချပေးနေပါတယ်။ သူဟာ ကောလိပ်ကျောင်းသားများအကြားမှာ ရေပန်းစားပါတယ်။

ယခုနှစ်မှာ မိတ်ဆက်မယ့် iPhones များထဲမှာ ကုမ္ပဏီဟာ တန်ဖိုးနည်း ၆.၁ လက်မမော်ဒယ်ကို အထူး အာရုံစိုက်ထားမယ်လို့ Kuo က ယခင်က ဟောကိန်းထုတ်ထားခဲ့ဖူးပါတယ်။ အိုင်ဖုန်း အစိတ်အပိုင်းများ ပံ့ပိုးပေးတဲ့ Unimicron , Wistron , Pegatron တို့အတွက် ဒီနှစ်ဟာ ရောင်းအား ကောင်းမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

Ref : theverge

You may be interested

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
260 shares28 views

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
257 shares45 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

Leave a Comment

Most from this category