154 Shares 47 Views


Mar 04, 2018
154 47





Ref : gsmarena

unicode

၂၀၁၇ ခုနှစ်မှာ စမတ်နာရီ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့တဲ့ Apple

Apple ဟာ ယခင်နှစ်မှာ ရောင်းအား အကောင်းဆုံး စမတ်နာရီ ထုတ်လုပ်သူ ဖြစ်ခဲ့တယ်လို့ သုတေသနစစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။ စစ်တမ်း ကောက်ယူသူက IDC ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တစ်ခုလုံးနဲ့ အဲဒီနှစ်ရဲ့ နောက်ဆုံးကွာတားမှာ Apple Watch ဟာ ရောင်းအား အကောင်းဆုံး စမတ်နာရီ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Apple ဟာ ၂၀၁၆ ခုနှစ် စတုတ္ထကွာတားမှာ အလုံးရေ ၅.၁ သန်းသာ ရောင်းချနိုင်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ် အဲဒီကွာတားမှာ ၈ သန်းအထိ တိုးတက်ရောင်းချလာနိုင်ခဲ့ပါတယ်။ စတုတ္ထကွာတားမှာ Apple ဟာ ၂၀၁၆ ခုနှစ်မှာ ဈေးကွက်ဝေစု ၁၄.၄ ရာခိုင်နှုန်းကိုသာ ပိုင်ဆိုင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ဈေးကွက်ဝေစု ၂၁ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တစ်နှစ်လုံးအတွက်တော့ Apple ဟာ အလုံးရေ ၁၇.၇ သန်းနဲ့ ၂၀၁၆ ခုနှစ်မှာ အလုံးရေ ၁၁.၃ သန်း ရောင်းချနိုင်ခဲ့ပါတယ်။

အပေါ်က ကိန်းဂဏန်းများဟာ စမတ်နာရီ အပြင် စမတ်လက်ပတ်လို ချပ်ဝတ်တန်ဆာ ကွန်ပြူတာများလည်း ပါဝင်ပါတယ်။ Apple ကတော့ စမတ်နာရီသာ ထုတ်လုပ် ရောင်းချပြီး အခြား ကုမ္ပဏီများကတော့ စမတ် နာရီသာမက အခြား ချပ်ဝတ်တန်ဆာကွန်ပြူတာများကိုပါ ထုတ်လုပ်ရောင်းချပေးနေကြပါတယ်။

စမတ်နာရီ တစ်မျိုးထဲကိုသာ စစ်တမ်းကောက်ယူမယ်ဆိုရင် ၂၀၁၇ ခုနှစ်မှာ Apple ဟာ စမတ်နာရီ ဈေးကွက်ရဲ့ ထက်ဝက်ကို အုပ်စိုးထားတယ်လို့ သိရပါတယ်။ စမတ်နာရီဆိုရင် လူတွေက Apple Watch ကိုသာ နှစ်သက်ကြတယ်လို့ စစ်တမ်းက ဖော်ပြထားပါတယ်။

Ref : gsmarena

You may be interested

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Android, FEATURES, HUBS
63 shares17 views

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10

Ko Thuya - Dec 13, 2018

စမတ်ဖုန်းများကို စွယ်စုံသုံး ကိရိယာများ အဖြစ် ဖန်တီးလာကြပါတယ်။ အချို့ စမတ်ဖုန်းများမှာ Infrared Sensor ကို ထည့်ပေးထားပြီး တီဗီ၊ လေအေးပေးစက်လို အီလက်ထရောနစ် ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။ Windows , Mac Computer များကို ထိန်းချုပ်နိုင်တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Android, HUBS, Mobiles & Tablets
194 shares47 views

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress ပွဲ မတိုင်ခင် လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ Galaxy S10 , S10+ နဲ့…

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Apple, HUBS, Mobiles & Tablets
786 shares213 views

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင်နှစ်ထုတ် iPhone X နဲ့ ဒီနှစ်ထုတ် iPhone XS , XS Max များအတွက် OLED Panels များကို ပံ့ပိုးပေးထားပါတယ်။ အဲဒီ မျက်နှာပြင်များရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ အလွန်များပါတယ်။ အဲဒီအတွက်…

Leave a Comment

Most from this category