251 Shares 167 Views
Mar 03, 2018
251 167
YouTube
uTorrent Remote
Unified Remote
Ref : makeuseof
unicode
Android Phone ကို Remote Control အဖြစ်အသုံးချနည်းများ
သင့် Android Phone ဟာ ဖုန်းပြောဖို့တစ်ခုတည်း အတွက်ပဲသုံးလို့ရတာမဟုတ်ပါဘူး။ Apps တွေကို အသုံးပြုပြီး သင့် ကွန်ပြူတာ က Video Playback တွေ ၊ Smart TV တွေကိုထိန်းချုပ်လို့ရပါတယ်။ သင့် ကွန်ပြူတာက Download Manager App ကို Download လုပ်ဖို့ခိုင်းစေနိုင်ပါတယ်။ YouTube က Video တွေကို ထိန်းချုပ်နိုင်ပါတယ်။သင့် ကွန်ပြူတာ တစ်ခုလုံး ကိုလည်း ထိန်းချုပ်နိုင်ပါတယ်။ Wireless Devices တွေနဲ့မော်တော်ကားတွေကို ပါ ထိန်းချုပ်နိုင်ပါသေးတယ်။
YouTube
သင့် ကွန်ပြူတာကနေပဲဖြစ်ဖြစ်၊ Smart TV ကနေပဲဖြစ်ဖြစ် YouTube ကြည့်တဲ့ အခါမှာ Android Phone ကနေ ထိန်းချုပ်နိုင်အောင် Google ကပြုလုပ်ပေးထားပါတယ်။ Google ရဲ့ YouTube Remote app ကိုသုံးနိုင်ပါတယ်။အဲဒီ App သုံးစရာမလိုဘဲလည်း YouTube app ကနေလည်း ထိန်းချုပ်လို့ရပါတယ်။
ဒီလိုလုပ်ဖို့ youtube.com/leanback ကို ကွန်ပြူတာ ရဲ့Browser ကနေ ဖွင့်ပါ။ Gear Icon ကိုနှိပ်ပြီး Pair Device ကိုနှိပ်ပြီး Code ရယူပါ။
Android Phone က YouTube app ကိုဖွင့်ပြီး Menu Button ကိုနှိပ်ပါ။ Settings ကိုနှိပ်ပြီး Connected TVs ကိုဖွင့်ပါ။ Add a TV ကိုနှိပ်ပါ။ ရယူထားတဲ့ Code ကိုထည့်ပါ။ ဒါဆိုရင် သင့် Android Phone ကနေ ကွန်ပြူတာ၊ Smart TV က YouTube Video တွေကို ရွေးချယ်ကြည့်နိုင်ပါပြီ။ YouTube App ကနေ ဗီဒီယိုများ ရွေးချယ်၍ ကွန်ပြူတာနဲ့ စမတ်တီဗီမှာ ကြည့်နိုင်ပါတယ်။ YouTube App ကနေ ဗီဒီယို တွေကို Pause , Resume စတာတွေလုပ်နိုင်ပါတယ်။
Android Tablet က YouTube Video တွေကို Android Phone ကနေ Control လုပ်ချင်ရင် CheapCast app ကိုသုံးနိုင်ပါတယ်။
uTorrent Remote
Torrent ဖိုင်တွေကို ဒေါင်းလုပ်လုပ်ပေးတဲ့ Torrent Downloader or Torrent Client App ဖြစ်တဲ့ uTorrent ကို Android ဖုန်းကနေထိန်းချုပ်ဖို့ uTorrent Remote ဆိုတဲ့ Android App ကိုသုံးနိုင်ပါတယ်။ uTorrent Remote ကနေ သင့်ကွန်ပြူတာက uTorrent ကို ဒေါင်းလုပ် လုပ်ခိုင်းလို့ရပါတယ်။
သင့် ကွန်ပြူတာမှာ ဒေါင်းလုပ် လုပ်ပြီးတဲ့ဖိုင်ကိုလည်း uTorrent Remote ကနေ ပြန်ပြီး ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
ဒီလိုလုပ်ဖို့အတွက် သင့် ကွန်ပြူတာက uTorrent ကိုဖွင့်ပါ။ Preference ကိုဖွင့်ပြီး Remote ကိုနှိပ်ပါ။ Remote Access ကို Enable လုပ်ပြီး ကွန်ပြူတာရဲ့Username , Password ထည့်ပေးပါ။ uTorrent Remote မှာလည်း အဲဒီ Username , Password ဖြည့်ပေးပါ။
Media Player တွေကို Control လုပ်ပါ။
နာမည်ကြီး Free Media Player တွေဖြစ်တဲ့ GOM, VLC တို့က သူတို့ရဲ့ Player တွေကို Android Phone ကနေ ထိန်းချုပ်ဖို့အတွက် App တွေပြုလုပ်ပေးထားပါတယ်။ GOM Remote App က GOM Player ကို ထိန်းချုပ်နိုင်ပါတယ်။ VLC Media Player Remote ဆိုတဲ့ Android App က VLC ရဲ့ Playback တွေကို Play,Pause, Volume Control စတာတွေကို ပြုလုပ်နိုင်ပါတယ်။
သင့်ကွန်ပြူတာက VLC မှာ VLC’s HTTP Interface ကို Enable လုပ်ထားဖို့လိုပါတယ်။
Unified Remote
သင့် Android Phone မှာ Unified Remote ကို အင်စတောလုပ်ထားရင်တော့ Windows Computer ကို သင့်ဖုန်းကနေ ထိန်းချုပ်နိုင်ပါပြီ။ Phone ရဲ့Touch Screen ကို Mouse , Keyboard အနေနဲ့သုံးလို့ရပါတယ်။ Media Playback တွေကိုထိန်းဖို့ပြုလုပ်နိုင်သလို ဖိုင်တွေကိုလည်း Manage လုပ်နိုင်ပါတယ်။
သင့် ကွန်ပြူတာမှာလည်း Unified Remote Server App ကို အင်စတောလုပ်ထားဖို့လိုပါတယ်။ သင့်ကွန်ပြူတာ နဲ့ဖုန်း နှစ်မျိုးစလုံးက Local Network တစ်ခုထဲမှာရှိရမှာဖြစ်ပြီး အလွယ်တကူချိတ်ဆက်နိုင်ပါတယ်။
Windows 8 PC တွေကို ထိန်းချုပ်ဖို့အတွက်သီးသန့်ပြုလုပ်ထားတဲ့ Windows 8 Controller ဆိုတဲ့ Android App အကြောင်းကိုလည်း အသေးစိတ်ရေးပေးထားပြီးလေ့လာနိုင်ပါတယ်။
TeamViewer Remote Desktop
Unified Remote, Windows 8 Conroller တို့က သင့်ကွန်ပြူတာ ရဲ့ အနီးအနားကနေပဲထိန်းချုပ်ပေးနိုင်တာပါ။ သင့်ကွန်ပြူတာကို အဝေးတစ်နေရာကနေထိန်းချုပ်ဖို့အတွက်တော့ နာမည်ကြီး TeamViewer ကိုသုံးနိုင်ပါတယ်။
TeamViewer for Windows ကို အင်စတောလုပ်ပြီးရင် ကုတ် တစ်ခု ရပါမယ်။အဲဒီကုတ် ကို Android ဖုန်း က TeamViewer App မှာထည့်ပေးရမှာပါ။ ဒါဆိုရင် သင့်ကွန်ပြူတာကို ဖုန်းကနေ Control လုပ်လို့ရပါပြီ။
အပေါ်မှာဖော်ပြခဲ့တာတွေက အနည်းအကျဉ်းပဲရှိသေးပြီး DSLR Camera, BMW ကားတွေကို ထိန်းချုပ်လို့ရတဲ့ Android App တွေလည်းရှိပါသေးတယ်။ သင့် ရဲ့Wireless Device တွေကို Android Phone ကနေ ထိန်းချုပ်ဖို့အတွက် Google Play Store ကနေ Apps တွေရှာဖွေနိုင်ပါတယ်။
Ref : makeuseof
You may be interested
Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Android, FEATURES, HUBS
63 shares17 views
Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Ko Thuya - Dec 13, 2018
စမတ်ဖုန်းများကို စွယ်စုံသုံး ကိရိယာများ အဖြစ် ဖန်တီးလာကြပါတယ်။ အချို့ စမတ်ဖုန်းများမှာ Infrared Sensor ကို ထည့်ပေးထားပြီး တီဗီ၊ လေအေးပေးစက်လို အီလက်ထရောနစ် ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။ Windows , Mac Computer များကို ထိန်းချုပ်နိုင်တဲ့ App…
Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Android, HUBS, Mobiles & Tablets
194 shares47 views
Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Ko Thuya - Dec 13, 2018
Samsung Galaxy S10 ကို ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress ပွဲ မတိုင်ခင် လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ Galaxy S10 , S10+ နဲ့…
ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Apple, HUBS, Mobiles & Tablets
786 shares213 views
ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Ko Thuya - Dec 13, 2018
Samsung ဟာ ယခင်နှစ်ထုတ် iPhone X နဲ့ ဒီနှစ်ထုတ် iPhone XS , XS Max များအတွက် OLED Panels များကို ပံ့ပိုးပေးထားပါတယ်။ အဲဒီ မျက်နှာပြင်များရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ အလွန်များပါတယ်။ အဲဒီအတွက်…
Leave a Comment
Most from this category