94 Shares 35 Views


Mar 03, 2018
94 35





Download

• App version: 1.01
• App size: 350 MB

Ref : androidpit

unicode

စွန့်စားခန်းနဲ့ ပဟေဌိများကို ပေါင်းစပ်ထားတဲ့ Morphite (Android Game)

Morphite ဟာ Android အတွက် မကြာခင်ကမှ ထွက်ရှိထားတဲ့ ဂိမ်း ဖြစ်ပါတယ်။ စွန့်စားခန်း၊ စူးစမ်းလေ့လာမှုနဲ့ ပဟေဌိများကို ပေါင်းစပ်ထားတဲ့ ဂိမ်း ဖြစ်ပါတယ်။ သူ့မှာ Polygon Graphics ကို အသုံးပြုထား တဲ့အတွက် အဆင့်အတန်း နိမ့်တယ်လို့ ပြောနိုင်ပေမယ့် လှပပါတယ်။ ဇာတ်လမ်းသွားကလည်း ကောင်းမွန်ပါတယ်။

Morphite မှာ သင်ဟာ အာကာသ စူးစမ်းလေ့လာသူ Myrah ဇာတ်ကောင်နေရာကနေ ကစားရမှာ ဖြစ်ပါတယ်။ ဂြိုလ်သားများကို ရှာဖွေခြင်း၊ သယံဇာတများကို စူးစမ်းလေ့လာခြင်းများကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ သူဟာ No Man’s Sky Game နဲ့ ဆင်တူပေမယ့် ဂြိုလ်တစ်ခုထဲမှာပဲ စူးစမ်းလေ့လာရတာ ဖြစ်ပြီး ဂြိုလ်များအကြားမှာ သွားလာရတာ မဟုတ်ပါဘူး။ စူးစမ်းလေ့လာရတဲ့ ပတ်ဝန်းကျင်ဟာ အနည်းငယ် ကျဉ်းမြောင်းတဲ့အတွက် အပျော်တမ်း အဆင့်လောက်သာ ရှိပါတယ်။

ဂိမ်းမှာ လက်နက်များနဲ့ ဂြိုလ်သားများကို တိုက်ခိုက်ရပေမယ့် အက်ရှင် ဂိမ်း အကြီးစားတော့ မဟုတ်ပါဘူး။ သူ့မှာ အဓိက အားဖြင့် ဂြိုလ်သားများရဲ့ သဘာ၀ ပတ်ဝန်းကျင်ကို လေ့လာခြင်း၊ ရှုခင်းများကို ခံစားခြင်းများကို ပြုလုပ်ရတာ ဖြစ်ပါတယ်။

ဂြိုလ်သားများကို တိုက်ခိုက်ခြင်း၊ ပဟေဌိများကို အဖြေရှာခြင်းများ အပြင် ဇာတ်လမ်းအရ သင့်ရဲ့ အာကာသယာဉ်၊ လက်နက်များကို အဆင့်မြှင့်ရပါတယ်။ သူ့ကို အခမဲ့ ကစားနိုင်ပေမယ့် ဇာတ်လမ်း အပြည့်ကိုတော့ In-App Purchase ကနေ ဝယ်ယူ ကစားရမှာ ဖြစ်ပါတယ်။

Download
• App version: 1.01
• App size: 350 MB
• Compatibility: Android 4.4 and up
• Price: Free demo, IAP to unlock full story

Ref : androidpit

You may be interested

အသစ် ထွက်ရှိလာတဲ့ 10.5-inch iPad Air နဲ့ 7.9-inch iPad mini
Apple, Mobiles & Tablets, NEWS
0 shares0 views

အသစ် ထွက်ရှိလာတဲ့ 10.5-inch iPad Air နဲ့ 7.9-inch iPad mini

Nigma - Mar 19, 2019

Apple က iPad မော်ဒယ်သစ်နှစ်မျိုးကို တိတ်တဆိတ် မိတ်ဆက်လိုက်ပါတယ်။ တတိယမျိုးဆက် 10.5-inch iPad Air နဲ့ ပဉ္စမမျိုးဆက် 7.9-inch iPad mini ပါ။ iPad Air အသစ်မှာ 10.5-inch Retina Display အသစ်…

ဖိအားသိ AMOLED Display နဲ့ Black Shark 2 ဂိမ်းမင်းဖုန်းကို Xiaomi မိတ်ဆက်
Mobiles & Tablets, NEWS
243 shares160 views

ဖိအားသိ AMOLED Display နဲ့ Black Shark 2 ဂိမ်းမင်းဖုန်းကို Xiaomi မိတ်ဆက်

Nigma - Mar 19, 2019

ယနေ့မှာ Xiaomi က မျိုးဆက်သစ် Black Shark 2 ဂိမ်းမင်းဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ ပထမ Black Shark ဖုန်းက နာမည်ကောင်းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည်း သေချာပေါက် လူကြိုက်များမယ့် ဖုန်းတလုံးပါ။ Black…

OPPO က တန်ဖိုးနည်း A5s ကို ကြေညာ
Android, HUBS, Mobiles & Tablets
102 shares157 views

OPPO က တန်ဖိုးနည်း A5s ကို ကြေညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ့ အမွှာတစ်ယောက် ထွက်ပေါ်လာပါတယ်။ သူကတော့ OPPO A5s ဖြစ်ပါတယ်။ အချို့ နိုင်ငံများမှာ သူ့ကို AX5 , AX5s အမည်များနဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ AX5 မှာ Helio P35 နဲ့…

Leave a Comment

Most from this category