206 Shares 60 Views


Mar 03, 2018
206 60




Ref : gizmodo

unicode

Phone, Laptop ကို အားသွင်းပေးနိုင်သလို ကားစက်နှိုးပေးမယ့် Battery Pack

ကားစက်ကိုတောင် နှိုးပေးနိုင်တဲ့ Battery Pack များကို မြင်တွေ့ခဲ့ကြရပြီးပါပြီ။ လက်တော့နဲ့ ဂိမ်းစက်များကိုလည်း အားသွင်းပေးနိုင်တဲ့ Battery Pack များလည်းထွက်ပေါ်ခဲ့ပြီးပါပြီ။ အခုတော့ အဲဒီ အလုပ်နှစ်ခုစလုံးကို လုပ်ပေးနိုင်တဲ့ Battery Pack တစ်ခု ပေါ်ထွက်လာပါတယ်။ သူဟာ Phone, Laptop ကို အားသွင်းပေးနိုင်သလို ကားစက်နှိုးပေးနိုင်ပါတယ်။

iClever က ထုတ်လုပ်ထားခြင်း ဖြစ်ပြီး 20 000mAh Battery Pack ဖြစ်ပါတယ်။ သူ့မှာ USB-C Port ကနေ 30W စွမ်းအင်အထိ ပို့ဆောင်ပေးနိုင်ပါတယ်။ ၁၂ လက်မ အရွယ် အစား ရှိတဲ့ MacBook ကို အမြန်နှုန်း အပြည့်ဖြင့် အားသွင်းပေးနိုင်ပါတယ်။ သင် ကစားနေစဉ် Portable Mode ဖြင့် သင့်ရဲ့ Nintendo Switch ဂိမ်းစက်ကို အားသွင်းပေးနိုင်ပါတယ်။ စမတ်ဖုန်းနဲ့ အခြား ကိရိယာများအတွက် သမားရိုးကျ USB Ports နှစ်ခုကိုလည်း ထည့်သွင်းပေးထားပြီး တစ်ခုမှာ လျှင်မြန်စွာ အားသွင်းနိုင်တဲ့ Quick Charge 3.0 ပါပါတယ်။

သူ့မှာ ဖြုတ်တပ်နိုင်တဲ့ Jumper Cables များ ပါပြီး ကားဘက်ထရီကို ထောက်နှိုးပေးနိုင်ပါတယ်။ 800A အဆင့် သတ်မှတ်ထားတဲ့အတွက် 8L အထိ ရှိတဲ့ ပုံမှန်ကား အင်ဂျင်များကို ထောက်ပံ့ပါတယ်။ ( ဒီဇယ်ကားဆိုရင် 6.5L အထိ ထောက်ပံ့ပါတယ်။ ) ၇၂ ဒေါ်လာ သတ်မှတ်ထားတဲ့အတွက် မြန်မာငွေ ၉၀ ၀၀၀ ကျော် ကျသင့်နိုင်ပါတယ်။

Ref : gizmodo

You may be interested

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10
Android, FEATURES, HUBS
63 shares17 views

Windows 10 ကို Android ကနေ ထိန်းချုပ်ပေးမယ့် Controller for Win10

Ko Thuya - Dec 13, 2018

စမတ်ဖုန်းများကို စွယ်စုံသုံး ကိရိယာများ အဖြစ် ဖန်တီးလာကြပါတယ်။ အချို့ စမတ်ဖုန်းများမှာ Infrared Sensor ကို ထည့်ပေးထားပြီး တီဗီ၊ လေအေးပေးစက်လို အီလက်ထရောနစ် ကိရိယာများကို ထိန်းချုပ်နိုင်ပါတယ်။ Windows , Mac Computer များကို ထိန်းချုပ်နိုင်တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်
Android, HUBS, Mobiles & Tablets
194 shares47 views

Samsung Galaxy S10 ဟာ ၁၇၆၅ ဒေါ်လာ အထိ ရှိနိုင်

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမှာ ကျင်းပမယ့် Mobile World Congress ပွဲ မတိုင်ခင် လာမယ့်နှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကြေညာမှာ ဖြစ်တယ်လို့ သတင်းထွက်လာပါတယ်။ Galaxy S10 , S10+ နဲ့…

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ
Apple, HUBS, Mobiles & Tablets
786 shares213 views

ပိုမို ပါးလွှာ ၊ ပေါ့ပါး လာမယ့် ၂၀၁၉ ခုနှစ်ထုတ် iPhone Display များ

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင်နှစ်ထုတ် iPhone X နဲ့ ဒီနှစ်ထုတ် iPhone XS , XS Max များအတွက် OLED Panels များကို ပံ့ပိုးပေးထားပါတယ်။ အဲဒီ မျက်နှာပြင်များရဲ့ ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ အလွန်များပါတယ်။ အဲဒီအတွက်…

Leave a Comment

Most from this category