312 Shares 109 Views


Mar 03, 2018
312 109





Ref : theverge

unicode

ဖုန်းပြော၊ စာပို့ပဲ လုပ်နိုင်မယ့် Light Phone 2

ယခင်နှစ်က ထုတ်လုပ်ရောင်းချခဲ့တဲ့ Light Phone ဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်က ခေတ်ပေါ် စမတ်ဖုန်းများရဲ့ အင်တာနက်၊ အီးမေး၊ ကင်မရာ စတဲ့ ရှုပ်ထွေးများပြားတဲ့ ဖန်ရှင်များကို ဖယ်ရှားထားပြီး ဖုန်းပြောဖို့အတွက်သာ ရည်ရွယ်ပါတယ်တဲ့။ အရွယ်အစားက သေးငယ် ပေါ့ပါးပါတယ်။ သွားလေရာယူဆောင်သွားဖို့လည်း အဆင်ပြေပါတယ်။

အခုတော့ သူ့ရဲ့ မျိုးဆက် ဖြစ်တဲ့ Light Phone 2 ပေါ်လာတော့မှာ ဖြစ်ပါတယ်။ သူဟာ ယခင်မော်ဒယ်နဲ့ ဒီဇိုင်းတူညီပေမယ့် ဂဏန်းဆယ်လုံးပါတဲ့ Number Pad အစား E-Ink Touchscreen ကို အစားထိုးထားပါတယ်။ 4G နဲ့ စာပို့တဲ့ စွမ်းရည်ပါလာပါတယ်။

Light Phone 2 ဟာလည်း ရိုးရှင်းစွာ ဖုန်းအသုံးပြုချင်သူများအတွက် ဒီဇိုင်းထုတ်ထားပေမယ့် ဖန်ရှင် အနည်းငယ်ထည့်သွင်းဖို့ စီစဉ်နေပါတယ်။ အခြေခံ မြေပုံ၊ သီချင်း ၊ Uber လို တက္ကစီ ကုမ္ပဏီမှ အငှားယာဉ်များကို ခေါ်ခြင်းတို့လို ဖန်ရှင်များ ဖြစ်ပါတယ်။

Light Phone 2 ရဲ့ Specifications , Features, Hardware များကို အပြီးသတ် ဖန်တီးနေတဲ့ အဆင့်မှာ ရောက်နေပြီး ၂၀၁၉ ခုနှစ် ဧပြီလ မတိုင်ခင်အထိတော့ ရောင်းချမယ့်ပုံ မပေါ်ပါဘူး။ သူ့ကို ထုတ်လုပ်ရောင်းချဖို့အတွက် Indiegogo ဝက်ဆိုက်မှာ ရန်ပုံငွေ ကောက်ခံနေပါတယ်။ ၂၂၅ ဒေါ်လာ ထည့်ဝင်ထားရင် ရောင်းချချိန်မှာ အထူးလျှော့ဈေး ဒေါ်လာ ၄၀၀ ဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref : theverge

You may be interested

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
0 shares0 views

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
157 shares36 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

Leave a Comment

Most from this category