168 Shares 32 Views
Mar 03, 2018
168 32
Ref : theverge
unicode
Toyota က မောင်းသူမဲ့ ကား ဆော့ဖ်ဝဲအတွက် ကုမ္ပဏီ အသစ်ကို တည်ထောင်
တိုယိုတာက Toyota Research Institute-Advanced Development, or TRI-AD လို့ အမည်ပေးထားတဲ့ ကုမ္ပဏီအသစ်တစ်ခုကို တည်ထောင်လိုက်ပါတယ်။ သူက မော်တော်ကား အစိတ်အပိုင်း ထုတ်လုပ်သူ Aisin Seiki , Denso တို့နဲ့ ပူးပေါင်း၍ တည်ထောင်ခြင်း ဖြစ်ပါတယ်။ ကုမ္ပဏီများဟာ လာမယ့် နှစ်များအတွင်းမှာ ကုမ္ပဏီ အသစ်မှာ ဒေါ်လာ ၂.၈ ဘီလီယမ်ကို ရင်းနှီးမြှပ်နှံမှာ ဖြစ်ပြီး မောင်းသူမဲ့ ကားများအတွက် ဆော့ဖ်ဝဲများကို တီထွင်ဖို့ ဝန်ထမ်း ၁၀၀၀ ဝန်းကျင်ကို ခန့်ထားမှာ ဖြစ်ပါတယ်။
တိုယိုတာရဲ့ TRI-AD ကို တိုကျိုမှာ ရုံးစိုက်ထားပါတယ်။ TRI-AD က ဖန်တီးထားတဲ့ ဆော့ဖ်ဝဲများကို Toyota Research Institution (TRI) ရဲ့ ဆော့ဖ်ဝဲများနဲ့ ပေါင်းစပ် ကြမှာ ဖြစ်ပါတယ်။ TRI ကို ၂၀၁၅ ခုနှစ်တွင် မြောက်အမေရိကမှာ တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ TRI-AD ဟာ TRI နဲ့ အမွှာ ကုမ္ပဏီလို့လည်း ပြောနိုင်ပါတယ်။
တိုယိုတာက မောင်းသူမဲ့ ကားများ၊ စက်ရုပ်များအတွက် ဉာဏ်ရည်တု နည်းပညာများကို TRI ကနေ တီထွင်ခဲ့ပြီး TRI ကို ဦးဆောင်ဖို့ DARPA Robotics Challenge မှ ခေါင်းဆောင်ဟောင်းတစ်ဦးကို ငှားရမ်းထားပါတယ်။ TRI ဟာ မောင်းသူမဲ့ ကားနဲ့ ယာဉ်မောင်းသူများအား အထောက်အကူပြုတဲ့ နည်းပညာ စတဲ့ နယ်ပယ်နှစ်ခုကို အဓိကထား ဖန်တီးနေခဲ့ပါတယ်။
ကားထုတ်လုပ်သူများဟာ စွမ်းရည်ပြည့် မောင်းသူမဲ့ ကားများကို အောင်မြင်စွာ တီထွင်နိုင်ဖို့ အပြိုင် အဆိုင် ကြိုးစားနေကြပါတယ်။ ကုမ္ပဏီကြီးများဟာ မောင်းသူမဲ့ ကားနည်းပညာ လျှင်မြန်စွာ ခရီးရောက်ဖို့ အတွက် တည်ထောင်ခါစ ကုမ္ပဏီငယ်များကိုလည်း ဝယ်ယူနေကြပါတယ်။
Ref : theverge
You may be interested
မောင်းသူမဲ့ တင့်ကားနဲ့ တိုက်ခိုက်ရေး ဒရုန်းများ ဖန်တီးနေတဲ့ ရုရှား
NEWS, Softwares & Application, Tech Update
0 shares0 views
မောင်းသူမဲ့ တင့်ကားနဲ့ တိုက်ခိုက်ရေး ဒရုန်းများ ဖန်တီးနေတဲ့ ရုရှား
Ko Thuya - Mar 25, 2019
ရုရှားက စက်ရုပ် စစ်သားများကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းကို ဗီဒီယိုတစ်ခုကနေ မျှဝေလိုက်ပါတယ်။ ကရင်မလင်က မျှဝေလိုက်တဲ့ ဗီဒီယိုမှာ ရုရှားရဲ့ နောက်ဆုံးထုတ် ဒရုန်းနည်းပညာကို ပြသထားပါတယ်။ ဒါ့အပြင် မောင်းသူမဲ့ တင့်ကားကို မြင်ရပါတယ်။ တင့်ကားဟာ သူ့ဘေးမှ စစ်သားရဲ့ သေနတ် ချိန်ရွယ်ရာ…
Split Screen ပါတဲ့ Browser ကို iPad အတွက် ထုတ်လုပ်ပေးလိုက်တဲ့ Mozilla Firefox
Ko Thuya - Mar 25, 2019
Mozilla က iPad အတွက် Firefox Browser Version တစ်ခုကို ထုတ်လုပ်ပေးလိုက်ပါတယ်။ အိုင်ပတ်များမှာ အထာကျကျနဲ့ အင်တာနက် ကြည့်နိုင်မှာပါ။ အရွယ်ကြီး အိုင်ပတ်မှာ သုံးလို့ကောင်းအောင် ဒီဇိုင်းထုတ်ထားတဲ့ ဘရောက်စာ ပါ။ Firefox for iPad ကို…
American Airlines က Boeing 737 ကြောင့်တစ်ရက်လျှင် ခရီးစဉ် ၉၀ ဖျက်နေရ
NEWS, Security & Safety, Softwares & Application
141 shares67 views
American Airlines က Boeing 737 ကြောင့်တစ်ရက်လျှင် ခရီးစဉ် ၉၀ ဖျက်နေရ
Ko Thuya - Mar 25, 2019
ပြီးခဲ့တဲ့ ၆ လအတွင်းမှာ Boeing 737 Max 8 လေယာဉ် ၂ စီး ပျက်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ လက အဲဒီ လေယာဉ်အမျိုးအစား တစ်စီးဟာ အင်ဒိုနီးရှား ကမ်းရိုးတန်းမှာ ပျက်ကျခဲ့ပြီး လူပေါင်း ၁၈၉ ဦး…
Leave a Comment
Most from this category