122 Shares 63 Views

သီခ်င္းစာသားမ်ားကို ေဖာ္ျပေပးမယ့္ Genius — Song Lyrics & More (Android App)

Mar 02, 2018
122 63

Genius — Song Lyrics & More ဟာ ကမာၻ႕အႀကီးဆံုး သီခ်င္းစာသားမ်ားကို စုစည္းေပးထားတဲ့ ေနရာျဖစ္ပါတယ္။ App မွာ သီခ်င္းေပါင္း ၁.၇ သန္းေက်ာ္ရဲ႕ စာသားမ်ားကို ရွာေဖြႏုိင္ပါတယ္။ သူ႔ရဲ႕ ထူးျခားခ်က္က သီခ်င္းသံမ်ားကို အာရံုခံႏုိင္ၿပီး အဲဒီသီခ်င္းရဲ႕ စာသားမ်ားနဲ႔ သတင္းအခ်က္အလက္မ်ားကို ျပသေပးႏုိင္တာ ျဖစ္ပါတယ္။ သင့္ဖုန္း ဒါမွမဟုတ္ အျခား ဖုန္း၊ တက္ဘလက္မ်ား၊ တီဗီမ်ား၊ DVD Player မ်ား အပါအ၀င္ ဘယ္လို Device မ်ိဳးကေန မဆို ဖြင့္ထားတဲ့ သီခ်င္းမ်ားကို ခြဲျခမ္းစိတ္ျဖာေပးႏုိင္ၿပီး သီခ်င္းစာသားမ်ားကို ျပသေပးႏုိင္ပါတယ္။ ဒါ့အျပင္ အဲဒီသီခ်င္းရဲ႕ အဆိုေတာ္၊ သီခ်င္းေရးသူ၊ ထုတ္လုပ္သူမ်ားနဲ႔ အျခား သတင္းအခ်က္အလက္မ်ားကိုလည္း ျပသေပးႏုိင္ပါတယ္။ Genius မွာ လူႀကိဳက္မ်ားေနတဲ့ အဆိုေတာ္နဲ႔ သီခ်င္းမ်ားကိုလည္း ပံ့ပိုးေပးထားပါတယ္။ Search Box ကေနလည္း ႏွစ္သက္တဲ့ သီခ်င္းမ်ားကို ရွာေဖြႏုိင္ၿပီး စာသားမ်ားကို ၾကည့္ရႈႏုိင္ပါတယ္။ Genius ဟာ ဖုန္းမွာ သီခ်င္းနားေထာင္ရင္း လိုက္ဆိုခ်င္သူမ်ားအတြက္ အလြန္ အသံုး၀င္ပါတယ္။ Genius မွ သီခ်င္းစာသားမ်ားဟာ ကမာၻအ၀န္းမွ သီခ်င္းခ်စ္သူမ်ား စုေပါင္း ျပဳစုထားတာလည္း ျဖစ္ပါတယ္။

Genius — Song Lyrics & More ကို ပထမဆံုးအႀကိမ္ဖြင့္ရင္ သူ႔ရဲ႕ စြမ္းေဆာင္ခ်က္ေတြကို ျပသမွာျဖစ္ပါတယ္။ ညာဘက္ကေန ဘယ္ဘက္သို႔ ပြတ္ဆြဲၿပီး ၾကည့္ပါ။ ေနာက္အဆင့္မွာေတာ့ အေကာင့္တစ္ခုလုပ္ခုိင္းမွာပါ။ Facebook အေကာင့္နဲ႔ ခ်ိတ္ဆက္ႏုိင္ပါတယ္။ ၿပီးရင္ေတာ့ Genius ရဲ႕ Home Screen ကို ေရာက္ရွိမွာပါ။ သင့္ဖုန္း ဒါမွမဟုတ္ အျခား Device မ်ားကေန ဖြင့္ထားတဲ့ သီခ်င္း စာသားကုို ၾကည့္ခ်င္ရင္ ေအာက္ေျခမွ အသံလိႈင္း ခလုတ္ကို ႏွိပ္ပါ။ Genius ကို ထည့္သြင္းထားတဲ့ ဖုန္းမဟုတ္တဲ့ Devices မ်ားမွ သီခ်င္းမ်ားကို သိခ်င္ရင္ေတာ့ ဖုန္းရဲ႕ မိုက္ကရိုဖုန္းကို သီခ်င္းဖြင့္ထားတဲ့ Device ရဲ႕ စပီကာနားကို ကပ္ထားရမွာျဖစ္ပါတယ္။ Genius ထည့္သြင္းထားတဲ့ ဖုန္းမွ သီခ်င္းမ်ားကို သိခ်င္ရင္ေတာ့ အဲဒီလိုလုပ္စရာမလိုပါဘူး။

ဒါဆိုရင္ Genius က အဲဒီ သီခ်င္းကို အာရံုခံမွာျဖစ္ပါတယ္။ ၿပီးရင္ေတာ့ အဲဒီသီခ်င္းရဲ႕ စာသားကို ျပသေပးမွာျဖစ္ပါတယ္။ သင့္ဖုန္းမွာ သီခ်င္းနားေထာင္ရင္း လိုက္ဆိုႏုိင္ပါၿပီ။ ညာဘက္ေဘးမွ 2 Others > ကို ႏွိပ္ရင္ သီခ်င္းေရးဆရာနဲ႔ ထုတ္လုပ္သူမ်ားကို ျပသေပးမွာျဖစ္ပါတယ္။

ေနာက္သီခ်င္းတစ္ပုဒ္ရဲ႕ စာသားကို သိႏုိင္ဖို႔အတြက္လည္း Home Screen မွ အသံလိႈင္း ခလုတ္ကို ႏွိပ္ပါ။ ဒါဆိုရင္ App က သီခ်င္းကို အာရံုခံမွာ ျဖစ္ပါတယ္။

ၿပီးရင္ေတာ့ အဲဒီသီခ်င္းရဲ႕ စာသားမ်ားကို ျပသေပးမွာ ျဖစ္ပါတယ္။ Genius က ျမန္မာသီခ်င္းမ်ားရဲ႕ စာသားမ်ားကို ျပသေပးႏုိင္ျခင္းမရွိတာကိုေတာ့ သတိျပဳပါ။

Genius ရဲ႕ Home Screen မွာ လူႀကိဳက္မ်ားေနတဲ့ သီခ်င္းမ်ားကို ျပသေပးထားပါတယ္။

ႏွစ္သက္တဲ့ သီခ်င္းတစ္ပုဒ္ကို ႏွိပ္ရင္ အဲဒီသီခ်င္းရဲ႕ စာသားမ်ားကို ျပသေပးမွာျဖစ္ပါတယ္။

အေပၚထိပ္မွ Search Box ကေနလည္း သီခ်င္းမ်ားကို ရွာေဖြႏုိင္ပါေသးတယ္။ အဆိုေတာ္ အမည္နဲ႔ သီခ်င္းအမည္ကို ရိုက္ထည့္လိုက္ရံုပါပဲ။ Genius ဟာ သီခ်င္း ခ်စ္သူမ်ား ႏွစ္သက္မယ့္ Android App ေကာင္းတစ္ခုျဖစ္ပါတယ္။ သီခ်င္း အပုဒ္ေရေပါင္း ၁.၇ သန္းေက်ာ္ရွိတာကလည္း အလြန္မ်ားျပားလွပါတယ္။

စမ္းသပ္္အသံုးျပဳခ်င္ရင္ေတာ့ File Size 24.3MB ရွိၿပီးအသံုးျပဳႏုိင္တဲ့ Android Version ကေတာ့ ကြဲျပားပါတယ္။

Download

Ref : androidpolice

unicode
Genius — Song Lyrics & More
Genius — Song Lyrics & More ဟာ ကမ္ဘာ့အကြီးဆုံး သီချင်းစာသားများကို စုစည်းပေးထားတဲ့ နေရာဖြစ်ပါတယ်။ App မှာ သီချင်းပေါင်း ၁.၇ သန်းကျော်ရဲ့ စာသားများကို ရှာဖွေနိုင်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က သီချင်းသံများကို အာရုံခံနိုင်ပြီး အဲဒီသီချင်းရဲ့ စာသားများနဲ့ သတင်းအချက်အလက်များကို ပြသပေးနိုင်တာ ဖြစ်ပါတယ်။ သင့်ဖုန်း ဒါမှမဟုတ် အခြား ဖုန်း၊ တက်ဘလက်များ၊ တီဗီများ၊ DVD Player များ အပါအဝင် ဘယ်လို Device မျိုးကနေ မဆို ဖွင့်ထားတဲ့ သီချင်းများကို ခွဲခြမ်းစိတ်ဖြာပေးနိုင်ပြီး သီချင်းစာသားများကို ပြသပေးနိုင်ပါတယ်။ ဒါ့အပြင် အဲဒီသီချင်းရဲ့ အဆိုတော်၊ သီချင်းရေးသူ၊ ထုတ်လုပ်သူများနဲ့ အခြား သတင်းအချက်အလက်များကိုလည်း ပြသပေးနိုင်ပါတယ်။ Genius မှာ လူကြိုက်များနေတဲ့ အဆိုတော်နဲ့ သီချင်းများကိုလည်း ပံ့ပိုးပေးထားပါတယ်။ Search Box ကနေလည်း နှစ်သက်တဲ့ သီချင်းများကို ရှာဖွေနိုင်ပြီး စာသားများကို ကြည့်ရှုနိုင်ပါတယ်။ Genius ဟာ ဖုန်းမှာ သီချင်းနားထောင်ရင်း လိုက်ဆိုချင်သူများအတွက် အလွန် အသုံးဝင်ပါတယ်။ Genius မှ သီချင်းစာသားများဟာ ကမ္ဘာအဝန်းမှ သီချင်းချစ်သူများ စုပေါင်း ပြုစုထားတာလည်း ဖြစ်ပါတယ်။

Genius — Song Lyrics & More ကို ပထမဆုံးအကြိမ်ဖွင့်ရင် သူ့ရဲ့ စွမ်းဆောင်ချက်တွေကို ပြသမှာဖြစ်ပါတယ်။ ညာဘက်ကနေ ဘယ်ဘက်သို့ ပွတ်ဆွဲပြီး ကြည့်ပါ။ နောက်အဆင့်မှာတော့ အကောင့်တစ်ခုလုပ်ခိုင်းမှာပါ။ Facebook အကောင့်နဲ့ ချိတ်ဆက်နိုင်ပါတယ်။ ပြီးရင်တော့ Genius ရဲ့ Home Screen ကို ရောက်ရှိမှာပါ။ သင့်ဖုန်း ဒါမှမဟုတ် အခြား Device များကနေ ဖွင့်ထားတဲ့ သီချင်း စာသားကို ကြည့်ချင်ရင် အောက်ခြေမှ အသံလှိုင်း ခလုတ်ကို နှိပ်ပါ။ Genius ကို ထည့်သွင်းထားတဲ့ ဖုန်းမဟုတ်တဲ့ Devices များမှ သီချင်းများကို သိချင်ရင်တော့ ဖုန်းရဲ့ မိုက်ကရိုဖုန်းကို သီချင်းဖွင့်ထားတဲ့ Device ရဲ့ စပီကာနားကို ကပ်ထားရမှာဖြစ်ပါတယ်။ Genius ထည့်သွင်းထားတဲ့ ဖုန်းမှ သီချင်းများကို သိချင်ရင်တော့ အဲဒီလိုလုပ်စရာမလိုပါဘူး။

ဒါဆိုရင် Genius က အဲဒီ သီချင်းကို အာရုံခံမှာဖြစ်ပါတယ်။ ပြီးရင်တော့ အဲဒီသီချင်းရဲ့ စာသားကို ပြသပေးမှာဖြစ်ပါတယ်။ သင့်ဖုန်းမှာ သီချင်းနားထောင်ရင်း လိုက်ဆိုနိုင်ပါပြီ။ ညာဘက်ဘေးမှ 2 Others > ကို နှိပ်ရင် သီချင်းရေးဆရာနဲ့ ထုတ်လုပ်သူများကို ပြသပေးမှာဖြစ်ပါတယ်။

နောက်သီချင်းတစ်ပုဒ်ရဲ့ စာသားကို သိနိုင်ဖို့အတွက်လည်း Home Screen မှ အသံလှိုင်း ခလုတ်ကို နှိပ်ပါ။ ဒါဆိုရင် App က သီချင်းကို အာရုံခံမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ အဲဒီသီချင်းရဲ့ စာသားများကို ပြသပေးမှာ ဖြစ်ပါတယ်။ Genius က မြန်မာသီချင်းများရဲ့ စာသားများကို ပြသပေးနိုင်ခြင်းမရှိတာကိုတော့ သတိပြုပါ။

Genius ရဲ့ Home Screen မှာ လူကြိုက်များနေတဲ့ သီချင်းများကို ပြသပေးထားပါတယ်။

နှစ်သက်တဲ့ သီချင်းတစ်ပုဒ်ကို နှိပ်ရင် အဲဒီသီချင်းရဲ့ စာသားများကို ပြသပေးမှာဖြစ်ပါတယ်။

အပေါ်ထိပ်မှ Search Box ကနေလည်း သီချင်းများကို ရှာဖွေနိုင်ပါသေးတယ်။ အဆိုတော် အမည်နဲ့ သီချင်းအမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။ Genius ဟာ သီချင်း ချစ်သူများ နှစ်သက်မယ့် Android App ကောင်းတစ်ခုဖြစ်ပါတယ်။ သီချင်း အပုဒ်ရေပေါင်း ၁.၇ သန်းကျော်ရှိတာကလည်း အလွန်များပြားလှပါတယ်။

စမ်းသပ်အသုံးပြုချင်ရင်တော့ File Size 24.3MB ရှိပြီးအသုံးပြုနိုင်တဲ့ Android Version ကတော့ ကွဲပြားပါတယ်။

Download

Ref : androidpolice

You may be interested

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ iPhone XS နဲ႔ iPhone XS Max တို႔ကို ေရာင္းခ်ေပးလိုက္ပါတယ္။ Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက္…

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ
HUBS, Microsoft
39 shares12 views

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ

Creepy Tyler - Sep 25, 2018

Microsoft ကေတာ့ Surface Hub 2 ကို ျပသခဲ့ၿပီး ၊ ေနာက္ဆံုးထြက္ျဖစ္လာမယ့္ ဒီ device မွာ ပါလာမယ့္  Rotating Display အမည္ရ device ပံုစံအတုိင္း လိုက္ေလ်ာညီေထြ ေျပာင္းလဲျပသေပးမယ့္ နည္းပညာကိုလည္း တစ္ခါတည္း ျပသခဲ့ပါတယ္။…

Google Chrome ကို ႏွံ႔ႏွံ႔စပ္စပ္အသံုးျပဳႏုိင္မယ့္ နည္းလမ္းမ်ား
FEATURES, HOW TO, Softwares & Application
221 shares70 views

Google Chrome ကို ႏွံ႔ႏွံ႔စပ္စပ္အသံုးျပဳႏုိင္မယ့္ နည္းလမ္းမ်ား

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမာၻမွာ လူသံုးအမ်ားဆံုး ၀က္ဘေရာက္စာ တစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ Google Chrome မွာ လူသိနည္းတဲ့ လွိ်ဳ႕၀ွက္ စြမ္းေဆာင္ခ်က္မ်ား ပါရွိပါတယ္။ အဲဒီအထဲမွာ Chrome ကို Text Editor လို အသံုးျပဳျခင္း၊…

Leave a Comment

Most from this category