907 Shares 325 Views

MWC 2018 မွာ ျပသခဲ့တဲ့ စမတ္ဖုန္းမ်ား

Mar 02, 2018
907 325

ႏွစ္စဥ္ ေဖေဖာ္၀ါရီလမွာ က်င္းပေလ့ရွိတဲ့ Mobile World Congress ဟာ စိတ္လႈပ္ရွားစရာအေကာင္းဆံုး နည္းပညာ ျပပြဲ တစ္ခု ျဖစ္ပါတယ္။ အခုဆိုရင္ အဲဒီပြဲကို က်င္းပၿပီးစီးခဲ့ၿပီျဖစ္ၿပီး ပြဲမွာ ျပသခဲ့တဲ့ စမတ္ဖုန္းမ်ားကို အက်ဥ္းခ်ံဳး ျပန္လည္ တင္ဆက္ေပးလိုက္ပါတယ္။

Samsung

Samsung က ပြဲမွာ Galaxy S9 နဲ႔ S9+ စမတ္ဖုန္းမ်ားကို ျပသခဲ့ပါတယ္။ ယခင္ႏွစ္ထုတ္ Galaxy S8 Series မ်ားထက္ S9 Series မ်ားဟာ ဒီဇိုင္းအပိုင္းမွာ အနည္းငယ္ ေျပာင္းလဲထားပါတယ္။ စြမ္းရည္မ်ား ပိုမို ပါရွိလာပါတယ္။ ေမာ္ဒယ္အသစ္မ်ားအတြက္ Dual-Aperture Main Camera တစ္လံုးထည့္ေပးထားၿပီး S9+ မွာေတာ့ အပို ကင္မရာ တစ္လံုး ထည့္ေပးထားပါတယ္။ Qualcomm Snapdragon 845 ပါပါတယ္။ သူတို႔ရဲ႕ သတင္းကို ဒီလင့္ကေန ဖတ္ရႈႏိုင္ပါတယ္။

Sony

Sony ကလည္း Xperia XZ2 နဲ႔ XZ2 Compact စမတ္ဖုန္းမ်ားကို ျပသခဲ့ပါတယ္။ Ambient Flow Design အသစ္ကို အသံုးျပဳထားၿပီး ယခင္မ်ိဳးဆက္မ်ားထက္ ပိုမို ေကြးညႊတ္ထားပါတယ္။ 18:9 Display မ်ားကို သံုးထားပါတယ္။ Snapdragon 845 နဲ႔ ဆိုနီရဲ႕ 19MP Motion Eye Camera စနစ္ ထည့္ေပးထားပါတယ္။ HDR Recording န ဲ႔ Display မ်ားက သူ႔ရဲ႕ အဓိက စြမ္းရည္မ်ား ျဖစ္ပါတယ္။ သူတို႔ရဲ႕ သတင္းကို ဒီလင့္မွာ ဖတ္ႏုိင္ပါတယ္။

Vivo

Vivo က APEX Concept Phone ကို ျပသခဲ့ပါတယ္။ X20 Plus UD တုန္းက Display ေအာက္မွာ Fingerprint Sensor ျမွဳပ္ထားတာျဖစ္ေပမယ့္ ဒီ Concept ဖုန္းအသစ္မွာေတာ့ ဖုန္း Screen ရဲ႕ေအာက္ပိုင္းတစ္ဝက္လံုးက လက္ေဗြကိုဖတ္ႏုိင္မွာျဖစ္ပါတယ္။ Sensor ဘယ္နားမွာလဲဆိုတာျပမယ့္အလင္းေရာင္ေလးတင္မဟုတ္ေတာ့ဘဲ ဖုန္း Screen ရဲ႕ေအာက္ေျခပိုင္းတစ္ဝက္လံုးဘယ္ေနရာကိုပဲ လက္ေဗြထိထိ ဖတ္ႏုိင္ေအာင္လို႔ Sensor Block ၾကီးၾကီးနဲ႔ ဖန္တီးထုတ္လုပ္ထားပါတယ္။ ဖုန္းကလံုးဝ Screen အျပည့္ျဖစ္ျပီး ေဘာင္ေတြလံုးဝမပါသေလာက္နီးနီးပါ။ထိပ္ဘက္နဲ႔ ေဘးဘက္ေဘာင္ေတြက 1.8mm ေလာက္ပဲရိွျပီး ေအာက္ဘက္ကေတာ့ 4.3mm ပါ။ အခုက Screen ျပည့္နီးနီးျဖစ္လို႔ Screen-To-Body Ratio က ၉၈% ေလာက္ေတာင္ရိွပါတယ္။ သူ႔ရဲ႕ အေၾကာင္းကို ဒီလင့္မွာ ေလ့လာပါ။

Asus

Asus က Zenfone 5 , 5z တုိ႔ကို ျပသခဲ့ပါတယ္။ ဖုန္းႏွစ္လံုးစလံုးမွာ 19:9 Display ကို သံုးထားပါတယ္။ iPhone X လို Notch ထည့္သြင္းထားပါတယ္။ Live Animated Emojis နဲ႔ ဥာဏ္ရည္တုု နည္းပညာမ်ားစြာ ထည့္ေပးထားပါတယ္။ ေမာ္ဒယ္၂ခုလံုးကတူသေလာက္နီးနီးျဖစ္ျပီး Chipset, RAM ပမာဏနဲ႔ Storage ေတြကကြာသြားပါမယ္။ သူတို႔ရဲ႕ သတင္းကို ဒီလင့္မွာ ဖတ္ပါ။

LG

LG က V30S ThinQ နဲ႔ V30S+ ThinQ စတဲ့ ေမာ္ဒယ္ႏွစ္ခုကို မိ္တ္ဆက္လိုက္ျခင္း ျဖစ္ၿပီး 6GB RAM/128GB Storage နဲ႔ 6GB RAM/256GB Storage မ်ား အသီးသီး ထည့္သြင္းထားပါတယ္။ ThinQ ဟာ LG ရဲ႕ ဥာဏ္ရည္တု ပလက္ေဖာင္း တစ္ခု ျဖစ္ပါတယ္။ သူဟာ Samsung Bixby နဲ႔ ဆင္တူၿပီး စမတ္ေနအိမ္ ကိရိယာမ်ားနဲ႔ ခ်ိတ္ဆက္ အလုပ္လုပ္ႏုိင္ပါတယ္။ ThinQ ဟာ AI Cam လည္းျဖစ္ပါတယ္။ ကင္မရာျမင္ကြင္းမွ အရာ၀တၳဳမ်ားကို သိနားလည္ၿပီး လိုက္ဖက္တဲ့ ကင္မရာ Settings ကို ခ်ိန္ညွိေပးႏုိင္ဖို႔ ဒီဇိုင္းထုတ္ထားတဲ့ ဥာဏ္ရည္တု နည္းပညာ ျဖစ္ပါတယ္။ QLens က အရာ၀တၳဳမ်ားကို သိနားလည္ၿပီး အြန္လိုင္းမွာ ရွာေဖြျခင္း၊ ေစ်းႏႈန္းမ်ား ေလ့လာေပးျခင္းမ်ားကို ျပဳလုပ္ေပးႏုိင္ပါတယ္။ သူက QR Code မ်ားကိုလည္း ဖတ္ႏုိင္ပါတယ္။ သူတို႔ရဲ႕ သတင္းကို ဒီလင့္မွာ ေလ့လာပါ။

Huawei

Huawei က ဒီပြဲမွာ ဖုန္းမ်ားကို မိတ္ဆက္ျခင္း မျပဳဘဲ MediaPad M5 Tablet နဲ႔ MateBook X Pro Laptop တို႔ကို ျပသခဲ့ပါတယ္။ လက္ေတာ့မွာ 3K 10-Point Touchscreen တပ္ဆင္ေပးထားကာ FullView Display ျဖစ္ၿပီး Screen-to-Body အခ်ိဳးက ၉၁ ရာခုိင္ႏႈန္း ျဖစ္တာေၾကာင့္ ေဘးေဘာင္ေတြ မပါသေလာက္ ျဖစ္သြားတာကုိ သတိထားမိမွာပါ။ သူ႔မွာ 8th Generation Intel CoreTM i7-8550U Processor ထည့္သြင္းထားၿပီး 8GB RAM or 16GB RAM နဲ႔ အတြဲအဖက္ လုပ္ေပးထားပါတယ္။ သူ႔ရဲ႕ အေၾကာင္းကို ဒီလင့္ မွာ ေလ့လာပါ။

Nokia

Nokia က Sirocco ဘရန္းကို Nokia 8 Sirocco ဖုန္းနဲ႔ ျပန္လည္ အသက္သြင္းခဲ့ပါတယ္။ ဒါ့အျပင္ Nokia 7 Plus ကိုလည္း ျပသခဲ့ပါတယ္။ 4GB RAM နဲ႔ 6GB RAM မ်ား ေရြးခ်ယ္ႏုိင္ပါတယ္။ ဥေရာပမွာ 4GB RAM Model ကိုသာ ေရာင္းခ်ေပးမွာပါ။ သူဟာ Android One Phone ျဖစ္တဲ့အတြက္ Stock Android ထည့္သြင္းထားပါတယ္။ Android 8.0 Oreo ကို အေျချပဳထားတဲ့ Android One Os ျဖစ္ပါတယ္။သူ႔မွာ Snapdragon 660 Octa-Core Chipset ထည့္သြင္းထားပါတယ္။ ၆ လက္မ Full HD+ Display ပါပါတယ္။ သူ႔ရဲ႕ အေၾကာင္းကို ဒီလင့္မွာ ဖတ္ပါ။

Ref : gsmarena

unicode

MWC 2018 မှာ ပြသခဲ့တဲ့ စမတ်ဖုန်းများ

နှစ်စဉ် ဖေဖော်ဝါရီလမှာ ကျင်းပလေ့ရှိတဲ့ Mobile World Congress ဟာ စိတ်လှုပ်ရှားစရာအကောင်းဆုံး နည်းပညာ ပြပွဲ တစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် အဲဒီပွဲကို ကျင်းပပြီးစီးခဲ့ပြီဖြစ်ပြီး ပွဲမှာ ပြသခဲ့တဲ့ စမတ်ဖုန်းများကို အကျဉ်းချုံး ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

Samsung

Samsung က ပွဲမှာ Galaxy S9 နဲ့ S9+ စမတ်ဖုန်းများကို ပြသခဲ့ပါတယ်။ ယခင်နှစ်ထုတ် Galaxy S8 Series များထက် S9 Series များဟာ ဒီဇိုင်းအပိုင်းမှာ အနည်းငယ် ပြောင်းလဲထားပါတယ်။ စွမ်းရည်များ ပိုမို ပါရှိလာပါတယ်။ မော်ဒယ်အသစ်များအတွက် Dual-Aperture Main Camera တစ်လုံးထည့်ပေးထားပြီး S9+ မှာတော့ အပို ကင်မရာ တစ်လုံး ထည့်ပေးထားပါတယ်။ Qualcomm Snapdragon 845 ပါပါတယ်။ သူတို့ရဲ့ သတင်းကို ဒီလင့်ကနေ ဖတ်ရှုနိုင်ပါတယ်။

Sony

Sony ကလည်း Xperia XZ2 နဲ့ XZ2 Compact စမတ်ဖုန်းများကို ပြသခဲ့ပါတယ်။ Ambient Flow Design အသစ်ကို အသုံးပြုထားပြီး ယခင်မျိုးဆက်များထက် ပိုမို ကွေးညွှတ်ထားပါတယ်။ 18:9 Display များကို သုံးထားပါတယ်။ Snapdragon 845 နဲ့ ဆိုနီရဲ့ 19MP Motion Eye Camera စနစ် ထည့်ပေးထားပါတယ်။ HDR Recording န ဲ့ Display များက သူ့ရဲ့ အဓိက စွမ်းရည်များ ဖြစ်ပါတယ်။ သူတို့ရဲ့ သတင်းကို ဒီလင့်မှာ ဖတ်နိုင်ပါတယ်။

Vivo

Vivo က APEX Concept Phone ကို ပြသခဲ့ပါတယ်။ X20 Plus UD တုန်းက Display အောက်မှာ Fingerprint Sensor မြှုပ်ထားတာဖြစ်ပေမယ့် ဒီ Concept ဖုန်းအသစ်မှာတော့ ဖုန်း Screen ရဲ့အောက်ပိုင်းတစ်ဝက်လုံးက လက်ဗွေကိုဖတ်နိုင်မှာဖြစ်ပါတယ်။ Sensor ဘယ်နားမှာလဲဆိုတာပြမယ့်အလင်းရောင်လေးတင်မဟုတ်တော့ဘဲ ဖုန်း Screen ရဲ့အောက်ခြေပိုင်းတစ်ဝက်လုံးဘယ်နေရာကိုပဲ လက်ဗွေထိထိ ဖတ်နိုင်အောင်လို့ Sensor Block ကြီးကြီးနဲ့ ဖန်တီးထုတ်လုပ်ထားပါတယ်။ ဖုန်းကလုံးဝ Screen အပြည့်ဖြစ်ပြီး ဘောင်တွေလုံးဝမပါသလောက်နီးနီးပါ။ထိပ်ဘက်နဲ့ ဘေးဘက်ဘောင်တွေက 1.8mm လောက်ပဲရှိပြီး အောက်ဘက်ကတော့ 4.3mm ပါ။ အခုက Screen ပြည့်နီးနီးဖြစ်လို့ Screen-To-Body Ratio က ၉၈% လောက်တောင်ရှိပါတယ်။ သူ့ရဲ့ အကြောင်းကို ဒီလင့်မှာ လေ့လာပါ။

Asus

Asus က Zenfone 5 , 5z တို့ကို ပြသခဲ့ပါတယ်။ ဖုန်းနှစ်လုံးစလုံးမှာ 19:9 Display ကို သုံးထားပါတယ်။ iPhone X လို Notch ထည့်သွင်းထားပါတယ်။ Live Animated Emojis နဲ့ ဉာဏ်ရည်တုု နည်းပညာများစွာ ထည့်ပေးထားပါတယ်။ မော်ဒယ်၂ခုလုံးကတူသလောက်နီးနီးဖြစ်ပြီး Chipset, RAM ပမာဏနဲ့ Storage တွေကကွာသွားပါမယ်။ သူတို့ရဲ့ သတင်းကို ဒီလင့်မှာ ဖတ်ပါ။

LG

LG က V30S ThinQ နဲ့ V30S+ ThinQ စတဲ့ မော်ဒယ်နှစ်ခုကို မိတ်ဆက်လိုက်ခြင်း ဖြစ်ပြီး 6GB RAM/128GB Storage နဲ့ 6GB RAM/256GB Storage များ အသီးသီး ထည့်သွင်းထားပါတယ်။ ThinQ ဟာ LG ရဲ့ ဉာဏ်ရည်တု ပလက်ဖောင်း တစ်ခု ဖြစ်ပါတယ်။ သူဟာ Samsung Bixby နဲ့ ဆင်တူပြီး စမတ်နေအိမ် ကိရိယာများနဲ့ ချိတ်ဆက် အလုပ်လုပ်နိုင်ပါတယ်။ ThinQ ဟာ AI Cam လည်းဖြစ်ပါတယ်။ ကင်မရာမြင်ကွင်းမှ အရာဝတ္ထုများကို သိနားလည်ပြီး လိုက်ဖက်တဲ့ ကင်မရာ Settings ကို ချိန်ညှိပေးနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဉာဏ်ရည်တု နည်းပညာ ဖြစ်ပါတယ်။ QLens က အရာဝတ္ထုများကို သိနားလည်ပြီး အွန်လိုင်းမှာ ရှာဖွေခြင်း၊ ဈေးနှုန်းများ လေ့လာပေးခြင်းများကို ပြုလုပ်ပေးနိုင်ပါတယ်။ သူက QR Code များကိုလည်း ဖတ်နိုင်ပါတယ်။ သူတို့ရဲ့ သတင်းကို ဒီလင့်မှာ လေ့လာပါ။

Huawei

Huawei က ဒီပွဲမှာ ဖုန်းများကို မိတ်ဆက်ခြင်း မပြုဘဲ MediaPad M5 Tablet နဲ့ MateBook X Pro Laptop တို့ကို ပြသခဲ့ပါတယ်။ လက်တော့မှာ 3K 10-Point Touchscreen တပ်ဆင်ပေးထားကာ FullView Display ဖြစ်ပြီး Screen-to-Body အချိုးက ၉၁ ရာခိုင်နှုန်း ဖြစ်တာကြောင့် ဘေးဘောင်တွေ မပါသလောက် ဖြစ်သွားတာကို သတိထားမိမှာပါ။ သူ့မှာ 8th Generation Intel CoreTM i7-8550U Processor ထည့်သွင်းထားပြီး 8GB RAM or 16GB RAM နဲ့ အတွဲအဖက် လုပ်ပေးထားပါတယ်။ သူ့ရဲ့ အကြောင်းကို ဒီလင့် မှာ လေ့လာပါ။

Nokia

Nokia က Sirocco ဘရန်းကို Nokia 8 Sirocco ဖုန်းနဲ့ ပြန်လည် အသက်သွင်းခဲ့ပါတယ်။ ဒါ့အပြင် Nokia 7 Plus ကိုလည်း ပြသခဲ့ပါတယ်။ 4GB RAM နဲ့ 6GB RAM များ ရွေးချယ်နိုင်ပါတယ်။ ဥရောပမှာ 4GB RAM Model ကိုသာ ရောင်းချပေးမှာပါ။ သူဟာ Android One Phone ဖြစ်တဲ့အတွက် Stock Android ထည့်သွင်းထားပါတယ်။ Android 8.0 Oreo ကို အခြေပြုထားတဲ့ Android One Os ဖြစ်ပါတယ်။သူ့မှာ Snapdragon 660 Octa-Core Chipset ထည့်သွင်းထားပါတယ်။ ၆ လက်မ Full HD+ Display ပါပါတယ်။ သူ့ရဲ့ အကြောင်းကို ဒီလင့်မှာ ဖတ်ပါ။

Ref : gsmarena

You may be interested

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား
NEWS, Softwares & Application, Tech Update
0 shares0 views

ေမာင္းသူမဲ့ တင့္ကားနဲ႔ တိုက္ခိုက္ေရး ဒရုန္းမ်ား ဖန္တီးေနတဲ့ ရုရွား

Ko Thuya - Mar 25, 2019

ရုရွားက စက္ရုပ္ စစ္သားမ်ားကို ဖန္တီးေနတယ္ဆိုတဲ့ သတင္းကို ဗီဒီယိုတစ္ခုကေန မွ်ေ၀လိုက္ပါတယ္။ ကရင္မလင္က မွ်ေ၀လိုက္တဲ့ ဗီဒီယိုမွာ ရုရွားရဲ႕ ေနာက္ဆံုးထုတ္ ဒရုန္းနည္းပညာကို ျပသထားပါတယ္။ ဒါ့အျပင္ ေမာင္းသူမဲ့ တင့္ကားကို ျမင္ရပါတယ္။ တင့္ကားဟာ သူ႔ေဘးမွ စစ္သားရဲ႕ ေသနတ္ ခ်ိန္ရြယ္ရာ…

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
141 shares67 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

Leave a Comment

Most from this category