468 Shares 118 Views

DxOMark ရဲ႕ကင္မရာစမ္းသပ္ခ်က္မွာ ၉၉မွတ္ေတာင္ရခဲ့တဲ့ Galaxy S9 Plus

Mar 02, 2018
468 118

[Zawgyi]

Samsung Galaxy S9 Plus ဖုန္းေတြကေတာ့ DxOMark ကေန ရမွတ္ ၉၉ မွတ္ရခဲ့တဲ့အတြက္ DxO က review လုပ္ခဲ့သမွ်ဖုန္းေတြထဲမွာ ကင္မရာအေကာင္းဆံုးစမတ္ဖုန္းျဖစ္လာခ့ဲပါျပီ။

အမွတ္ ၉၈ မွတ္ေတာင္ရခဲ့တဲ့ Google Pixel 2 ထက္ကုိပိုမ်ားတဲ့ ၉၉မွတ္ဆိုတဲ့ရမွတ္ကိုရခဲ့တာျဖစ္ျပီး iPhone X တုန္းက ၉၇ မွတ္ရခဲ့တာပါ။

S9 Plus မွာ ေက်ာဘက္ 12MP+12MP dual camera ပါျပီး တစ္လံုးက 1/ 2.55” sensor နဲ႔ variable aperture က f/1.5 နဲ႔ f/2.4 ပါ။ ေနာက္တစ္လံုးကေတာ့ 1/ 3.6” sensor နဲ႔ f/2.4 aperture ပါ။ ေရွ႕ကင္မရာကေတာ့ 8MP ျဖစ္ျပီး 1/3.6” sensor, f/1.7 aperture သံုးထားပါတယ္။

S9 Plus ဖုန္းေတြအမွတ္ေကာင္းေကာင္းရေစတဲ့အပိုင္းက “exposure and contrast” နဲ႔ “autofocus” ပိုင္းမွာပါ။ autofocus ရယ္ “Zoom”, “texture” ေတြကေတာ့ DxO ကစမ္းသမွ်ကင္မရာေတြထဲမွာအေကာင္းဆံုးပါ။ “artifacts”, “flash” နဲ႔ “Bokeh” effect ေတြကေတာ့ ျပိဳင္ဘက္ေတြနဲ႔ယွဥ္လိုက္ရင္ မသာႏုိင္ေသးပါဘူး။

ဗီဒီယိုရိုက္ကူးမႈပိုင္းကလည္း စြမ္းရည္ျမင့္ေနဆဲပါပဲ။ အေရာင္အေသြးစံုလင္၊ noise လည္းေကာင္းေကာင္းေလွ်ာ့ခ်ႏုိင္တဲ့အျပင္ motion ေတြကိုရိုက္တဲ့အခါမွာ ဝါးသြားတာမ်ိဳးမရိွဘဲ stabilize ျဖစ္ေနတာေတြကိုေတာ့ အသားေပးေျပာရမွာပါ။

Galaxy S9 ရဲ႕ camera review ကေတာ့ ခုထိမလုပ္ရေသးလို႔ အမွတ္မသိရေသးေပမယ့္ ေသခ်ာတာေတာ့ သူ႔မွာေက်ာဘက္ကင္မရာ၁လံုးပဲပါတဲ့အတြက္ dual-camera ျဖစ္တဲ့ S9 Plus ရဲ႕အမွတ္ကိုေတာ့ မမီႏုိင္ပါဘူး။ ဒီေနရာမွာ DxO ရဲ႕အမွတ္နဲ႔ပဲၾကည့္ဆံုးျဖတ္ၾကမွာလားလုိ႔ ေမးေကာင္းေမးပါလိမ့္မယ္။ ဒါေပမယ့္ေသခ်ာတာေတာ့ စမတ္ဖုန္းကုမၸဏီေတြက DxOMark ရဲ႕စမ္းသပ္ခ်က္ေတြမွာ အမွတ္ေကာင္းေကာင္းရဖို႔အတြက္ ကင္မရာနည္းပညာေတြကိုျမင့္သထက္ျမင့္ေအာင္ ျမွင့္ေနၾကတယ္ဆိုတာကေတာ့ အမွန္တရားပါပဲ။

 

[Unicode]

Samsung Galaxy S9 Plus ဖုန်းတွေကတော့ DxOMark ကနေ ရမှတ် ၉၉ မှတ်ရခဲ့တဲ့အတွက် DxO က review လုပ်ခဲ့သမျှဖုန်းတွေထဲမှာ ကင်မရာအကောင်းဆုံးစမတ်ဖုန်းဖြစ်လာခ့ဲပါပြီ။

အမှတ် ၉၈ မှတ်တောင်ရခဲ့တဲ့ Google Pixel 2 ထက်ကိုပိုများတဲ့ ၉၉မှတ်ဆိုတဲ့ရမှတ်ကိုရခဲ့တာဖြစ်ပြီး iPhone X တုန်းက ၉၇ မှတ်ရခဲ့တာပါ။

S9 Plus မှာ ကျောဘက် 12MP+12MP dual camera ပါပြီး တစ်လုံးက 1/ 2.55” sensor နဲ့ variable aperture က f/1.5 နဲ့ f/2.4 ပါ။ နောက်တစ်လုံးကတော့ 1/ 3.6” sensor နဲ့ f/2.4 aperture ပါ။ ရှေ့ကင်မရာကတော့ 8MP ဖြစ်ပြီး 1/3.6” sensor, f/1.7 aperture သုံးထားပါတယ်။

S9 Plus ဖုန်းတွေအမှတ်ကောင်းကောင်းရစေတဲ့အပိုင်းက “exposure and contrast” နဲ့ “autofocus” ပိုင်းမှာပါ။ autofocus ရယ် “Zoom”, “texture” တွေကတော့ DxO ကစမ်းသမျှကင်မရာတွေထဲမှာအကောင်းဆုံးပါ။ “artifacts”, “flash” နဲ့ “Bokeh” effect တွေကတော့ ပြိုင်ဘက်တွေနဲ့ယှဉ်လိုက်ရင် မသာနိုင်သေးပါဘူး။

ဗီဒီယိုရိုက်ကူးမှုပိုင်းကလည်း စွမ်းရည်မြင့်နေဆဲပါပဲ။ အရောင်အသွေးစုံလင်၊ noise လည်းကောင်းကောင်းလျှော့ချနိုင်တဲ့အပြင် motion တွေကိုရိုက်တဲ့အခါမှာ ဝါးသွားတာမျိုးမရှိဘဲ stabilize ဖြစ်နေတာတွေကိုတော့ အသားပေးပြောရမှာပါ။

Galaxy S9 ရဲ့ camera review ကတော့ ခုထိမလုပ်ရသေးလို့ အမှတ်မသိရသေးပေမယ့် သေချာတာတော့ သူ့မှာကျောဘက်ကင်မရာ၁လုံးပဲပါတဲ့အတွက် dual-camera ဖြစ်တဲ့ S9 Plus ရဲ့အမှတ်ကိုတော့ မမီနိုင်ပါဘူး။ ဒီနေရာမှာ DxO ရဲ့အမှတ်နဲ့ပဲကြည့်ဆုံးဖြတ်ကြမှာလားလို့ မေးကောင်းမေးပါလိမ့်မယ်။ ဒါပေမယ့်သေချာတာတော့ စမတ်ဖုန်းကုမ္ပဏီတွေက DxOMark ရဲ့စမ်းသပ်ချက်တွေမှာ အမှတ်ကောင်းကောင်းရဖို့အတွက် ကင်မရာနည်းပညာတွေကိုမြင့်သထက်မြင့်အောင် မြှင့်နေကြတယ်ဆိုတာကတော့ အမှန်တရားပါပဲ။

 

You may be interested

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
81 shares36 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္
Apple, Gadgets, NEWS
40 shares24 views

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္

Nigma - Mar 25, 2019

Apple ပိုင္တဲ့ Beats က ႀကိဳးလုံးဝမပါေတာ့မယ့္ Powerbeats earbuds နားၾကပ္အသစ္ကို ဧၿပီလအတြင္း မိတ္ဆက္သြားေတာ့မွာ ျဖစ္ပါတယ္။ အရင္ Powerbeats Wireless ေတြတုန္းကလည္း ႀကိဳးမဲ့နားၾကပ္ဆိုေပမယ့္ နားၾကပ္ႏွစ္ဖက္ကို ခ်ိတ္ဆက္ထားေတာ့ ႀကိဳးေတာ့ ပါရွိပါေသးတယ္။ အသစ္ထြက္မယ့္ Powerbeats က…

Leave a Comment

Most from this category