137 Shares 55 Views


Mar 02, 2018
137 55




Ref : gsmarena
unicode

iPhone X ရဲ့ Notch ပါလာမယ့် LG G7

အစ္စရေး မီဒီယာ Ynet ကနေ LG ရဲ့ စွမ်းဆောင်ရည်မြင့် G7 စမတ်ဖုန်းရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်များ ထွက်ပေါ်လာပါတယ်။ သူ့ရဲ့ လျှို့ဝှက်အမည်မှာ Neo ဖြစ်ပါတယ်။ ဓါတ်ပုံအရ သူ့မှာ iPhone X မှာလို Notch ပါလာတာကို တွေ့ရပါတယ်။ မျက်နှာပြင် အရွယ်အစားမှာ ၆ လက်မ ဖြစ်ပြီး OLED Display ထည့်သွင်းထားပါတယ်။ မျက်နှာပြင် အချိုးမှာ 19.5:9 ဖြစ်ပါတယ်။

အနောက်ဘက်မှာ 16MP Camera နှစ်လုံး တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 8MP Camera တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ တပ်ဆင်ထားပါတယ်။ Qualcomm ရဲ့ ယခုနှစ်ထုတ် စွမ်းဆောင်ရည်မြင့် Snapdragon 845 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 4GB RAM , 64GB Internal Storage များ ထည့်သွင်းထားပါတယ်။ ဘက်ထရီက 3000mAh ဖြစ်ပါတယ်။ LG က G7 နဲ့ အတူ Q7 , V35 စမတ်ဖုန်းများကိုပါ မိတ်ဆက်မယ်လို့လည်း သတင်းထွက်နေပါတယ်။

LG G6 ကို ယခင်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ Mobile World Congress (MWC) ပွဲမှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ယခု ကျင်းပပြီးစီးခဲ့တဲ့ MWC 2018 ပွဲမှာတော့ LG G7 ကို မမြင်တွေ့ခဲ့ရပါဘူး။ G7 ကိုတော့ ဇွန်လမှာသာ မိတ်ဆက်မယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena

You may be interested

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?
FEATURES, Mobile & Tablets
260 shares28 views

IP67 , IP68 ရေစိုခံ စံနှုန်း ဆိုတာဘာလဲ?

Ko Thuya - Jul 18, 2018

ဒီနေ့ခေတ် စမတ်ဖုန်းများဟာ ရေစိုခံတယ်လို့ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီများက ကြော်ညာနေကြပါတယ်။ ဒါပေမယ့် ရေစိုခံစံနှုန်းများစွာ ရှိတဲ့အတွက် သင့် စမတ်ဖုန်းဟာ ဘယ်လောက်အထိရေစိုခံသလဲဆိုတာ လေ့လာထားဖို့ လိုအပ်ပါတယ်။ IP ရဲ့ အဓိပ္ပါယ် IP ရဲ့ အရှည်ဟာ Ingress Protection ဖြစ်ပြီး…

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ
Android, HUBS, Mobiles & Tablets
102 shares15 views

OnePlus 5 နဲ့ 5T တို့ရဲ့ နောက်ဆုံးထုတ် OxygenOS Open Beta မှာ Google Lens ပါလာ

Ko Thuya - Jul 18, 2018

OnePlus 5 နဲ့ 5T တို့ရဲ့ ယခင်ထွက်ခဲ့တဲ့ OxygenOS Open Beta မှာ Project Treble ပါလာခဲ့ပါတယ်။ ယခုနောက်ဆုံးထုတ် ဗားရှင်းမှာလည်း လုပ်ဆောင်ချက် အသစ်များ ပါလာပါတယ်။ OnePlus 5 ရဲ့ OxygenOS Open…

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?
FEATURES
257 shares45 views

လူတစ်ယောက်ရဲ့အသိဉာဏ်နဲ့ယှဉ်လာနိုင်တော့မယ့် AI နည်းပညာဆိုတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန်တီးရတာတော်တော်လည်းရှုပ်ထွေးတဲ့အလုပ်တစ်ခုဖြစ်သလို ကိုယ့်အနေနဲ့ အသေးစိတ်ကြီးနားလည်နေဖို့လည်းမလိုပါဘူး။ အခုရှိပြီးသား သိဉာဏ်တုနည်းပညာအများစုကတော့ လူတွေရဲ့ဦးနှောက်လိုပဲ ကောင်းကောင်းခန့်မှန်းတွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ဖို့အတွက် ဒေတာတွေမြောက်များစွာထည့်သွင်းရပြီး လူတွေသိတဲ့အရာတွေကနေ Model တစ်ခုတည်ဆောက်ခိုင်း၊ လူတွေမသိတဲ့အရာတွေကို ခန့်မှန်းခိုင်းလို့ရနိုင်ပါတယ်။ ဒီ AI နဲ့ တခြားကွန်ပျူတာပရိုဂရမ်တွေနဲ့ လုံးဝမတူတဲ့တစ်ချက်ကတော့…

Leave a Comment

Most from this category