537 Shares 113 Views


Mar 02, 2018
537 113





Ref : gsmarena

unicode

Under-Screen Fingerprint Scanner ပါလာနိုင်တဲ့ Xiaomi Mi Mix 2S

Xiaomi က မတ်လ ၂၇ ရက်နေ့မှာ Mi Mix 2s ကို ပွဲတစ်ခုဖြင့် မိတ်ဆက်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ တရားဝင် ထုတ်ပြန်ထားတဲ့ ပိုစတာမှာ အဲဒီ စမတ်ဖုန်းမှာ Qualcomm Snapdragon 845 Chipset ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ ယခု နောက်ဆုံး ပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံအရ သူ့မှာ Under-Screen Fingerprint Scanner ပါလာနိုင်ပါတယ်။

မျက်နှာပြင်ရဲ့ အောက်ဘက်နားမှာ လက်ဗွေရာ အာရုံခံ ကိရိယာကို တပ်ဆင်ထားပါတယ်။ ယခင် ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့ သူ့ရဲ့ ဓါတ်ပုံများအရ သူ့မှာ iPhone X လို Notch Design ထည့်သွင်းထားမယ်လို့ သိရပါတယ်။ တရုတ်လူမှုကွန်ရက် ဝီဘိုကနေ iPhone X ရဲ့ Notch Design ပါတဲ့ Xiaomi Mi Mix 2s ရဲ့ ဓါတ်ပုံများထွက်ပေါ်လာပါတယ်။

သူ့မှာ ၆.၀၁ လက်မ OLED Display , IMX363 Camera များ ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ 18:9 aspect ratio, 2160×1080 pixels ရှိတဲ့ FHD+ resolution ဖြစ်မယ်ဖော်ပြထားပါတယ်။ dual-SIM နဲ့ RAM 8GB, storage 256GB ပေးမယ်လို့တော့ မှန်းရပါတယ်။

Mi MIX စီးရီးထဲမှာတော့ dual-camera သုံးတာဒါပထမဆုံးပါ။ မြင်ကွင်းတွေကိုဖတ်နိုင်တဲ့ scene-recognition လိုမျိုး AI feature တွေလည်း ထည့်သွင်းပေးထားမှာဖြစ်ပြီး Sony ရဲ့ IMX363 ကင်မရာ sensor ကိုသုံးထားမယ်ဆိုတာကတော့ firmware ဖိုင်ကနေတစ်ဆင့်သိရတာဖြစ်လို့ လွဲနိုင်စရာအကြောင်းတော့မရှိပါဘူး။

Ref : gsmarena

You may be interested

Split Screen ပါတဲ့ Browser ကို iPad အတွက် ထုတ်လုပ်ပေးလိုက်တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတွက် Firefox Browser Version တစ်ခုကို ထုတ်လုပ်ပေးလိုက်ပါတယ်။ အိုင်ပတ်များမှာ အထာကျကျနဲ့ အင်တာနက် ကြည့်နိုင်မှာပါ။ အရွယ်ကြီး အိုင်ပတ်မှာ သုံးလို့ကောင်းအောင် ဒီဇိုင်းထုတ်ထားတဲ့ ဘရောက်စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ကြောင့်တစ်ရက်လျှင် ခရီးစဉ် ၉၀ ဖျက်နေရ
NEWS, Security & Safety, Softwares & Application
81 shares36 views

American Airlines က Boeing 737 ကြောင့်တစ်ရက်လျှင် ခရီးစဉ် ၉၀ ဖျက်နေရ

Ko Thuya - Mar 25, 2019

ပြီးခဲ့တဲ့ ၆ လအတွင်းမှာ Boeing 737 Max 8 လေယာဉ် ၂ စီး ပျက်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၆ လက အဲဒီ လေယာဉ်အမျိုးအစား တစ်စီးဟာ အင်ဒိုနီးရှား ကမ်းရိုးတန်းမှာ ပျက်ကျခဲ့ပြီး လူပေါင်း ၁၈၉ ဦး…

ကြိုးလုံးဝ မပါတော့မယ့် true wireless Beats နားကြပ်အသစ်ကို ဧပြီလ မိတ်ဆက်မည်
Apple, Gadgets, NEWS
40 shares24 views

ကြိုးလုံးဝ မပါတော့မယ့် true wireless Beats နားကြပ်အသစ်ကို ဧပြီလ မိတ်ဆက်မည်

Nigma - Mar 25, 2019

Apple ပိုင်တဲ့ Beats က ကြိုးလုံးဝမပါတော့မယ့် Powerbeats earbuds နားကြပ်အသစ်ကို ဧပြီလအတွင်း မိတ်ဆက်သွားတော့မှာ ဖြစ်ပါတယ်။ အရင် Powerbeats Wireless တွေတုန်းကလည်း ကြိုးမဲ့နားကြပ်ဆိုပေမယ့် နားကြပ်နှစ်ဖက်ကို ချိတ်ဆက်ထားတော့ ကြိုးတော့ ပါရှိပါသေးတယ်။ အသစ်ထွက်မယ့် Powerbeats က…

Leave a Comment

Most from this category