378 Shares 105 Views

Xiaomi ရဲ႕ အမိုက္စားအလန္းစား $100 တန္ mechanical ကီးဘုတ္

Mar 01, 2018
378 105

[Zawgyi]

Xiaomi mechanical keyboard

Xiaomi ကေတာ့ ထုတ္ကုန္အမိ်ဳးအစားေပါင္း ၂၀၀၀ ေက်ာ္ေလာက္ကိုထုတ္လုပ္ေရာင္းခ်ေနျပီးေတာ့ ေန႔စဥ္လူမႈဘဝမွာအသံုးျပဳေနရတဲ့ထုတ္ကုန္ေစ်းကြက္မွာ အဓိကျဖန္႔ျဖဴးေရာင္းခ်ေနတဲ့သူလည္းဟုတ္ပါတယ္။ တရုတ္ႏုိင္ငံ Mi Home Store ေတြမွာေရာင္းခ်ေနတာေတြကေတာ့ robot vacuum (ဖုန္စုပ္စက္), smart shoe ေတြ ေစ်းသက္သာတဲ့ စမတ္မီးသီးေတြ စမတ္ခ်ိန္ခြင္ေတြနဲ႔ smart luggage ေတြေတာင္ပါပါေသးတယ္။

ဒါေတြအျပင္ ေနာက္ထပ္အသစ္ထပ္မံဝင္ေရာက္လာတာကေတာ့ ကီးဘုတ္ေတြပါ။ ဒီဇုိင္းစတိုင္လ္ေလးက မိုက္တာေၾကာင့္ ေတာ္ေတာ္လည္း စိတ္ဝင္စားၾကတဲ့ ကီးဘုတ္တစ္ခုျဖစ္ျပီး နာမည္ကေတာ့ Yuemi MK01B လို႔ေခၚပါတယ္။ Xiaomi ရဲ႕တျခားက်န္တဲ့ထုတ္ကုန္ေတြလည္း သူလည္းလူၾကိဳက္မ်ားတဲ့ပစၥည္းေလးပါ။

Mechanical Keyboard ေတြက ဘာကြာသြားလဲ?

Xiaomi mechanical keyboard

ဒီေန႔ေခတ္ေရာင္းေနတဲ့ကီးဘုတ္အမ်ားစုက ေအာက္က ရာဘာ switch ေလးေတြနဲ႔ခံထားတာပါ။ ဒါေၾကာင့္ စာလံုးရိုက္ဖို႔အတြက္ ကီးကိုေအာက္ဆံုးထိဖိႏိွပ္ျပီးရုိက္မွ စာတစ္လံုးေပၚပါမယ္။ mechanical keyboard ေတြက်ေတာ့ key cap ရဲ႕ေအာက္ေလးမွာတင္ physical switch ေလးနဲ႔တြဲကပ္ထားတဲ့အတြက္ ေအာက္ဆံုးထိဖိႏိွပ္စရာမလုိပါဘူး။

စာရိုက္ရတာပိုလည္းျမန္ဆန္သလို တိလည္းတိက်တဲ့အတြက္ feedback လည္းေကာင္းေနပါတယ္။ switch ေတြလည္းအမ်ားၾကီးရိွတာေၾကာင့္ ကိုယ္ရုိက္ေနက်ကိုယ္သေဘာက်တဲ့ switch မ်ိဳးကိုရွာဝယ္လုိ႔လည္းရပါတယ္။ ေနာက္တစ္ခုက mechanical keyboard ေတြက ပံုမွန္ကီးဘုတ္ေတြထက္ ပိုရွည္ပါတယ္။

Yuemi MK01B မွာ key 87 ခုရိွျပီး ဒီဇုိင္းကိုၾကည့္ရတာကိုက တရုတ္ထုတ္နဲ႔မတူဘဲ Apple ရဲ႕ထုတ္ကုန္လုိ႔ေတာင္ ထင္ရေလာက္ေအာင္ မိုက္ေနပါတယ္။ Cherry MX Red switch ေတြနဲ႔ ကီးဘုတ္ကို အျဖဴေရာင္ဗားရွင္းအေနနဲ႔ထုတ္လုိက္ျပီး iMac ေတြ MacBook ေတြနဲ႔လည္း သံုးလို႔ရပါတယ္။

Xiaomi mechanical keyboard

သိပ္သည္းတဲ့ဒီဇုိင္းနဲ႔ တည္ေဆာက္မႈအရည္အေသြးေကာင္းတာအျပင္ matte black အေရာင္နဲ႔ အနီေရာင္ LED မီးေတြက ဂိမ္းသမားေတြအတြက္စြဲမက္စရာပါ။ key တစ္ခုစီရဲ႕ switch တုိင္းရဲ႕အေပၚမွာ အနီေရာင္ LED မီးပါျပီးေတာ့ ညာဘက္ေအာက္ေထာင့္မွာပါတဲ့ Fn key ကေန LED မီးေတြရဲ႕အေရာင္ကိုညိွလို႔ရပါတယ္။

Windows button, Caps Lock နဲ႔ Scroll Lock ဆိုတဲ့ Key သံုးခုမွာ အျပာေရာင္ LED ပါပါျပီးေတာ့ အဲဒီ key ေတြပြင့္ေနတဲ့အခ်ိန္ enable ျဖစ္ေနတဲ့အခ်ိန္မွာအျပာေရာင္မီးျပေနေပးမွာပါ။ အျဖဴေရာင္ဗားရွင္းမွာေတာ့ ကီးေတြအကုန္လံုးရဲ႕အေရာင္က အျဖဴေရာင္ျဖစ္ေနျပီးေတာ့ ဒီ ကီး၃ခုက အနီေရာင္ LED ကိုျပေပးထားမွာပါ။

Xiaomi mechanical keyboard

ေဘးဘက္မွာလည္းေဘာင္ေတြသိပ္မရိွတဲ့အတြက္ သယ္ရလည္းလြယ္ကူပါတယ္။ dimension ကေတာ့ 35.80 × 12.80× 3.16 cm ပါ။ ေက်ာဘက္ကေတာ့ အၾကမ္းခံႏုိင္တဲ့ အလူမီနီယမ္ျပားကိုသံုးထားတာေၾကာင့္ အေလးခ်ိန္က ၉၄၀ ဂရမ္ရိွသြားပါတယ္။ ေက်ာဘက္မွာ ရာဘာအခံေထာက္ကေလးေတြရိွျပီး 4cm ေလာက္ျမင့္ပါတယ္။

ၾကိဳးနဲ႔ကီးဘုတ္ျဖစ္ျပီး ထိပ္ဘယ္ဘက္ေထာင့္မွာ microUSB ၾကိဳးေလးပါပါတယ္။ ဘာ driver မွမလို ဘာမွ install လုပ္စရာမလိုဘဲ ၾကိဳးေလးကိုကြန္ပ်ဴတာရဲ႕USB ေပါက္မွာတပ္သံုးလုိက္ရင္ရပါျပီ။ ေစ်းႏႈနး္ကေတာ့ $100 ေလာက္ျဖစ္လို႔ ေစ်းသင့္တဲ့ကီးဘုတ္ထဲမွာေတာ့ မပါပါဘူး။ ဒါေပမယ့္ တည္ေဆာက္မႈအရည္အေသြးပိုင္းေရာ red LED ေတြနဲ႔ MX Blue switch ေတြအားလံုးကိုေပါင္းလိုက္ရင္ေတာ့ ေတာ္ေတာ္တန္တဲ့ကီးဘုတ္ထဲမွာပါပါတယ္။Xiaomi mechanical keyboard

Ref: Android Central

[Unicode]

Xiaomi mechanical keyboard

Xiaomi ကတော့ ထုတ်ကုန်အမိျုးအစားပေါင်း ၂၀၀၀ ကျော်လောက်ကိုထုတ်လုပ်ရောင်းချနေပြီးတော့ နေ့စဉ်လူမှုဘဝမှာအသုံးပြုနေရတဲ့ထုတ်ကုန်ဈေးကွက်မှာ အဓိကဖြန့်ဖြူးရောင်းချနေတဲ့သူလည်းဟုတ်ပါတယ်။ တရုတ်နိုင်ငံ Mi Home Store တွေမှာရောင်းချနေတာတွေကတော့ robot vacuum (ဖုန်စုပ်စက်), smart shoe တွေ ဈေးသက်သာတဲ့ စမတ်မီးသီးတွေ စမတ်ချိန်ခွင်တွေနဲ့ smart luggage တွေတောင်ပါပါသေးတယ်။

ဒါတွေအပြင် နောက်ထပ်အသစ်ထပ်မံဝင်ရောက်လာတာကတော့ ကီးဘုတ်တွေပါ။ ဒီဇိုင်းစတိုင်လ်လေးက မိုက်တာကြောင့် တော်တော်လည်း စိတ်ဝင်စားကြတဲ့ ကီးဘုတ်တစ်ခုဖြစ်ပြီး နာမည်ကတော့ Yuemi MK01B လို့ခေါ်ပါတယ်။ Xiaomi ရဲ့တခြားကျန်တဲ့ထုတ်ကုန်တွေလည်း သူလည်းလူကြိုက်များတဲ့ပစ္စည်းလေးပါ။

Mechanical Keyboard တွေက ဘာကွာသွားလဲ?

Xiaomi mechanical keyboard

ဒီနေ့ခေတ်ရောင်းနေတဲ့ကီးဘုတ်အများစုက အောက်က ရာဘာ switch လေးတွေနဲ့ခံထားတာပါ။ ဒါကြောင့် စာလုံးရိုက်ဖို့အတွက် ကီးကိုအောက်ဆုံးထိဖိနှိပ်ပြီးရိုက်မှ စာတစ်လုံးပေါ်ပါမယ်။ mechanical keyboard တွေကျတော့ key cap ရဲ့အောက်လေးမှာတင် physical switch လေးနဲ့တွဲကပ်ထားတဲ့အတွက် အောက်ဆုံးထိဖိနှိပ်စရာမလိုပါဘူး။

စာရိုက်ရတာပိုလည်းမြန်ဆန်သလို တိလည်းတိကျတဲ့အတွက် feedback လည်းကောင်းနေပါတယ်။ switch တွေလည်းအများကြီးရှိတာကြောင့် ကိုယ်ရိုက်နေကျကိုယ်သဘောကျတဲ့ switch မျိုးကိုရှာဝယ်လို့လည်းရပါတယ်။ နောက်တစ်ခုက mechanical keyboard တွေက ပုံမှန်ကီးဘုတ်တွေထက် ပိုရှည်ပါတယ်။

Yuemi MK01B မှာ key 87 ခုရှိပြီး ဒီဇိုင်းကိုကြည့်ရတာကိုက တရုတ်ထုတ်နဲ့မတူဘဲ Apple ရဲ့ထုတ်ကုန်လို့တောင် ထင်ရလောက်အောင် မိုက်နေပါတယ်။ Cherry MX Red switch တွေနဲ့ ကီးဘုတ်ကို အဖြူရောင်ဗားရှင်းအနေနဲ့ထုတ်လိုက်ပြီး iMac တွေ MacBook တွေနဲ့လည်း သုံးလို့ရပါတယ်။

Xiaomi mechanical keyboard

သိပ်သည်းတဲ့ဒီဇိုင်းနဲ့ တည်ဆောက်မှုအရည်အသွေးကောင်းတာအပြင် matte black အရောင်နဲ့ အနီရောင် LED မီးတွေက ဂိမ်းသမားတွေအတွက်စွဲမက်စရာပါ။ key တစ်ခုစီရဲ့ switch တိုင်းရဲ့အပေါ်မှာ အနီရောင် LED မီးပါပြီးတော့ ညာဘက်အောက်ထောင့်မှာပါတဲ့ Fn key ကနေ LED မီးတွေရဲ့အရောင်ကိုညှိလို့ရပါတယ်။

Windows button, Caps Lock နဲ့ Scroll Lock ဆိုတဲ့ Key သုံးခုမှာ အပြာရောင် LED ပါပါပြီးတော့ အဲဒီ key တွေပွင့်နေတဲ့အချိန် enable ဖြစ်နေတဲ့အချိန်မှာအပြာရောင်မီးပြနေပေးမှာပါ။ အဖြူရောင်ဗားရှင်းမှာတော့ ကီးတွေအကုန်လုံးရဲ့အရောင်က အဖြူရောင်ဖြစ်နေပြီးတော့ ဒီ ကီး၃ခုက အနီရောင် LED ကိုပြပေးထားမှာပါ။

Xiaomi mechanical keyboard

ဘေးဘက်မှာလည်းဘောင်တွေသိပ်မရှိတဲ့အတွက် သယ်ရလည်းလွယ်ကူပါတယ်။ dimension ကတော့ 35.80 × 12.80× 3.16 cm ပါ။ ကျောဘက်ကတော့ အကြမ်းခံနိုင်တဲ့ အလူမီနီယမ်ပြားကိုသုံးထားတာကြောင့် အလေးချိန်က ၉၄၀ ဂရမ်ရှိသွားပါတယ်။ ကျောဘက်မှာ ရာဘာအခံထောက်ကလေးတွေရှိပြီး 4cm လောက်မြင့်ပါတယ်။

ကြိုးနဲ့ကီးဘုတ်ဖြစ်ပြီး ထိပ်ဘယ်ဘက်ထောင့်မှာ microUSB ကြိုးလေးပါပါတယ်။ ဘာ driver မှမလို ဘာမှ install လုပ်စရာမလိုဘဲ ကြိုးလေးကိုကွန်ပျူတာရဲ့USB ပေါက်မှာတပ်သုံးလိုက်ရင်ရပါပြီ။ ဈေးနှုနး်ကတော့ $100 လောက်ဖြစ်လို့ ဈေးသင့်တဲ့ကီးဘုတ်ထဲမှာတော့ မပါပါဘူး။ ဒါပေမယ့် တည်ဆောက်မှုအရည်အသွေးပိုင်းရော red LED တွေနဲ့ MX Blue switch တွေအားလုံးကိုပေါင်းလိုက်ရင်တော့ တော်တော်တန်တဲ့ကီးဘုတ်ထဲမှာပါပါတယ်။Xiaomi mechanical keyboard

Ref: Android Central

You may be interested

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?
FEATURES
93 shares21 views

လူတစ္ေယာက္ရဲ႕အသိဉာဏ္နဲ႔ယွဥ္လာႏုိင္ေတာ့မယ့္ AI နည္းပညာဆုိတာ?

Nwe Oo - Jul 18, 2018

[Zawgyi] Artificial Intelligence (AI) ကိုဖန္တီးရတာေတာ္ေတာ္လည္းရႈပ္ေထြးတဲ့အလုပ္တစ္ခုျဖစ္သလို ကိုယ့္အေနနဲ႔ အေသးစိတ္ၾကီးနားလည္ေနဖုိ႔လည္းမလိုပါဘူး။ အခုရိွျပီးသား သိဉာဏ္တုနည္းပညာအမ်ားစုကေတာ့ လူေတြရဲ႕ဦးေႏွာက္လိုပဲ ေကာင္းေကာင္းခန္႔မွန္းတြက္ခ်က္ႏုိင္ပါတယ္။ ဒီလိုတြက္ခ်က္ဖို႔အတြက္ ေဒတာေတြေျမာက္မ်ားစြာထည့္သြင္းရျပီး လူေတြသိတဲ့အရာေတြကေန Model တစ္ခုတည္ေဆာက္ခိုင္း၊ လူေတြမသိတဲ့အရာေတြကို ခန္႔မွန္းခိုင္းလို႔ရႏုိင္ပါတယ္။ ဒီ AI န႔ဲ တျခားကြန္ပ်ဴတာပရိုဂရမ္ေတြနဲ႔ လံုးဝမတူတ့ဲတစ္ခ်က္ကေတာ့…

မိုဘိုင္းဖုန္းမ်ားအတြက္ 8GB LPDDR5 DRAM ေတြကို ထုတ္လုပ္ေတာ့မယ့္ Samsung
Samsung
119 shares18 views

မိုဘိုင္းဖုန္းမ်ားအတြက္ 8GB LPDDR5 DRAM ေတြကို ထုတ္လုပ္ေတာ့မယ့္ Samsung

Tha Ra - Jul 18, 2018

[Zawgyi] Samsung အေနနဲ႔ 8GB LPDDR5 DRAM Chip အေၾကာင္းေတြကို မေန႔ ညေနတုန္းက ေၾကျငာခဲ့တာ ျဖစ္ပါတယ္။ 8GB LPDDR5 ေတြဟာ ကုမၸဏီရဲ႕ ပထမဦးဆုံး 10nm အမ်ိဴးအစား Chip မ်ား ျဖစ္သလို 5G…

Xiaomi က ဇူလိုင္လ ၂၄ ရက္ေန႔မွာ Mi A2 Lite ကို မိတ္ဆက္မယ္လို႔ အတည္ျပဳ
Android, HUBS, Mobiles & Tablets
107 shares117 views

Xiaomi က ဇူလိုင္လ ၂၄ ရက္ေန႔မွာ Mi A2 Lite ကို မိတ္ဆက္မယ္လို႔ အတည္ျပဳ

Ko Thuya - Jul 18, 2018

ေရွာင္မီက တြစ္တာအေကာင့္ကေန Mi A2 ရဲ႕ သတင္းအခ်က္အလက္မ်ားကို အရိပ္အျမြက္ ျပသေနပါတယ္။ အခုေတာ့ Mi A2 နဲ႔အတူ Mi A2 Lite ကိုပါ မိတ္ဆက္မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ပထမ Tweet မွာ “ 2…

Leave a Comment

Most from this category