124 Shares 198 Views

ကေလးတို႔အတြက္ စမတ္ဖုန္းထက္ပိုစိတ္ခ်ရတဲ့စမတ္နာရီ myFirst Fone

Mar 01, 2018
124 198

[Zawgyi]

ခုေခတ္နည္းပညာေတြနဲ႔ကေလးေတြရဲ႕ ထိေတြ႔မႈကုိၾကည့္လိုက္ရင္ မေကာင္းတဲ့ပိုင္းမွာအားသာေနတာကိုေတြ႔ရပါတယ္။ ကေလးေတြကိုဆက္သြယ္ဖို႔ဆိုတဲ့အေၾကာင္းျပခ်က္တစ္ခုတည္းနဲ႔ စမတ္ဖုန္းေတြကိုေပးသံုးတာကမျဖစ္သင့္ဘူးလို႔ေတာ့ ထင္မိပါတယ္။ တကယ္တမ္းၾကည့္မယ္ဆိုရင္ ဆက္သြယ္ဖို႔အတြက္ စမတ္ဖုန္းထက္ပိုျပီးစိတ္ခ်လက္ခ်ေပးသံုးလို႔ရတဲ့ device ေတြအမ်ားၾကီးပါ။

ဒီေတာ့ကေလးေတြနဲ႔ရင္းႏွီးကြ်မ္းဝင္တဲ့စမတ္ဖုန္းဆိုတဲ့စာရင္းမွာဝင္ေရာက္လာတဲ့ပစၥည္းေလးတစ္ခုအေၾကာင္းေျပာျပရမွာပါ။ ကိုယ္ကိုယ္တိုင္ကလည္းကေလးေတြတစ္ေန႔တစ္ေန႔ LED screen ကိုအသည္းအသည္ၾကည့္၊ စာပုိ႔ၾက၊ ဂိမ္းကစားၾကနဲ႔ တျဖည္းျဖည္းနဲ႔ အျပင္ေလာကထဲကေနထြက္မွန္းမသိထြက္လာျပီး virtual world ထဲမွာေပ်ာ္ေမြ႔ရင္းအခ်ိန္ကုန္ၾကတာကို ႏွေျမာမိတဲ့အတြက္ ဒီပစၥည္းေလးကုိေတြ႔ေတာ့ ေတာ္ေတာ္ေလးသေဘာက်သြားပါတယ္။ သူကေတာ့ myFirstFoneလို႔ေခၚျပီးကေလးေတြနဲ႔လည္းဆက္သြယ္လို႔ရသူတို႔ရဲ႕လံုျခံဳမႈအတြက္ဆိုလည္းစိတ္ခ်ရတဲ့စမတ္နာရီေလးပါ။

Real-time video & voice calls and voice memos

စမတ္နာရီဆိုတာထက္ ဝတ္ဆင္လို႔ရတဲ့ စမတ္ဖုန္းအေသးစားေလးလို႔ေျပာရင္ပိုမွန္ပါမယ္။ ဖုန္းလိုပဲ voice call, video call အကုန္ေခၚလို႔ရျပီးmyFirstFoneအခ်င္းခ်င္းဒါမွမဟုတ္ Android/ iOSစမတ္ဖုန္းေတြဆီလည္းေခၚလို႔ရတဲ့အတြက္ ကိုယ့္ကေလးနဲ႔အျမဲအဆက္အသြယ္ျပတ္မွာမဟုတ္ပါဘူး။

Send text messages, emoticons and voice memos between myFirst Fone and a parent's smartphone

စာေတြ၊ အီမိုဂ်ီေတြ၊ အသံမက္ေဆ့ခ်္ေတြလည္းေပးပုိ႔လို႔ရျပီးကေလးေတြဆီစာတုိေလးေတြပို႔ေပးလို႔လည္းရပါတယ္။ ကိုယ့္ရဲ႕မက္ေဆ့ခ်္ေတြကိုကေလးေတြကအသံနဲ႔ျဖစ္ျဖစ္ အီမိုဂ်ီနဲ႔ျဖစ္ျဖစ္ စာနဲ႔ျဖစ္ျဖစ္ reply ျပန္လို႔ရပါတယ္။

Instantly send photos from myFirst Fone to a registered iOS or Android smartphone. Or vice versa

စမတ္ဖုန္းေတြကိုေပးထားရင္မွ ေပ်ာက္သြားရင္ပိုက္ဆံကုန္ပါဦးမယ္။ သူကေတာ့လက္မွာပတ္ထားရံုပဲဆိုေတာ့ အေပ်ာက္အရွအတြက္စိတ္ပူစရာမရိွပါဘူး။ GPS, WiFiနဲ႔ GSM တို႔နဲ႔ တိက်တဲ့ေနရာကိုေျခရာခံႏုိင္ျပီး indoor တည္ေနရာကိုရွာရင္ေတာင္မွ ၁၀မီတာအတြင္းမွာဆိုအတိအက်ျပေပးႏုိင္ပါယ္။

Real-time GPS tracking up to 20m / 65ft accuracy

အားလပ္ရက္ေတြမွာဆိုလည္း ကေလးေတြကို အိမ္နားမွာေဆာ့ကစားဖို႔  စိတ္ခ်ရတဲ့အကြာအေဝးတစ္ခုကိုသတ္မွတ္ေပးထားလို႔ရပါတယ္။ iOS or Android app မွာ လံုျခံဳစိတ္ခ်ရတဲ့အကြာအေဝးအထိ သတ္မွတ္ေပးထားျပီး အကြာအေဝးေက်ာ္သြားတာနဲ႔ လူၾကီးေတြရဲ႕စမတ္ဖုန္းဆီ အသိေပး ျပေပးမွာပါ။

Location-based alerts notify you when your child crosses the designated safety zone

Set a boundary through your iOS or Android smartphones. You can even specify the day and time!

myFirst Fone မွာ သတ္မွတ္ထားတဲ့ သြင္းထားတဲ့ တယ္လီဖုန္းနံပါတ္ေတြကေနပဲ ဖုန္းေခၚလို႔ရပါမယ္။ ဒီအတြက္ ဖုန္း contact ေတြထည့္ဖို႔ကိုလည္း မိဘေတြကိုယ္တိုင္ကေနပဲ ထိန္းခ်ဳပ္ႏုိင္တဲ့အတြက္ full control လုပ္ႏုိင္ပါတယ္။ အနီးအနားမွာ myFirst Fone  ၂လံုး၃လံုးရိွေနတယ္ဆိုရင္ သူ႔ကို shake လုပ္ျပီးအခ်င္းခ်င္းသူငယ္ခ်င္းဖြဲ႔လို႔ရပါတယ္။

white-list trusted numbers to prevent strangers from contacting your child

Send voice messages between multiple myFirst Fone devices

Care call feature ေလးကေတာ့ ကေလးရဲ႕အနီးအနားပတ္ဝန္းက်င္ကအသံေတြကို ၾကားႏုိင္မွာျဖစ္လို႔ ကေလးကစိတ္ခ်ရတဲ့ေနရာမွာရိွေနလားဆိုတာ သိႏိုင္ပါတယ္။ SOS ခလုတ္ေလးကို ႏိွပ္လိုက္တာနဲ႔ မိဘေတြဆီ အေရးေပၚတည္ေနရာအခ်က္ျပေရာက္လာျပီး ပတ္ဝန္းက်င္ကအသံေတြကို စကၠန္႔၃၀ေလာက္အသံဖမ္းျပီးပို႔ေပးမွာပါ။ ခုေခတ္ ကေလးေတြကိုစိတ္မခ်ရေတာ့ဘူးဆိုတ့ဲ မိဘေတြအတြက္ ကေလးကိုအျမဲတမ္းလံုျခံဳမႈေပးႏုိင္မယ္ စမတ္နာရီေလးပါ။

Know whether your child is having sufficient exercise

ဒါ့ျပင္က်န္းမာေရးအတြက္လမ္းေလွ်ာက္ဖို႔ ေျပးဖို႔ goal တစ္ခုခု မိဘေတြရဲ႕ iOS / Android app ကေနသတ္မွတ္ေပးႏုိင္ျပီး ေျခလွမ္းအေရအတြက္ျပည့္သြားမယ္ဆိုရင္ တစ္ခုခုဆုခ်ေပးလိုက္ပါ 😉 ဗီဒီယိုေကာေတြေျပာႏုိင္ဖို႔အတြက္ 1.3 megapixel full HD ကင္မရာေလးလည္းပါပါေသးတယ္။ မိဘေတြရဲ႕ စမတ္ဖုန္းဆီကေန ကေလးေတြဆီ ဗီဒီယိုေခၚဆိုျပီးဆက္သြယ္လို႔ရတဲ့အတြက္ feature ေတာ္ေတာ္စံုေနျပီလို႔ေျပာလို႔ရပါတယ္။

Take photos and make video calls on myFirst Fone

HD camera for photo taking and video calls     ဘက္ထရီသက္တမ္းကလည္း 600mAh ျဖစ္လို႔ နာရီ ၆၀ ေလာက္ထိခံပါတယ္။ အားသြင္းဖို႔အတြက္ကေတာ့ magnetic charger ေလးနဲ႔ျဖစ္လို႔ အနားမွာ myFirst Fone ေလးရိွေနရင္ သူ႔ဘာသာလာကပ္ျပီး အားသြင္းေပးပါလိမ့္မယ္။

Charging is made simple with the magnetic charger which automatically connects when myFirst Fone is placed nearby

အားလံုးျခံဳၾကည့္ရရင္ စမတ္ဖုန္းတစ္လံုးလုပ္ႏုိင္သေလာက္ အားလံုးလုပ္ႏုိင္ျပီး ကေလးအတြက္ေကာင္းက်ိဳးမရိွတဲ့ ဆိုရွယ္မီဒီယာေတြ၊ ဂိမ္းေတြမပါတဲ့အတြက္ ကုိယ့္ကေလးေတြကို စိတ္ခ်လက္ခ်ေပးသံုးႏုိင္တဲ့ စမတ္နာရီတစ္လံုးပါ။ ကိုယ့္ဆီဆက္သြယ္ႏုိင္ဖို႔ စမတ္ဖုန္းတစ္လုံးေပးထားတယ္ဆိုတဲ့အစား ကိုယ္နဲ႔အျမဲအဆက္အသြယ္မျပတ္မယ့္ ဒီလိုပစၥည္းမ်ိဳးကသာ တကယ္လံုျခံဳစိတ္ခ်ရတာျဖစ္လို႔ မိဘေတြအေနနဲ႔သံုးသင့္တဲ့ပစၥည္းေကာင္းေလးတစ္ခုလို႔ေတာ့ ျမင္မိပါတယ္။(ေစ်းႏႈန္းကလည္း US$ 89 ေလာက္ပဲရိွလို႔ စမတ္ဖုန္းတစ္လံုးေလာက္ေတာင္ ေစ်းမၾကီးပါဘူး)

ေအာက္မွာ ဗီဒီယိုေလးကိုၾကည့္လိုက္ပါဦး..

[Unicode]

ခုခေတ်နည်းပညာတွေနဲ့ကလေးတွေရဲ့ ထိတွေ့မှုကိုကြည့်လိုက်ရင် မကောင်းတဲ့ပိုင်းမှာအားသာနေတာကိုတွေ့ရပါတယ်။ ကလေးတွေကိုဆက်သွယ်ဖို့ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ စမတ်ဖုန်းတွေကိုပေးသုံးတာကမဖြစ်သင့်ဘူးလို့တော့ ထင်မိပါတယ်။ တကယ်တမ်းကြည့်မယ်ဆိုရင် ဆက်သွယ်ဖို့အတွက် စမတ်ဖုန်းထက်ပိုပြီးစိတ်ချလက်ချပေးသုံးလို့ရတဲ့ device တွေအများကြီးပါ။

ဒီတော့ကလေးတွေနဲ့ရင်းနှီးကျွမ်းဝင်တဲ့စမတ်ဖုန်းဆိုတဲ့စာရင်းမှာဝင်ရောက်လာတဲ့ပစ္စည်းလေးတစ်ခုအကြောင်းပြောပြရမှာပါ။ ကိုယ်ကိုယ်တိုင်ကလည်းကလေးတွေတစ်နေ့တစ်နေ့ LED screen ကိုအသည်းအသည်ကြည့်၊ စာပို့ကြ၊ ဂိမ်းကစားကြနဲ့ တဖြည်းဖြည်းနဲ့ အပြင်လောကထဲကနေထွက်မှန်းမသိထွက်လာပြီး virtual world ထဲမှာပျော်မွေ့ရင်းအချိန်ကုန်ကြတာကို နှမြောမိတဲ့အတွက် ဒီပစ္စည်းလေးကိုတွေ့တော့ တော်တော်လေးသဘောကျသွားပါတယ်။ သူကတော့ myFirstFoneလို့ခေါ်ပြီးကလေးတွေနဲ့လည်းဆက်သွယ်လို့ရသူတို့ရဲ့လုံခြုံမှုအတွက်ဆိုလည်းစိတ်ချရတဲ့စမတ်နာရီလေးပါ။

Real-time video & voice calls and voice memos

စမတ်နာရီဆိုတာထက် ဝတ်ဆင်လို့ရတဲ့ စမတ်ဖုန်းအသေးစားလေးလို့ပြောရင်ပိုမှန်ပါမယ်။ ဖုန်းလိုပဲ voice call, video call အကုန်ခေါ်လို့ရပြီးmyFirstFoneအချင်းချင်းဒါမှမဟုတ် Android/ iOSစမတ်ဖုန်းတွေဆီလည်းခေါ်လို့ရတဲ့အတွက် ကိုယ့်ကလေးနဲ့အမြဲအဆက်အသွယ်ပြတ်မှာမဟုတ်ပါဘူး။

Send text messages, emoticons and voice memos between myFirst Fone and a parent's smartphone

စာတွေ၊ အီမိုဂျီတွေ၊ အသံမက်ဆေ့ချ်တွေလည်းပေးပို့လို့ရပြီးကလေးတွေဆီစာတိုလေးတွေပို့ပေးလို့လည်းရပါတယ်။ ကိုယ့်ရဲ့မက်ဆေ့ချ်တွေကိုကလေးတွေကအသံနဲ့ဖြစ်ဖြစ် အီမိုဂျီနဲ့ဖြစ်ဖြစ် စာနဲ့ဖြစ်ဖြစ် reply ပြန်လို့ရပါတယ်။

Instantly send photos from myFirst Fone to a registered iOS or Android smartphone. Or vice versa

စမတ်ဖုန်းတွေကိုပေးထားရင်မှ ပျောက်သွားရင်ပိုက်ဆံကုန်ပါဦးမယ်။ သူကတော့လက်မှာပတ်ထားရုံပဲဆိုတော့ အပျောက်အရှအတွက်စိတ်ပူစရာမရှိပါဘူး။ GPS, WiFiနဲ့ GSM တို့နဲ့ တိကျတဲ့နေရာကိုခြေရာခံနိုင်ပြီး indoor တည်နေရာကိုရှာရင်တောင်မှ ၁၀မီတာအတွင်းမှာဆိုအတိအကျပြပေးနိုင်ပါယ်။

Real-time GPS tracking up to 20m / 65ft accuracy

အားလပ်ရက်တွေမှာဆိုလည်း ကလေးတွေကို အိမ်နားမှာဆော့ကစားဖို့ စိတ်ချရတဲ့အကွာအဝေးတစ်ခုကိုသတ်မှတ်ပေးထားလို့ရပါတယ်။ iOS or Android app မှာ လုံခြုံစိတ်ချရတဲ့အကွာအဝေးအထိ သတ်မှတ်ပေးထားပြီး အကွာအဝေးကျော်သွားတာနဲ့ လူကြီးတွေရဲ့စမတ်ဖုန်းဆီ အသိပေး ပြပေးမှာပါ။

Location-based alerts notify you when your child crosses the designated safety zone

Set a boundary through your iOS or Android smartphones. You can even specify the day and time!

myFirst Fone မှာ သတ်မှတ်ထားတဲ့ သွင်းထားတဲ့ တယ်လီဖုန်းနံပါတ်တွေကနေပဲ ဖုန်းခေါ်လို့ရပါမယ်။ ဒီအတွက် ဖုန်း contact တွေထည့်ဖို့ကိုလည်း မိဘတွေကိုယ်တိုင်ကနေပဲ ထိန်းချုပ်နိုင်တဲ့အတွက် full control လုပ်နိုင်ပါတယ်။ အနီးအနားမှာ myFirst Fone ၂လုံး၃လုံးရှိနေတယ်ဆိုရင် သူ့ကို shake လုပ်ပြီးအချင်းချင်းသူငယ်ချင်းဖွဲ့လို့ရပါတယ်။

white-list trusted numbers to prevent strangers from contacting your child

Send voice messages between multiple myFirst Fone devices

Care call feature လေးကတော့ ကလေးရဲ့အနီးအနားပတ်ဝန်းကျင်ကအသံတွေကို ကြားနိုင်မှာဖြစ်လို့ ကလေးကစိတ်ချရတဲ့နေရာမှာရှိနေလားဆိုတာ သိနိုင်ပါတယ်။ SOS ခလုတ်လေးကို နှိပ်လိုက်တာနဲ့ မိဘတွေဆီ အရေးပေါ်တည်နေရာအချက်ပြရောက်လာပြီး ပတ်ဝန်းကျင်ကအသံတွေကို စက္ကန့်၃၀လောက်အသံဖမ်းပြီးပို့ပေးမှာပါ။ ခုခေတ် ကလေးတွေကိုစိတ်မချရတော့ဘူးဆိုတ့ဲ မိဘတွေအတွက် ကလေးကိုအမြဲတမ်းလုံခြုံမှုပေးနိုင်မယ် စမတ်နာရီလေးပါ။

Know whether your child is having sufficient exercise

ဒါ့ပြင်ကျန်းမာရေးအတွက်လမ်းလျှောက်ဖို့ ပြေးဖို့ goal တစ်ခုခု မိဘတွေရဲ့ iOS / Android app ကနေသတ်မှတ်ပေးနိုင်ပြီး ခြေလှမ်းအရေအတွက်ပြည့်သွားမယ်ဆိုရင် တစ်ခုခုဆုချပေးလိုက်ပါ 😉 ဗီဒီယိုကောတွေပြောနိုင်ဖို့အတွက် 1.3 megapixel full HD ကင်မရာလေးလည်းပါပါသေးတယ်။ မိဘတွေရဲ့ စမတ်ဖုန်းဆီကနေ ကလေးတွေဆီ ဗီဒီယိုခေါ်ဆိုပြီးဆက်သွယ်လို့ရတဲ့အတွက် feature တော်တော်စုံနေပြီလို့ပြောလို့ရပါတယ်။

Take photos and make video calls on myFirst Fone

HD camera for photo taking and video calls ဘက်ထရီသက်တမ်းကလည်း 600mAh ဖြစ်လို့ နာရီ ၆၀ လောက်ထိခံပါတယ်။ အားသွင်းဖို့အတွက်ကတော့ magnetic charger လေးနဲ့ဖြစ်လို့ အနားမှာ myFirst Fone လေးရှိနေရင် သူ့ဘာသာလာကပ်ပြီး အားသွင်းပေးပါလိမ့်မယ်။

Charging is made simple with the magnetic charger which automatically connects when myFirst Fone is placed nearby

အားလုံးခြုံကြည့်ရရင် စမတ်ဖုန်းတစ်လုံးလုပ်နိုင်သလောက် အားလုံးလုပ်နိုင်ပြီး ကလေးအတွက်ကောင်းကျိုးမရှိတဲ့ ဆိုရှယ်မီဒီယာတွေ၊ ဂိမ်းတွေမပါတဲ့အတွက် ကိုယ့်ကလေးတွေကို စိတ်ချလက်ချပေးသုံးနိုင်တဲ့ စမတ်နာရီတစ်လုံးပါ။ ကိုယ့်ဆီဆက်သွယ်နိုင်ဖို့ စမတ်ဖုန်းတစ်လုံးပေးထားတယ်ဆိုတဲ့အစား ကိုယ်နဲ့အမြဲအဆက်အသွယ်မပြတ်မယ့် ဒီလိုပစ္စည်းမျိုးကသာ တကယ်လုံခြုံစိတ်ချရတာဖြစ်လို့ မိဘတွေအနေနဲ့သုံးသင့်တဲ့ပစ္စည်းကောင်းလေးတစ်ခုလို့တော့ မြင်မိပါတယ်။(ဈေးနှုန်းကလည်း US$ 89 လောက်ပဲရှိလို့ စမတ်ဖုန်းတစ်လုံးလောက်တောင် ဈေးမကြီးပါဘူး)

အောက်မှာ ဗီဒီယိုလေးကိုကြည့်လိုက်ပါဦး..

You may be interested

DisplayMate ရဲ႕ အေကာင္းဆံုး မ်က္ႏွာျပင္ အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

DisplayMate ရဲ႕ အေကာင္းဆံုး မ်က္ႏွာျပင္ အျဖစ္ သတ္မွတ္ခံလိုက္ရတဲ့ iPhone XS Max

Ko Thuya - Sep 26, 2018

Samsung Galaxy Note 9 ထြက္ရွိၿပီး သိပ္မၾကာခင္မွာပဲ DisplayMate က သူ႔ကို စမ္းသပ္ခဲ့ၿပီး ထြက္ရွိၿပီး သမွ် စမတ္ဖုန္းမ်ားထဲမွာ သူဟာ အေကာင္းဆံုး မ်က္ႏွာျပင္ကို ပိုင္ဆိုင္ထားတယ္လို႔ သံုးသပ္ခဲ့ပါတယ္။ အခုေတာ့ Note 9 ရဲ႕ သရဖူကို…

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
139 shares48 views

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ iPhone XS နဲ႔ iPhone XS Max တို႔ကို ေရာင္းခ်ေပးလိုက္ပါတယ္။ Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက္…

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ
HUBS, Microsoft
68 shares20 views

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ

Creepy Tyler - Sep 25, 2018

Microsoft ကေတာ့ Surface Hub 2 ကို ျပသခဲ့ၿပီး ၊ ေနာက္ဆံုးထြက္ျဖစ္လာမယ့္ ဒီ device မွာ ပါလာမယ့္  Rotating Display အမည္ရ device ပံုစံအတုိင္း လိုက္ေလ်ာညီေထြ ေျပာင္းလဲျပသေပးမယ့္ နည္းပညာကိုလည္း တစ္ခါတည္း ျပသခဲ့ပါတယ္။…

Leave a Comment

Most from this category