658 Shares 211 Views

iPhone X ရဲ႕ Notch Design ပါလာမယ့္ OnePlus 6

Mar 01, 2018
658 211

Apple iPhone X ရဲ႕ Notch Design ကို အျခား စမတ္ဖုန္း ထုတ္လုပ္သူမ်ားက ေကာ္ပီကူးလာၾကပါတယ္။ အဲဒီအထဲမွာ OnePlus လည္း ပါ၀င္လာတဲ့ ပံုေပၚပါတယ္။ တရုတ္ ၀က္ဆိုက္ ITHome ကေန OnePlus 6 သို႔မဟုတ္ 7 လို႔ ထင္ရတဲ့ ဖုန္းရဲ႕ ဓါတ္ပံုမ်ား ထြက္ေပၚလာပါတယ္။ သူ႔မွာ iPhone X လို Notch နဲ႔ အေနာက္ ဖန္ကိုယ္ထည္ ပါလာပါတယ္။ လက္ေဗြရာ အာရံုခံ ကိရိယာကိုလညး္ အေနာက္ဘက္မွာ တပ္ဆင္ထားတာကို ေတြ႕ရပါတယ္။

Bezel-less Smartphone Design ျဖစ္တဲ့အတြက္ မ်က္နွာျပင္ေဘးေဘာင္မ်ား အလြန္ပါးလႊာပါတယ္။ သူ႔မွာ 6GB RAM , 64GB Internal Storage မ်ား ထည့္သြင္းထားတာက ယခုေနာက္ဆံုးထုတ္ OnePlus Phone နဲ႔ တူညီပါတယ္။ အေနာက္ဘက္မွာ ဖန္ကိုယ္ထည္ တပ္ဆင္ထားတဲ့အတြက္ ႀကိဳးမဲ့ အားသြင္းနည္းပညာ ထည့္သြင္းထားႏုိင္ပါတယ္။

ယခုေပါက္ၾကားထြက္ေပၚလာတဲ့ ဓါတ္ပံုအရ သူဟာ Prototype အဆင့္သာ ရွိပါေသးတယ္။ Notch ထည့္သြင္းထားတာကလည္း အဆင္ေျပလာမွာပါ။ Android P မွာ Notch နဲ႔ အဆင္ေျပစြာ အလုပ္လုပ္တဲ့ Apps မ်ားကို ေထာက္ပံ့မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ယခုထြက္ေပၚလာတဲ့ ဓါတ္ပံုသာ မွန္ကန္မယ္ဆိုရင္ OnePlus 6 ဟာ ယခင္ေမာ္ဒယ္မ်ားနဲ႔ ဒီဇိုင္းလံုး၀ျခားနားလာမွာ ျဖစ္ပါတယ္။

Ref : tnw
unicode

iPhone X ရဲ့ Notch Design ပါလာမယ့် OnePlus 6

Apple iPhone X ရဲ့ Notch Design ကို အခြား စမတ်ဖုန်း ထုတ်လုပ်သူများက ကော်ပီကူးလာကြပါတယ်။ အဲဒီအထဲမှာ OnePlus လည်း ပါဝင်လာတဲ့ ပုံပေါ်ပါတယ်။ တရုတ် ဝက်ဆိုက် ITHome ကနေ OnePlus 6 သို့မဟုတ် 7 လို့ ထင်ရတဲ့ ဖုန်းရဲ့ ဓါတ်ပုံများ ထွက်ပေါ်လာပါတယ်။ သူ့မှာ iPhone X လို Notch နဲ့ အနောက် ဖန်ကိုယ်ထည် ပါလာပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကိုလည်း အနောက်ဘက်မှာ တပ်ဆင်ထားတာကို တွေ့ရပါတယ်။

Bezel-less Smartphone Design ဖြစ်တဲ့အတွက် မျက်နှာပြင်ဘေးဘောင်များ အလွန်ပါးလွှာပါတယ်။ သူ့မှာ 6GB RAM , 64GB Internal Storage များ ထည့်သွင်းထားတာက ယခုနောက်ဆုံးထုတ် OnePlus Phone နဲ့ တူညီပါတယ်။ အနောက်ဘက်မှာ ဖန်ကိုယ်ထည် တပ်ဆင်ထားတဲ့အတွက် ကြိုးမဲ့ အားသွင်းနည်းပညာ ထည့်သွင်းထားနိုင်ပါတယ်။

ယခုပေါက်ကြားထွက်ပေါ်လာတဲ့ ဓါတ်ပုံအရ သူဟာ Prototype အဆင့်သာ ရှိပါသေးတယ်။ Notch ထည့်သွင်းထားတာကလည်း အဆင်ပြေလာမှာပါ။ Android P မှာ Notch နဲ့ အဆင်ပြေစွာ အလုပ်လုပ်တဲ့ Apps များကို ထောက်ပံ့မယ်လို့ မျှော်လင့်ရပါတယ်။ ယခုထွက်ပေါ်လာတဲ့ ဓါတ်ပုံသာ မှန်ကန်မယ်ဆိုရင် OnePlus 6 ဟာ ယခင်မော်ဒယ်များနဲ့ ဒီဇိုင်းလုံးဝခြားနားလာမှာ ဖြစ်ပါတယ်။

Ref : tnw

You may be interested

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္
Mobiles & Tablets, NEWS
0 shares0 views

ဖိအားသိ AMOLED Display နဲ႔ Black Shark 2 ဂိမ္းမင္းဖုန္းကို Xiaomi မိတ္ဆက္

Nigma - Mar 19, 2019

ယေန႔မွာ Xiaomi က မ်ိဳးဆက္သစ္ Black Shark 2 ဂိမ္းမင္းဖုန္းကို မိတ္ဆက္လိုက္ပါတယ္။ ပထမ Black Shark ဖုန္းက နာမည္ေကာင္းရခဲ့သလိုပဲ အခု Black Shark 2 ဟာလည္း ေသခ်ာေပါက္ လူႀကိဳက္မ်ားမယ့္ ဖုန္းတလုံးပါ။ Black…

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ
Android, HUBS, Mobiles & Tablets
75 shares143 views

OPPO က တန္ဖိုးနည္း A5s ကို ေၾကညာ

Ko Thuya - Mar 19, 2019

OPPO A5 ရဲ႕ အမႊာတစ္ေယာက္ ထြက္ေပၚလာပါတယ္။ သူကေတာ့ OPPO A5s ျဖစ္ပါတယ္။ အခ်ိဳ႕ ႏိုင္ငံမ်ားမွာ သူ႔ကို AX5 , AX5s အမည္မ်ားနဲ႔ ေရာင္းခ်မွာ ျဖစ္ပါတယ္။ AX5 မွာ Helio P35 နဲ႔…

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္
Local, Local News, Mobiles & Tablets
87 shares33 views

Vivo မွ V15 အားမိတ္ဆက္ျခင္း ၾကိဳတင္မွာယူျခင္းျဖင့္ အထူးလက္ေဆာင္ပစၥည္းရရွိနိုင္ပါသည္

Ko Ko PR - Mar 19, 2019

ဆန္းသစ္လွပသည့္ Vivo V15 Pro စမတ္ဖုန္းကို မိတ္ဆက္ၿပီးသည့္ေနာက္ Vivo Myanmar မွ Vivo V15 ကို ထပ္မံ ျဖန္႔ခ်ီေတာ့မည္ျဖစ္သည္။ ယခင္ V15Pro ကဲ့သို႔ ဆန္းသစ္လွပေသာ ျမင့္တက္ပြင့္ထြက္လာသည့္ ေရွ႕ကင္မရာ၊ ၆.၅၃ လက္မ ရွိမွန္သားျပင္အျပည့္မ်က္ႏွာျပင္…

Leave a Comment

Most from this category