381 Shares 122 Views

ေနရာသက္သာေအာင္ SIM ကဒ္ေတြကုိ ပရိုဆက္ဆာမွာထည့္သြင္းဖန္တီးေတာ့မယ့္ ARM

Mar 02, 2018
381 122

[Zawgyi]

ခုေနာက္ပိုင္း စမတ္ဖုန္းေတြက အတြင္းပိုင္းမွာေနရာပိုမ်ားမ်ားရလာေအာင္ အကုန္လံုးစမ္းသပ္ၾကိဳးစားလာၾကသလိုပါပဲ။ နားၾကပ္ေပါက္ဖယ္တာကလည္း ေနရာပိုရခ်င္တာေၾကာင့္ျဖစ္ျပီး SIM ကဒ္ေပါက္ေတြျဖဳတ္ခ်င္လာၾကတာလည္း ေနရာလြတ္လိုခ်င္လို႔ပါပဲ။ တစ္သက္လံုးအသားက်လာခဲ့တဲ့ SIM ကဒ္ေတြကိုအစားထိုးမယ့္နည္းပညာကေတာ့ ARM ရဲ႕ iSIM နည္းပညာပါ။

GSMA Embedded SIM Specification ရဲ႕သေဘာတူညီမႈနဲ႔ iSIM ကို IoT(Internet of Things) device ေတြအတြက္ဒီဇိုင္းဆြဲဖန္တီးျပီးပါျပီ။ ARM က ဆိုထားတဲ့အတိုင္းဆို ပရိုဆက္ဆာမွာ iSIM ေတြကိုထည့္သြင္းသြားမွာျဖစ္ျပီး ၁စတုရန္းမီလီမီတာေလာက္ပဲ နည္းနည္းေနရာပုိယူသြားမွာပါ။

Nano SIM ကဒ္ေတြေသးတယ္ဆိုတာေတာင္မွ 12.3× 8.8 mm ေလာက္ရိွတဲ့အတြက္ေနရာေပးေနရပါေသးတယ္။ ဆင္းမ္ကဒ္ေတြအတြက္သာ ေနရာေလွ်ာ့ခ်ႏုိင္ရင္ တျခားအစိတ္အပိုင္းေတြအတြက္ ေနရာပိုရလာမွာပါ။

အဓိကေမးရမယ့္ေမးခြန္းက iSIM ေတြကို က်ယ္က်ယ္ျပန္႔ျပန္႔သံုးလာႏုိင္ပါ့မလားဆိုတာပါ။ eSIM လို ဆင္းမ္ကဒ္သက္သက္ေတာင္မွ ဖုန္းထုတ္လုပ္သူေတြကမသံုးေသးတာေၾကာင့္ iSIM ေတြသံုးဖို႔အလားအလာက နည္းေနပါေသးတယ္။ ZTE Quartz, Apple Watch Series 3 နဲ႔ Google Pixel 2 ဖုန္းေတြမွာဆို eSIM ေတြသံုးလာေပမယ့္ တျခား device ေတြကေတာ့ သံုးဖို႔စီစဥ္ေနတုန္းပဲရိွပါေသးတယ္။

ေနာက္ဆံုးမွာေတာ့ ARM က carrier ေတြအေနနဲ႔ IoT device ေတြနဲ႔ သူတို႔ရဲ႕ network ေတြကိုခ်ိတ္ဆက္ဖို႔ iSIM ေတြကိုသံုးလာလိမ့္မယ္လို႔ယံုၾကည္ထားပါတယ္။ သူ႔ရဲ႕ iSIM ဒီဇုိင္းေတြကိုလည္း ပါတနာကုမၸဏီေတြဆီပို႔ထားျပီး ဒီႏွစ္ကုန္မွာျမင္ေတြ႔ရႏုိင္ေခ်ရိွပါတယ္။ စမတ္ဖုန္းေတြမွာသာ iSIM ေတြသံုးလာမယ္ဆိုရင္ ေနာက္ ၂ႏွစ္ ၃ႏွစ္အတြင္း SIM ကဒ္ေတြကိုေဘးခ်ိတ္ႏုိင္ေတာ့မယ္ထင္ပါတယ္။

[Unicode]

ခုနောက်ပိုင်း စမတ်ဖုန်းတွေက အတွင်းပိုင်းမှာနေရာပိုများများရလာအောင် အကုန်လုံးစမ်းသပ်ကြိုးစားလာကြသလိုပါပဲ။ နားကြပ်ပေါက်ဖယ်တာကလည်း နေရာပိုရချင်တာကြောင့်ဖြစ်ပြီး SIM ကဒ်ပေါက်တွေဖြုတ်ချင်လာကြတာလည်း နေရာလွတ်လိုချင်လို့ပါပဲ။ တစ်သက်လုံးအသားကျလာခဲ့တဲ့ SIM ကဒ်တွေကိုအစားထိုးမယ့်နည်းပညာကတော့ ARM ရဲ့ iSIM နည်းပညာပါ။

GSMA Embedded SIM Specification ရဲ့သဘောတူညီမှုနဲ့ iSIM ကို IoT(Internet of Things) device တွေအတွက်ဒီဇိုင်းဆွဲဖန်တီးပြီးပါပြီ။ ARM က ဆိုထားတဲ့အတိုင်းဆို ပရိုဆက်ဆာမှာ iSIM တွေကိုထည့်သွင်းသွားမှာဖြစ်ပြီး ၁စတုရန်းမီလီမီတာလောက်ပဲ နည်းနည်းနေရာပိုယူသွားမှာပါ။

Nano SIM ကဒ်တွေသေးတယ်ဆိုတာတောင်မှ 12.3× 8.8 mm လောက်ရှိတဲ့အတွက်နေရာပေးနေရပါသေးတယ်။ ဆင်းမ်ကဒ်တွေအတွက်သာ နေရာလျှော့ချနိုင်ရင် တခြားအစိတ်အပိုင်းတွေအတွက် နေရာပိုရလာမှာပါ။

အဓိကမေးရမယ့်မေးခွန်းက iSIM တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာနိုင်ပါ့မလားဆိုတာပါ။ eSIM လို ဆင်းမ်ကဒ်သက်သက်တောင်မှ ဖုန်းထုတ်လုပ်သူတွေကမသုံးသေးတာကြောင့် iSIM တွေသုံးဖို့အလားအလာက နည်းနေပါသေးတယ်။ ZTE Quartz, Apple Watch Series 3 နဲ့ Google Pixel 2 ဖုန်းတွေမှာဆို eSIM တွေသုံးလာပေမယ့် တခြား device တွေကတော့ သုံးဖို့စီစဉ်နေတုန်းပဲရှိပါသေးတယ်။

နောက်ဆုံးမှာတော့ ARM က carrier တွေအနေနဲ့ IoT device တွေနဲ့ သူတို့ရဲ့ network တွေကိုချိတ်ဆက်ဖို့ iSIM တွေကိုသုံးလာလိမ့်မယ်လို့ယုံကြည်ထားပါတယ်။ သူ့ရဲ့ iSIM ဒီဇိုင်းတွေကိုလည်း ပါတနာကုမ္ပဏီတွေဆီပို့ထားပြီး ဒီနှစ်ကုန်မှာမြင်တွေ့ရနိုင်ချေရှိပါတယ်။ စမတ်ဖုန်းတွေမှာသာ iSIM တွေသုံးလာမယ်ဆိုရင် နောက် ၂နှစ် ၃နှစ်အတွင်း SIM ကဒ်တွေကိုဘေးချိတ်နိုင်တော့မယ်ထင်ပါတယ်။

Ref: AndroidAuthority

You may be interested

Split Screen ပါတဲ့ Browser ကို iPad အတြက္ ထုတ္လုပ္ေပးလိုက္တဲ့ Mozilla Firefox

Ko Thuya - Mar 25, 2019

Mozilla က iPad အတြက္ Firefox Browser Version တစ္ခုကို ထုတ္လုပ္ေပးလိုက္ပါတယ္။ အုိင္ပတ္မ်ားမွာ အထာက်က်နဲ႔ အင္တာနက္ ၾကည့္ႏုိင္မွာပါ။ အရြယ္ႀကီး အိုင္ပတ္မွာ သံုးလို႔ေကာင္းေအာင္ ဒီဇိုင္းထုတ္ထားတဲ့ ဘေရာက္စာ ပါ။ Firefox for iPad ကို…

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ
NEWS, Security & Safety, Softwares & Application
81 shares36 views

American Airlines က Boeing 737 ေၾကာင့္တစ္ရက္လွ်င္ ခရီးစဥ္ ၉၀ ဖ်က္ေနရ

Ko Thuya - Mar 25, 2019

ၿပီးခဲ့တဲ့ ၆ လအတြင္းမွာ Boeing 737 Max 8 ေလယာဥ္ ၂ စီး ပ်က္က်ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၆ လက အဲဒီ ေလယာဥ္အမ်ိဳးအစား တစ္စီးဟာ အင္ဒိုနီးရွား ကမ္းရိုးတန္းမွာ ပ်က္က်ခဲ့ၿပီး လူေပါင္း ၁၈၉ ဦး…

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္
Apple, Gadgets, NEWS
40 shares24 views

ႀကိဳးလုံးဝ မပါေတာ့မယ့္ true wireless Beats နားၾကပ္အသစ္ကို ဧၿပီလ မိတ္ဆက္မည္

Nigma - Mar 25, 2019

Apple ပိုင္တဲ့ Beats က ႀကိဳးလုံးဝမပါေတာ့မယ့္ Powerbeats earbuds နားၾကပ္အသစ္ကို ဧၿပီလအတြင္း မိတ္ဆက္သြားေတာ့မွာ ျဖစ္ပါတယ္။ အရင္ Powerbeats Wireless ေတြတုန္းကလည္း ႀကိဳးမဲ့နားၾကပ္ဆိုေပမယ့္ နားၾကပ္ႏွစ္ဖက္ကို ခ်ိတ္ဆက္ထားေတာ့ ႀကိဳးေတာ့ ပါရွိပါေသးတယ္။ အသစ္ထြက္မယ့္ Powerbeats က…

Leave a Comment

Most from this category