4755 Shares 9306 Views

အတိတ္ကေနလက္ရိွကာလအထိကို တြဲစပ္ရိုက္ကူးထားတဲ့ Nokia ရဲ႕ၾကည္ႏူးဖြယ္ရာဗီဒီယုိေၾကာ္ျငာေလး

Feb 28, 2018
4755 9306

[Zawgyi]

ေၾကာ္ျငာဗီဒီယုိေတြရိုက္ကူးတဲ့အခါမွာ စိတ္ႏွလံုးထဲထိ ခံစားခ်က္ကိုပါထိတဲ့ေၾကာ္ျငာမ်ိဳး ရိုက္ႏုိင္တဲ့ စမတ္ဖုန္းထုတ္လုပ္သူေတြဆိုတာ ေတာ္ေတာ္ေတာ့နည္းပါတယ္။ သူမ်ားေတြကိုတုိက္ခိုက္ခ်ိဳးႏိွမ္ျပီးမွ နာမည္ၾကီးလာတဲ့ေၾကာ္ျငာေတြလည္း ရိွခဲ့ေပမယ့္ သူတို႔ကလူေတြရဲ႕စိတ္ထဲၾကာၾကာမစြဲႏုိင္ပါဘူး။ TV မွာေၾကာ္ျငာခဲ့ဖူးတဲ့ ခုခ်ိန္ထိလည္းအမွတ္ရေနတဲ့ Samsung ရဲ႕ငွက္ကုလားအုတ္ေၾကာ္ျငာလိုမ်ိဳးပါပဲ။ (Samsung ရဲ႕ ငွက္ကုလားအုတ္ေၾကာ္ျငာကိုေတာ့ ေအာက္မွာေဖာ္ျပေပးလိုက္ပါတယ္)

အခုလည္း Nokia ကေန စိတ္ထဲကိုခံစားခ်က္တစ္ခုေပးစြမ္းႏုိင္တဲ့ေၾကာ္ျငာဗီဒီယုိတစ္ခု ထြက္လာပါတယ္။ သာမန္ျမင္ရတတ္တဲ့ဖုန္းေၾကာ္ျငာေတြထက္ေတာ့ ပိုေကာင္းတဲ့ေၾကာ္ျငာေလးလို႔ေျပာလို႔ရပါတယ္။ ဗီဒီယိုထဲမွာေတာ့ အခင္ဆံုးသူငယ္ခ်င္း၂ေယာက္ ေက်ာင္းမွာအုပ္စုဖြဲအႏုိင္က်င့္သူေတြကိုရင္ဆိုင္ရင္းနဲ႔စခင္မိရာကေန တစ္ေယာက္ရဲ႕အဆိုးအေကာင္းေတြမွ်ေဝရင္း ေနာက္ဆံုး ေယာက္်ားတစ္ေယာက္ရဲ႕ဘဝမွာအေကာင္းဆံုးပြဲေလးတစ္ခုျဖစ္တဲ့လက္ထပ္ပြဲ၊ ျပီးေတာ့ ကေလးေလးေမြးတဲ့အခ်ိန္ထိမွာအဆံုးသတ္ျပီးရိုက္ကူးထားပါတယ္။ ေအာက္မွာေတာ့ Nokia ရဲ႕ရင္ထဲထိတယ္ဆိုတဲ့ ေၾကာ္ျငာဗီဒီယိုေလးကိုေဖာ္ျပေပးလိုက္ပါတယ္။

ဒါကလည္း တီဗီေၾကာ္ျငာျဖစ္ျပီး အဓိကကေတာ့ Nokia ရဲ႕ဖုန္းေတြပါ။ ပထမဆံုးစလာကတည္းက သူငယ္ခ်င္း၂ေယာက္လံုးသံုးခဲ့တာ Nokia ဖုန္းေတြျဖစ္ျပီး ပထမပိုင္းမွာပါတဲ့ဖုန္းေလးကေတာ့ Nokia 3310 ဖုန္းေတြပါ။ ေနာက္ဆံုးအဆံုးသတ္မွာျပသြားတဲ့ဖုန္းေလးက မၾကာေသးခင္ကပဲ MWC ပြဲမွာ ပူပူေႏြးေႏြးမိတ္ဆက္သြားခဲ့တဲ့ Nokia ရဲ႕ေနာက္ဆံုးထြက္စမတ္ဖုန္းေလးျဖစ္ပါတယ္။

Ref: PhoneArena

[Unicode]

ကြော်ငြာဗီဒီယိုတွေရိုက်ကူးတဲ့အခါမှာ စိတ်နှလုံးထဲထိ ခံစားချက်ကိုပါထိတဲ့ကြော်ငြာမျိုး ရိုက်နိုင်တဲ့ စမတ်ဖုန်းထုတ်လုပ်သူတွေဆိုတာ တော်တော်တော့နည်းပါတယ်။ သူများတွေကိုတိုက်ခိုက်ချိုးနှိမ်ပြီးမှ နာမည်ကြီးလာတဲ့ကြော်ငြာတွေလည်း ရှိခဲ့ပေမယ့် သူတို့ကလူတွေရဲ့စိတ်ထဲကြာကြာမစွဲနိုင်ပါဘူး။ TV မှာကြော်ငြာခဲ့ဖူးတဲ့ ခုချိန်ထိလည်းအမှတ်ရနေတဲ့ Samsung ရဲ့ငှက်ကုလားအုတ်ကြော်ငြာလိုမျိုးပါပဲ။ (Samsung ရဲ့ ငှက်ကုလားအုတ်ကြော်ငြာကိုတော့ အောက်မှာဖော်ပြပေးလိုက်ပါတယ်)

အခုလည်း Nokia ကနေ စိတ်ထဲကိုခံစားချက်တစ်ခုပေးစွမ်းနိုင်တဲ့ကြော်ငြာဗီဒီယိုတစ်ခု ထွက်လာပါတယ်။ သာမန်မြင်ရတတ်တဲ့ဖုန်းကြော်ငြာတွေထက်တော့ ပိုကောင်းတဲ့ကြော်ငြာလေးလို့ပြောလို့ရပါတယ်။ ဗီဒီယိုထဲမှာတော့ အခင်ဆုံးသူငယ်ချင်း၂ယောက် ကျောင်းမှာအုပ်စုဖွဲအနိုင်ကျင့်သူတွေကိုရင်ဆိုင်ရင်းနဲ့စခင်မိရာကနေ တစ်ယောက်ရဲ့အဆိုးအကောင်းတွေမျှဝေရင်း နောက်ဆုံး ယောက်ျားတစ်ယောက်ရဲ့ဘဝမှာအကောင်းဆုံးပွဲလေးတစ်ခုဖြစ်တဲ့လက်ထပ်ပွဲ၊ ပြီးတော့ ကလေးလေးမွေးတဲ့အချိန်ထိမှာအဆုံးသတ်ပြီးရိုက်ကူးထားပါတယ်။ အောက်မှာတော့ Nokia ရဲ့ရင်ထဲထိတယ်ဆိုတဲ့ ကြော်ငြာဗီဒီယိုလေးကိုဖော်ပြပေးလိုက်ပါတယ်။

ဒါကလည်း တီဗီကြော်ငြာဖြစ်ပြီး အဓိကကတော့ Nokia ရဲ့ဖုန်းတွေပါ။ ပထမဆုံးစလာကတည်းက သူငယ်ချင်း၂ယောက်လုံးသုံးခဲ့တာ Nokia ဖုန်းတွေဖြစ်ပြီး ပထမပိုင်းမှာပါတဲ့ဖုန်းလေးကတော့ Nokia 3310 ဖုန်းတွေပါ။ နောက်ဆုံးအဆုံးသတ်မှာပြသွားတဲ့ဖုန်းလေးက မကြာသေးခင်ကပဲ MWC ပွဲမှာ ပူပူနွေးနွေးမိတ်ဆက်သွားခဲ့တဲ့ Nokia ရဲ့နောက်ဆုံးထွက်စမတ်ဖုန်းလေးဖြစ်ပါတယ်။

Ref: PhoneArena

You may be interested

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10
Android, FEATURES, HUBS
63 shares17 views

Windows 10 ကို Android ကေန ထိန္းခ်ဳပ္ေပးမယ့္ Controller for Win10

Ko Thuya - Dec 13, 2018

စမတ္ဖုန္းမ်ားကို စြယ္စံုသံုး ကိရိယာမ်ား အျဖစ္ ဖန္တီးလာၾကပါတယ္။ အခ်ိဳ႕ စမတ္ဖုန္းမ်ားမွာ Infrared Sensor ကို ထည့္ေပးထားၿပီး တီဗီ၊ ေလေအးေပးစက္လို အီလက္ထေရာနစ္ ကိရိယာမ်ားကို ထိန္းခ်ဳပ္ႏုိင္ပါတယ္။ Windows , Mac Computer မ်ားကို ထိန္းခ်ဳပ္ႏုိင္တဲ့ App…

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္
Android, HUBS, Mobiles & Tablets
194 shares47 views

Samsung Galaxy S10 ဟာ ၁၇၆၅ ေဒၚလာ အထိ ရွိႏုိင္

Ko Thuya - Dec 13, 2018

Samsung Galaxy S10 ကို ဘာစီလိုနာမွာ က်င္းပမယ့္ Mobile World Congress ပြဲ မတိုင္ခင္ လာမယ့္ႏွစ္ ေဖေဖာ္၀ါရီလ ၂၀ ရက္ေန႔မွာ ေၾကညာမွာ ျဖစ္တယ္လို႔ သတင္းထြက္လာပါတယ္။ Galaxy S10 , S10+ နဲ႔…

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား
Apple, HUBS, Mobiles & Tablets
786 shares213 views

ပိုမို ပါးလႊာ ၊ ေပါ့ပါး လာမယ့္ ၂၀၁၉ ခုႏွစ္ထုတ္ iPhone Display မ်ား

Ko Thuya - Dec 13, 2018

Samsung ဟာ ယခင္ႏွစ္ထုတ္ iPhone X နဲ႔ ဒီႏွစ္ထုတ္ iPhone XS , XS Max မ်ားအတြက္ OLED Panels မ်ားကို ပံ့ပိုးေပးထားပါတယ္။ အဲဒီ မ်က္ႏွာျပင္မ်ားရဲ႕ ထုတ္လုပ္မႈ ကုန္က်စားရိတ္ဟာ အလြန္မ်ားပါတယ္။ အဲဒီအတြက္…

Leave a Comment

Most from this category