180 Shares 87 Views

Lenovo Yoga 730 ကို ေလ့လာၾကည့္တဲ့အခါ

Feb 28, 2018
180 87

[Zawgyi]

ေဘးေဘာင္မဲ့ မ်က္နွာျပင္ ဒီဇိုင္းကို စမတ္ဖုန္းမ်ားမွာ သာမက လက္ေတာ့မ်ားမွာပါ အသံုးျပဳလာၾကပါတယ္။ Lenovo ကလည္း ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းမွာ Mobile World Congress(MWC) မွာ Laptop လိုေရာ Tablet လိုပါသုံုးနုိင္တဲ့ Yoga 730 ကို မိတ္ဆက္ခဲ့ပါတယ္။ ဒီတစ္ပတ္ Review က႑မွာ သူ႔ရဲ႕ Initial Review ကို ေရြးခ်ယ္ေပးလိုက္ပါတယ္။

ဒီဇိုင္းနဲ႔ မ်က္နွာျပင္

• 13.3-inch LCD touchscreen (Full HD and Ultra-HD resolution options)
• 5.9mm bezel (left and right of screen) / 6.5mm bezel (15in model)
• 360-degree hinge build: laptop, tent, stand and tablet modes
• 2x USB-C (Thunderbolt 3); 1x USB 3.0, 1x 3.5mm jack
• Finishes: Iron Grey, Platinum Silver
• Integrated fingerprint scanner
• 307 x 216 x 14.1mm; 1.12kgs

Yoga 730 ရဲ႕ ဒီဇိုင္းဟာ ယခင္ႏွစ္ထုတ္ 720 နဲ႔ တူညီၿပီး ၁၃ လက္မနဲ႔ ၁၅ လက္မ ႏွစ္မ်ိဳးထုတ္လုပ္ေပးထားတာပါ။ မ်က္ႏွာျပင္ သို႔မဟုတ္ ကီးဘုတ္ကို ၃၆၀ ဒီဂရီ ေခါက္ခ်ိဳးႏုိင္တ့ဲအတြက္ တက္ဘလက္လိုေရာ လက္ေတာ့လိုပါ 2-in-1 အသံုးျပဳႏုိင္ပါတယ္။ ဒါ့အျပင္ Stand/Tent Modes ေတြလည္း ပါရွိပါတယ္။

Display ကေတာ့ ယခင္မ်ိဳးဆက္နဲ႔ ကြဲျပားၿပီး မ်က္ႏွာျပင္ေဘးေဘာင္မ်ားဟာ အလြန္ပါးလႊာပါတယ္။ ၁၃ လက္မ ေမာ္ဒယ္မွာ မ်က္ႏွာျပင္ရဲ႕ ဘယ္နဲ႔ ညာ ေဘးေဘာင္မ်ားဟာ ၅.၉ မီလီမီတာသာ ရွိပါတယ္။ ကင္မရာ တပ္ဆင္ထားတဲ့ ေအာက္ဘက္မွ ေဘာင္ကေတာ့ အနည္းငယ္ႀကီးမားပါတယ္။

SD Card Slot မပါေပမယ့္ အျခား Ports မ်ားအားလံုးပါၿပီး လက္ေဗြဆန္ဆာလည္းပါပါတယ္။  ၁.၁ ကီလိုဂရမ္သာ အေတာ္ေလးကို light weight ျဖစ္တယ္လုိ႔ ေျပာလို႔ရပါတယ္။

 

စြမ္းေဆာင္ရည္

• Up to 8th Gen Intel Core i7, integrated H620 graphics
• Up to the 16GB RAM, up to 512GB SSD (PCIe)
• JBL Speakers and Dolby Atmos headphone compatibility
• Up to 11 hours battery
• Alexa integration

သူ႔မွာ 8th Gen Intel Core i7 Processors ေတြအထိ ေရြးခ်ယ္ခြင့္ေပးထားၿပီး ၁၅ လက္မေမာ္ဒယ္မွာ Nvidia GeForce GTX 1050 ဂရပ္ဖစ္ကို ထည့္သြငး္ထားတာကို ေတြ႕ရပါတယ္။  heat လည္း သိပ္မတက္ဘဲ process လုပ္ေနခ်ိန္မွာလည္း အသံအေတာ္ၿငိမ္တာကို သတိထားမိပါတယ္။ စြမ္းေဆာင္ရည္ကေတာ့ သမားရိုးက် လုပ္ငန္းေဆာင္တာေတြေလာက္ေတာ့ ႏိုင္ႏုိင္နင္းနင္းကိုယ္တြယ္ႏုိင္ၿပီး Game ေတြကို ေကာင္းေကာင္းမြန္မြန္ ေဆာ့ဖို႔ဆုိရင္ေတာ့ နည္းနည္းေတာ့ လုိအပ္ခ်က္ေတြရွိေနပါေသးတယ္။

Windows 10 ထည့္သြင္းထားၿပီး ထူးျခားတာက Amazon Alexa ဒစ္ဂ်စ္တယ္ ကိုယ္ေရးလက္ေထာက္ ပါ၀င္တာပါပဲ။ ဒါ့ေၾကာင့္ Voice Control နဲ႔ အလုပ္တြင္ေစမွာပါ။  JBL စပီကာေတြ ထည့္ေပးထားတဲ့အတြက္ အသံအရည္အေသြးကေတာ့ အေတာ္ေလးညက္လာပါတယ္။

အႏွစ္ခ်ဳပ္

ယခု Review ဟာ MWC ပြဲမွာ နာရီပိုင္းသာ စမ္းသပ္ အသံုးျပဳၾကည့္မႈ အေပၚ ဘာသာျပန္ေရးသားထားတဲ့အတြက္ အေသးစိတ္ သတင္းအခ်က္အလက္မ်ား မပါရွိေသးပါဘူး။ ဒါေပမယ့္ Yoga 730 ဟာ ယခုႏွစ္ရဲ႕ ေဟာ့ အျဖစ္ဆံုး ႏွစ္မ်ိဳးသံုး ပီစီ ျဖစ္လာႏုိင္ပါတယ္။ အေျခခံ ေစ်းႏႈန္းအားျဖင့္ ၁၃ လက္မ ေမာ္ဒယ္ကို ၈၈၀ ေဒၚလာနဲ႔ ၁၅ လက္မ ေမာ္ဒယ္ကို ၉၀၀ ေဒၚလာ သတ္မွတ္ထားပါတယ္။

Ref : Pocket-lint

[Unicode]

ဘေးဘောင်မဲ့ မျက်နှာပြင် ဒီဇိုင်းကို စမတ်ဖုန်းများမှာ သာမက လက်တော့များမှာပါ အသုံးပြုလာကြပါတယ်။ Lenovo ကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ Mobile World Congress(MWC) မှာ Laptop လိုရော Tablet လိုပါသုံးနိုင်တဲ့ Yoga 730 ကို မိတ်ဆက်ခဲ့ပါတယ်။ ဒီတစ်ပတ် Review ကဏ္ဍမှာ သူ့ရဲ့ Initial Review ကို ရွေးချယ်ပေးလိုက်ပါတယ်။

ဒီဇိုင်းနဲ့ မျက်နှာပြင်

• 13.3-inch LCD touchscreen (Full HD and Ultra-HD resolution options)
• 5.9mm bezel (left and right of screen) / 6.5mm bezel (15in model)
• 360-degree hinge build: laptop, tent, stand and tablet modes
• 2x USB-C (Thunderbolt 3); 1x USB 3.0, 1x 3.5mm jack
• Finishes: Iron Grey, Platinum Silver
• Integrated fingerprint scanner
• 307 x 216 x 14.1mm; 1.12kgs

Yoga 730 ရဲ့ ဒီဇိုင်းဟာ ယခင်နှစ်ထုတ် 720 နဲ့ တူညီပြီး ၁၃ လက်မနဲ့ ၁၅ လက်မ နှစ်မျိုးထုတ်လုပ်ပေးထားတာပါ။ မျက်နှာပြင် သို့မဟုတ် ကီးဘုတ်ကို ၃၆၀ ဒီဂရီ ခေါက်ချိုးနိုင်တဲ့အတွက် တက်ဘလက်လိုရော လက်တော့လိုပါ 2-in-1 အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် Stand/Tent Modes တွေလည်း ပါရှိပါတယ်။

Display ကတော့ ယခင်မျိုးဆက်နဲ့ ကွဲပြားပြီး မျက်နှာပြင်ဘေးဘောင်များဟာ အလွန်ပါးလွှာပါတယ်။ ၁၃ လက်မ မော်ဒယ်မှာ မျက်နှာပြင်ရဲ့ ဘယ်နဲ့ ညာ ဘေးဘောင်များဟာ ၅.၉ မီလီမီတာသာ ရှိပါတယ်။ ကင်မရာ တပ်ဆင်ထားတဲ့ အောက်ဘက်မှ ဘောင်ကတော့ အနည်းငယ်ကြီးမားပါတယ်။

SD Card Slot မပါပေမယ့် အခြား Ports များအားလုံးပါပြီး လက်ဗွေဆန်ဆာလည်းပါပါတယ်။  ၁.၁ ကီလိုဂရမ်သာ အတော်လေးကို light weight ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

စွမ်းဆောင်ရည်

• Up to 8th Gen Intel Core i7, integrated H620 graphics
• Up to the 16GB RAM, up to 512GB SSD (PCIe)
• JBL Speakers and Dolby Atmos headphone compatibility
• Up to 11 hours battery
• Alexa integration

သူ့မှာ 8th Gen Intel Core i7 Processors တွေအထိ ရွေးချယ်ခွင့်ပေးထားပြီး ၁၅ လက်မမော်ဒယ်မှာ Nvidia GeForce GTX 1050 ဂရပ်ဖစ်ကို ထည့်သွင်းထားတာကို တွေ့ရပါတယ်။  heat လည်း သိပ်မတက်ဘဲ process လုပ်နေချိန်မှာလည်း အသံအတော်ငြိမ်တာကို သတိထားမိပါတယ်။ စွမ်းဆောင်ရည်ကတော့ သမားရိုးကျ လုပ်ငန်းဆောင်တာတွေလောက်တော့ နိုင်နိုင်နင်းနင်းကိုယ်တွယ်နိုင်ပြီး Game တွေကို ကောင်းကောင်းမွန်မွန် ဆော့ဖို့ဆိုရင်တော့ နည်းနည်းတော့ လိုအပ်ချက်တွေရှိနေပါသေးတယ်။

Windows 10 ထည့်သွင်းထားပြီး ထူးခြားတာက Amazon Alexa ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် ပါဝင်တာပါပဲ။ ဒါ့ကြောင့် Voice Control နဲ့ အလုပ်တွင်စေမှာပါ။  JBL စပီကာတွေ ထည့်ပေးထားတဲ့အတွက် အသံအရည်အသွေးကတော့ အတော်လေးညက်လာပါတယ်။

အနှစ်ချုပ်

ယခု Review ဟာ MWC ပွဲမှာ နာရီပိုင်းသာ စမ်းသပ် အသုံးပြုကြည့်မှု အပေါ် ဘာသာပြန်ရေးသားထားတဲ့အတွက် အသေးစိတ် သတင်းအချက်အလက်များ မပါရှိသေးပါဘူး။ ဒါပေမယ့် Yoga 730 ဟာ ယခုနှစ်ရဲ့ ဟော့ အဖြစ်ဆုံး နှစ်မျိုးသုံး ပီစီ ဖြစ်လာနိုင်ပါတယ်။ အခြေခံ ဈေးနှုန်းအားဖြင့် ၁၃ လက်မ မော်ဒယ်ကို ၈၈၀ ဒေါ်လာနဲ့ ၁၅ လက်မ မော်ဒယ်ကို ၉၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : Pocket-lint

You may be interested

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max
Apple, HUBS, Mobiles & Tablets
0 shares0 views

iPhone XS ထက္ ေရာင္းအား ေကာင္းေနတဲ့ iPhone XS Max

Ko Thuya - Sep 25, 2018

Apple က ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ iPhone XS နဲ႔ iPhone XS Max တို႔ကို ေရာင္းခ်ေပးလိုက္ပါတယ္။ Apple အေရး ကြ်မ္းက်င္တဲ့ Ming-Chi Kuo က XS Max ဟာ XS ထက္…

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ
HUBS, Microsoft
39 shares12 views

Rotating Display လို႔ ေခၚတဲ့ device ရဲ႕ အေနအထားအတိုင္း လုိက္ေလ်ာညီေထြ ေျပာင္းလဲေပးမယ့္ Display ကို Microsoft ျပသ

Creepy Tyler - Sep 25, 2018

Microsoft ကေတာ့ Surface Hub 2 ကို ျပသခဲ့ၿပီး ၊ ေနာက္ဆံုးထြက္ျဖစ္လာမယ့္ ဒီ device မွာ ပါလာမယ့္  Rotating Display အမည္ရ device ပံုစံအတုိင္း လိုက္ေလ်ာညီေထြ ေျပာင္းလဲျပသေပးမယ့္ နည္းပညာကိုလည္း တစ္ခါတည္း ျပသခဲ့ပါတယ္။…

Google Chrome ကို ႏွံ႔ႏွံ႔စပ္စပ္အသံုးျပဳႏုိင္မယ့္ နည္းလမ္းမ်ား
FEATURES, HOW TO, Softwares & Application
256 shares80 views

Google Chrome ကို ႏွံ႔ႏွံ႔စပ္စပ္အသံုးျပဳႏုိင္မယ့္ နည္းလမ္းမ်ား

Ko Thuya - Sep 25, 2018

Google Chrome ဟာ ကမာၻမွာ လူသံုးအမ်ားဆံုး ၀က္ဘေရာက္စာ တစ္ခု ျဖစ္ပါတယ္။ ဒါေပမယ့္ Google Chrome မွာ လူသိနည္းတဲ့ လွိ်ဳ႕၀ွက္ စြမ္းေဆာင္ခ်က္မ်ား ပါရွိပါတယ္။ အဲဒီအထဲမွာ Chrome ကို Text Editor လို အသံုးျပဳျခင္း၊…

Leave a Comment

Most from this category