496 Shares 122 Views

ဘောင်ပျောက်ဒီဇိုင်းနဲ့ ခေတ်ရှေ့ပြေးပုံစံ MateBook X Pro ကို Huawei မိတ်ဆက်

Feb 28, 2018
496 122

[Zawgyi]


 


 




 



[Unicode]

ဟွာဝေးက ဘာစီလိုနာမှာ ကျင်းပနေတဲ့ Mobile World Congress (MWC) ပွဲမှာ လက်တော့ အသစ်တစ်လုံးကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ ထူးခြားချက်က အခုခေတ်စားနေတဲ့ ဘောင်ပျောက် စမတ်ဖုန်းများရဲ့ ဒီဇိုင်းကို အသုံးပြုထားတာပါပဲ။ သူ့မှာ 3K 10-Point Touchscreen တပ်ဆင်ပေးထားကာ FullView Display ဖြစ်ပြီး Screen-to-Body အချိုးက ၉၁ ရာခိုင်နှုန်း ဖြစ်တာကြောင့် ဘေးဘောင်တွေ မပါသလောက် ဖြစ်သွားတာကို သတိထားမိမှာပါ။

သူ့မှာ 8th Generation Intel CoreTM i7-8550U Processor ထည့်သွင်းထားပြီး 8GB RAM or 16GB RAM နဲ့ အတွဲအဖက် လုပ်ပေးထားပါတယ်။ 57.4Wh Battery က Full HD Video တွေကြည့်ရင် ၁၂ နာရီ ၊ အလုပ်များလုပ်ရင် ၁၄ နာရီနဲ့ အင်တာနက် ကြည့်ရင် ၁၅ နာရီအထိ အသုံးခံမယ်လို့ Huawei က ကြေညာထားပါတယ်။

ဒီလက်ပ်တော့ဟာ ဘောင်ပျောက် ဒီဇိုင်း ဖြစ်တဲ့အတွက် Webcam ကို နေရာမပေးနိုင်တော့ပါဘူး။

ဒါကိုတော့ Huawei က F5 Key အောက်မှာ မြှပ်နှံပြီး ဖြေရှင်းလိုက်ပါတယ်။

ကီးဘုတ်ပေါ်မှာ Webcam ဖြစ်သွားတဲ့အတွက် ကိုယ်ထိုင်နေတဲ့ Angle နဲ့ ကွက်တိကျဖို့ဆိုရင်တော့ နည်းနည်းလေး ခေါင်းငုံ့ပြီး ကြည့်ရမယ့် အနေအထားရောက်သွားတယ်လို့ The Verge မှာတော့ ပြောထားပါတယ်။( ကိုယ်တိုင်လက်ထဲမကိုင်ရသေးလို့ ) လျင်မြန်ပေါ့ပါးတဲ့ NVMe PCIe SSD ထည့်သွင်းထားပြီး Read Speed မှာ 3000MB/s အထိ မြန်ဆန်တာက အားရစရာတစ်ခုပါ။

 

သူ့မှာ USB-C Port နှစ်ခု၊ USB-A Port တစ်ခုနဲ့ နားကြပ်ပေါက်တစ်ခု ထည့်သွင်းပေးထားပါတယ်။ USB-C Port နှစ်ခုစလုံးဟာ ဒေတာ ကူးပြောင်းတာ အားသွင်းတာတွေကို မြန်မြန်ဆန်ဆန် အလုပ်လုပ်ပေးပါတယ်။  Dolby နဲ့ ပူးပေါင်းပြီး အသံအရည်အသွေးမြင့်မားတဲ့ Dolby ATMOS Sound System ကို ဒီလက်ပ်တော့က Support ပေးနိုင်တာကိုလည်း တွေ့ရပါတယ်။

ဈေးနှုန်းကတော့ ဒေါ်လာ ၁၈၀၀ ကျော်လောက်အထိ ရှိမှာပါ။

 

 

You may be interested

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen
NEWS, Softwares & Application
12 shares4 views

Switch နဲ့ Comic ဖတ်နိုင်မယ့် InkyPen

Nigma - Dec 16, 2018

(Zawgyi) လက်ကိုင်ဂိမ်းစက်နဲ့ Comics ဖတ်ချင်တဲ့လူတွေအတွက် InkyPen ရဲ့ လစဉ်ကြေးသွင်း Comics ဝန်ဆောင်မှုကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ မိတ်ဆက်သွားမှာပါ။ Nintendo Switch မှာ စတင် ရရှိမယ့် Subscription ဝန်ဆောင်မှု ဖြစ်ပြီး၊ Indie comics…

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်
ASUS, Mobiles & Tablets, NEWS
440 shares167 views

ASUS Zenfone Max M2 ၊ Zenfone Max Pro M2 နဲ့ ROG Phone တို့ကို ပြည်တွင်းဈေးကွက်တွင် စတင် မိတ်ဆက်

Nigma - Dec 16, 2018

(Zawgyi) ASUS ဟာ မော်ဒယ်သစ် Zenfone Max M2 နဲ့ Zenfone Max Pro M2 စမတ်ဖုန်းတွေကို မြန်မာနိုင်ငံမှာ တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Zenfone Max M2 Series နဲ့အတူ နိုင်ငံတကာဈေးကွက်မှာ…

Puzzle Game ကြိုက်သူများအတွက် Faraway 4: Ancient Escape
Android, FEATURES, Games
80 shares36 views

Puzzle Game ကြိုက်သူများအတွက် Faraway 4: Ancient Escape

Ko Thuya - Dec 15, 2018

Faraway 4: Ancient Escape ဟာ အသစ်ထွက်ရှိလာတဲ့ Puzzle/ Escape Game အမျိုးအစား ဖြစ်ပါတယ်။ ဒီဂိမ်းမှာ ရှေးခေတ်ဟောင်း ကာလကို အခြေပြုထားပါတယ်။ အလုပ်သွား၊ အလုပ်ပြန်ချိန်များနဲ့ အားလပ်ချိန်များမှာ အပြင်းပြေ ကစားဖို့ သင့်တော်ပါတယ်။ သူဟာ Puzzle…

Leave a Comment

Most from this category