0 Shares 44 Views

စမတ်ဖုန်းကနေ နှစ်သက်ရာ 3D ဒီဇိုင်းမျိုးစုံထုတ်နိုင်မယ့် ၉၉ ဒေါ်လာတန် 3D ပရင်တာ

Mar 28, 2016
0 44

ဒေါ်လာ တစ်ရာတောင် မသုံးဘဲနဲ့ 3D ပရင်တာတစ်လုံး ပိုင်ဆိုင်ချင်ပါသလား။ OLO ရှိပါတယ်။

OLO ဟာ ၉၉ ဒေါ်လာသာပေးရတဲ့ ခရီးဆောင် 3D ပရင်တာတစ်လုံးဖြစ်ပြီး၊ ထူးခြားချက်က ဖုန်းကို ထည့်လိုက်ရုံနဲ့ ဖုန်းမျက်နှာပြင်က အလင်းရောင်ကို အသုံးပြုပြီး 3D အရုပ်မော်ဒယ်တွေကို ထုတ်ပေးနိုင်ပါတယ်။

OLO 3D ပရင်တာဟာ အလေးချိန်အားဖြင့် ၈၀၀ ဂရမ်သာလေးပြီး၊ စမတ်ဖုန်းတစ်လုံး အရွယ်အစား လောက်သာ ရှိပါတယ်။ ၄၀၀ ကုဗစင်တီမီတာ အရွယ်အစားရှိတဲ့ အရုပ်မော်ဒယ်တွေကို ထုတ်ပေးနိုင်ပြီး၊ 3D အရုပ်ထုတ်ဖို့အတွက်ကလည်း စမတ်ဖုန်းတစ်လုံးနဲ့၊ OLO အက်ပလီကေးရှင်းသာ လိုအပ်တာကြောင့် ကလေး၊လူကြီးမရွေး လွယ်လွယ်သုံးနိုင်မယ့် 3D ပရင်တာဖြစ်ပါတယ်။

မျက်နှာပြင် ၅.၈ လက်မအရွယ်ရှိတဲ့ဖုန်းတိုင်းနဲ့ တွဲသုံးနိုင်ပြီး၊ ကိုယ်ထုတ်ချင်တဲ့ပုံကို OLO app ကနေ ရွေးချယ်ထုတ်လုပ်နိုင်သလို၊ တခြား 3D စကင်ဖတ်ဆော့ဖ်ဝဲတွေဖြစ်တဲ့ Autodesk 123D Catch တို့ကို လည်း အသုံးပြုပြီး၊ မိမိစိတ်ကြိုက်ဒီဇိုင်းရွေးဆွဲထားတဲ့ပုံတွေကို ထုတ်နိုင်ပါတယ်။

ပုံရွေးပြီးတဲ့အခါ၊ စမတ်ဖုန်းကို polarized ဖန်သားပြင်ခံ OLO ပရင်တာအောက်ခြေမှာထားပြီး၊ ကော်ရည်တစ်မျိုး လောင်းထည့်ပေးလိုက်ရမှာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ OLO စက်ဟာ စမတ်ဖုန်း မျက်နှာပြင်က ထွက်ရှိတဲ့အလင်းရောင်ကို အသုံးပြုပြီး ကော်ရည်ကို အလွှာတစ်ခုချင်းစီ မာကျောအောင် လုပ်ကာ 3D မော်ဒယ်တွေ ထုတ်ပေးတာဖြစ်ပါတယ်။

OLO ကော်ရည်ကို အရောင်ရှစ်မျိုး ရွေးချယ်ဝယ်ယူနိုင်ပြီး၊ အရုပ် အမာ၊အပျော့ အမျိုးမျိုးထုတ်ဖို့အတွက်လည်း ကော်ရည်အမျိုးအစား (၄) မျိုး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

AA ဘက်ထရီလေးလုံးထည့်ရုံနဲ့ သုံးစွဲနိုင်တဲ့ OLO 3D ပရင်တာကို အစောဆုံးဝယ်ယူသူတွေအနေနဲ့ ၉၉ ဒေါ်လာဈေးနဲ့ ၀ယ်ယူနိုင်မှာဖြစ်ပြီး၊ လက်လီဈေးကွက်ထဲကိုတော့ အောက်တိုဘာလလောက်မှာ ၀င်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ လက်လီဈေးကွက်ထဲဝင်တဲ့အခါ ဈေးက ဒီထက် ၄ ဆ လောက် တက်သွားနိုင်ပါတယ်။

olo-8

Ref: Computer World, Firstpost

 

 

You may be interested

သင့်ဖုန်းမှာ Always on Display ကို သုံးနိုင်မယ့် Always On AMOLED
Android, FEATURES, HUBS
0 shares0 views

သင့်ဖုန်းမှာ Always on Display ကို သုံးနိုင်မယ့် Always On AMOLED

Ko Thuya - Apr 19, 2018

အချိန်၊ နေ့ရက်များ၊ ဘက်ထရီ အခြေအနေများကို သိနိုင်ဖို့အတွက် စမတ်ဖုန်းကို Unlock လုပ်ပြီး ကြည့်ကြရပါတယ်။ ဒါပေမယ့် Samsung Galaxy S7 , LG G5 တို့မှာတော့ Unlock လုပ်စရာမလိုဘဲ အဲဒီ သတင်းအချက်အလက်များကို စကရင်မှာ အမြဲတမ်းပြသပေးထားပါတယ်။…

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft
Microsoft, NEWS, Softwares & Application
479 shares136 views

Offline ဘာသာပြန်နိုင်စွမ်းမှာ Google Translate ထက်ပိုကောင်းတယ်ဆိုတဲ့ Microsoft

Nwe Oo Thant - Apr 19, 2018

[Zawgyi] ပြည်ပနိုင်ငံတစ်ခုခုကို ခရီးသွားတဲ့အခါ ဒေသခံတွေရဲ့ပြောစကားတွေကိုနားမလည်တဲ့အခါ ဘာသာပြန်တဲ့ Translation App တွေကမဖြစ်မနေလိုအပ်လာပါပြီ။ ဒါပေမယ့် အင်တာနက်လုံးဝမရတဲ့နိုင်ငံတွေကိုသွားခဲ့ရင်တော့ ဒီ ဘာသာပြန် app တွေကလည်း အသုံးဝင်မှာမဟုတ်တော့ပါဘူး။ Google Translate အပါအဝင် ဘာသာပြန် app အများစုက cloud ကွန်ပျူတာတွေနဲ့ချိတ်ထားပါတယ်။…

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်
Apple, NEWS
1125 shares239 views

6.1-inch iPhone တွေရဲ့ဈေးနှုန်းမှာ $550 လောက်ပဲရှိနိုင်

Nwe Oo Thant - Apr 19, 2018

[Zawgyi]           Apple ကတော့ သူ့ရဲ့ ၂၀၁၈ iPhone  တွေနဲ့ပတ်သတ်ပြီးဘာမှ တိတိပပမပြောပြသေးပေမယ့် သတင်းတွေတော်တော်များများကတော့ ကြားခဲ့ပြီးပါပြီ။ လာမယ့် ထိပ်တန်း iPhone မော်ဒယ်လ်တွေက iPhone X လိုပဲဈေးကြီးမယ်ဆိုတာတော့ ဖြစ်နိုင်ပေမယ့် ဈေးသင့်တဲ့ iPhone သစ်တစ်လုံးဝယ်ချင်ကြတဲ့ user…

Leave a Comment

Most from this category