0 Shares 114 Views

AI ဖြစ်သူ Tay ၏ညစ်ညမ်းပြောဆိုမှုများကြောင့် Microsoft တောင်းပန်ခဲ့ရ

Mar 28, 2016
0 114

Microsoft ဟာ သူတို့ပြုလုပ်ခဲ့တဲ့ သိဥာဏ်တု (Artificial Intelligent) ဖြစ်တဲ့ Tay ရဲ့ လူမျိုးရေးခွဲခြားမှုနဲ့ ညစ်ညမ်းမှုတွေကို Twitter မှာပြောဆိုခဲ့တဲ့အတွက် ပရိုဂရမ်ဖျက်သိမ်းခဲ့ရမှုအပေါ် တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

ကုမ္ပဏီအနေနဲ့ AI Robot တစ်ခုဖြစ်တဲ့ Tay ကို Twitter မှာ ပြီးခဲ့တဲ့ အပတ်တုန်းက မိတ်ဆက်ခဲ့ပါတယ်။ သူတို့အနေနဲ့ AI နဲ့ ပတ်သက်ပြီး လူတွေဝင်ရောက်ပျော်ရွှင်စေဖို့အတွက် ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် AI ကတော့ ဟစ်တလာရဲ့လူမျိုးတုံးသတ်ဖြတ်မှုတွေကို ထောက်ခံတဲ့ အပြုအမူအပြောအဆိုတွေ ပြုလုပ်လာတာဖြစ်ပါတယ်။

AI Tay1

Microsoft ကတော့ Tay ထွက်ပြီးနောက်ပိုင်းမှာ တရုတ်စက်ရုပ် XiaoIce ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီစက်ရုပ်ဟာ လူတွေနဲ့ စကားစမြည်ပြောတာ၊ TV မှာ ရာသီဥတုအခြေအနေကြေငြာတာတွေကို ပြုလုပ်နေပြီဖြစ်ပါတယ်။

” Tay ဟာ အသက် ၁၈နှစ်ကနေ ၂၄နှစ်ကြား အမေရိကန်ကလူတွေအတွက် ဖျော်ဖြေဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဒါဟာကျွန်တော်တို့အနေနဲ့ ဒီမေးခွန်းကို ဖြေဖို့အတွက် ပထမဆုံးကြိုးပမ်းအားထုတ်မှုပါပဲ” လို့ သုတေသနရဲ့ ဒုတိယဥက္ကဌ Peter Lee ကပြောခဲ့ပါတယ်။

ဒါပေမယ့် ကံမကောင်းစွာနဲ့ လူတစ်စုက Tay ရဲ့ အားနည်းချက်တွေကိုရှာဖွေပြီးတိုက်ခိုက်တာကြောင့် ၂၄နာရီအတွင်းမှာပဲ ဖျက်သိမ်းလိုက်ရကြောင်း၊ ရလဒ်အနေနဲ့ Tay ဟာ မသင့်လျှော်တဲ့စကားလုံးတွေနဲ့ ပုံရိပ်တွေကို ပြောဆိုရေးသားခဲ့ကြောင်း၊ စသည်ဖြင့်ရေးသားတောင်းပန်ခဲ့တာဖြစ်ပါတယ်။

Ref: Independent

You may be interested

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger
Apple, NEWS
0 shares0 views

မတ်လမှာမြင်တွေ့ရတော့မယ့် Apple AirPower wireless charger

Nwe Oo Thant - Feb 25, 2018

[Zawgyi] ပြီးခဲ့တဲ့လတွေတုန်းက Apple ကနေ AirPower wireless charger တွေကိုစမိတ်ဆက်ခဲ့ပေမယ့် ဘယ်ချိန်ဝယ်လို့ရမယ်မှန်းမသိခဲ့ရပါဘူး။ ရက်တိတိကျကျတော့မသိရပေမယ့် မတ်လပတ်ဝန်းကျင်လောက် ရနိုင်မယ်လို့ဆိုတဲ့အတွက် သိပ်တောင်မလိုတော့ပါဘူး။ ဒါပေမယ့် ဒီ AirPower တွေမတ်လမှာစဝယ်လို့ရနိုင်မယ်ဆိုတာက US မှာပဲအရင်ဆုံးဖြစ်မှာပါ။ US မှာတော့ Apple Store…

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ
Apple, Mobiles & Tablets, NEWS
310 shares787 views

iPhone X Plus ရဲ့ display ပုံများပေါ်ထွက်လာ

Nwe Oo Thant - Feb 25, 2018

[Zawgyi] 6.5-inch iPhone X Plus ရဲ့ display ပုံတွေကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ ပုံထဲမှာတော့ တစ်ယောက်ရဲ့လက်ထဲမှာကိုင်ထားတဲ့ iPhone X Plus ရဲ့ display ကို တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ notch ကလည်း iPhone X…

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ
Android, HUBS, Mobiles & Tablets
169 shares37 views

18:9 Screen , Dual Selfie Camera များပါတဲ့ Alcatel 5 ကို ကြေညာ

Ko Thuya - Feb 25, 2018

TCL က ဘာစီလိုနာမှာ ကျင်းပနေတဲ့ Mobile World Congress (MWC) မှာ Alcatel 5 စမတ်ဖုန်းကို မိတ်ဆက်လိုက်ပါတယ်။ သူ့ရဲ့ အဓိက စွမ်းရည်များက 18:9 Screen နဲ့ Dual Selfie Camera များ…

Leave a Comment

Most from this category