ကားပါမောင်းနိုင်တဲ့ AI chipset ဖုန်း Huawei Mate 10 Pro

Huawei Mate 10 Pro learns to drive a car thanks to Kirin 970's NPU

စမတ်ဖုန်းတွေမှာ AI နည်းပညာက ကိုယ့်ရဲ့လက်ထောက်တစ်ယောက်လို ဖြစ်လာပါပြီ။ ကားတွေမှာဆို ဒီဂျစ်တယ်ကားဆရာတွေလိုပေါ့။ ဒါပေမယ့် တကယ်လို့များ သိဉာဏ်တုနည်းပညာက အခွဲ၂ခုနဲ့တစ်ပြိုင်တည်းရောက်လာခဲ့ရင်ရော? ဒီအတွက် Huawei က ငါးပတ်ကြာတဲ့ RoadReader Project တစ်ခုကိုလုပ်ဆောင်ခဲ့ပါတယ်။

အင်ဂျင်နီယာတစ်ယောက်က Huawei Mate 10 Pro ကို Porsche Panamera ကားမောင်းနိုင်ဖို့သင်ကြားပေးခဲ့ပြီး steering wheel, break ဒါတွေကို ထိန်းချုပ်ဖို့ ဖုန်းရဲ့ Kirin 970 chipset မှာပါတဲ့ NPU ကို machine learning လုပ်ဆောင်ချက်တွေ သင်ယူခိုင်းတာပါ။

ဖုန်းရဲ့ကင်မရာနဲ့ အရာဝတ္ထုတွေကို အတည်ပြုနိုင်တဲ့ object recognition ကိုသုံးပြီး  လမ်းမှာရှိနေတဲ့အရာဝတ္ထုတွေကိုအတည်ပြုဖို့ ပြီးရင်ကွေ့ရှောင်သွားဖို့ ဒါတွေကို ပရောဂျက်အဖွဲ့ကဖုန်းကိုသင်ပေးခဲ့တာပါ။ တစ်လလောက်လုပ်ပြီးတဲ့အခါမှာတော့ တော်တော်လေးရုပ်လုံးပေါ်လာပါပြီ။

ခုခေတ် မောင်းသူမဲ့ကားတွေထုတ်လုပ်တဲ့ကုမ္ပဏီအများစုက Nvidia, Intel, MobileEye နဲ့ တခြားတခြားသော chip တွေကိုသုံးနေကြပါတယ်။ Leica ကင်မရာ ၂လုံးနဲ့ Kirin 970 chipset တွေကိုသုံးခဲ့တာပါ။

ဒီကိုယ်တိုင်မောင်းနှင်နိုင်တဲ့ မောင်းသူမဲ့ကား Panamera ကို ဘာစီလိုနာမှာကျင်းပမယ့် MWC ပွဲမှာ နှစ်ရက်လောက်မိတ်ဆက်ပြသမှာပါ။ လူတွေလိုက်စီးခွင့်ပြုမှာမဟုတ်ပေမယ့်လည်း အရာဝတ္ထုတွေကိုဘယ်လိုအတည်ပြုမယ် ဘယ်လိုရှောင်တိမ်းရမယ်ဆိုတာ သင်ကြားပေးထားတဲ့နည်းပညာကို ပြသမှာပါ။

%d bloggers like this: