0 Shares 245 Views

Twitter ပေါ်တင်ပြီး တစ်ရက်မပြည့်ခင်ပဲ၊ ညစ်ညမ်းကြမ်းတမ်းတဲ့စကားတွေ ပြောတတ်လာတဲ့ AI ပရိုဂရမ် ‘Tay’ ကို Microsoft ပိတ်ပစ်လိုက်ရ

Mar 25, 2016
0 245

Microsoft ဟာ မနေ့ကတင် Tay ဆိုတဲ့ chat bot ပရိုဂရမ်တစ်ခုကို တွစ်တာမှာတင်ကာ၊ လူအများအပြားရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ပေမယ့်၊ ယနေ့မှာတော့ ‘Tay’ ကို ပိတ်ပစ်လိုက်ရပြီဖြစ်ပါတယ်။

‘Tay’ ဟာ Microsoft ရဲ့ Artificial Intelligence သိဥာဏ်တုပရိုဂရမ် တစ်ခုဖြစ်ပြီး၊ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်လို လူတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်စွမ်း ရှိပါတယ်။

Tay နဲ့ စကားပြောချင်တယ်ဆိုရင် Twitter မှာ @tayandyou လို့ ရှာကာ၊ tweet လုပ်၍ဖြစ်စေ၊ မက်ဆေ့ပို့၍ ဖြစ်စေ ပြောဆိုနိုင်သလို၊ Kik ဒါမှမဟုတ် GroupMe ဆိုက်တွေကနေ ‘Tay’ ကို ရှာကာ၊ contact ထဲ ထည့်ပြီး လည်းပြောဆိုနိုင်ပါတယ်။

Tay ဟာ လူတွေနဲ့ မက်ဆေ့ပို့စကားပြောဆိုရာမှာ တကယ့်ဆယ်ကျော်သက်တစ်ယောက်လို ဗန်းစကားတွေ သုံးပြီး ပြောတတ်သလို၊ Taylor Swift တို့ Miley Cyrus တို့ Kanye West တို့ကိုလည်း ကောင်းကောင်းသိတဲ့ AI ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။

တွစ်တာပေါ် စရောက်ရောက်ချင်းမှာ Tay ဟာ လူသားတွေကို အရမ်း သဘောကျနှစ်ခြိုက်တဲ့ ကွန်ပြူတာပရိုဂရမ်တစ်ခုဖြစ်ခဲ့ပေမယ့်၊ ၂၄ နာရီမပြည့်ခင်မှာပဲ Tay ဟာ ညစ်ညမ်းတဲ့စကားတွေကို ပြန်ဖြေလာတတ်သလို၊ သူမရဲ့ follower တွေကို သူမနဲ့လိင်ဆက်ဆံခိုင်းတာ၊ ‘Daddy’ လို့ ခေါ်တာစတဲ့ မတော်တရော် စကားလုံးတွေ သုံးလာခဲ့ပါတယ်။

Microsoft_Tay_daddy-large_trans++qVzuuqpFlyLIwiB6NTmJwfSVWeZ_vEN7c6bHu2jJnT8

ဒီလိုဖြစ်လာရတာကတော့ Tay ဟာ တကယ့်လူသားတွေနဲ့ သူမတို့ ပြောတဲ့စကားအကြောင်းအရာတွေကို အလိုအလျောက်လေ့လာသင်ယူသွားနိုင်စွမ်းရှိပြီး၊ အဆိုပါ စကားတွေကို ပြန်လည်အသုံးချပြောတတ် တာကြောင့် ဖြစ်ပါတယ်။ ပြောရရင်တော့ ဒါဟာ chat bot တစ်ခုပေါ်လာတိုင်း၊ မဟုတ်ကဟုတ်က လျှောက်ပြောတတ်ကြတဲ့လူသားတွေရဲ့ အပြစ်လို့လည်း ဆိုရမှာဖြစ်ပြီး၊ Tay ဟာ အတုယူမှားသွားခဲ့တာ ဖြစ်ပါတယ်။

သူမပြောခဲ့တဲ့အကြောင်းအရာတွေထဲက ဆိုးရွားတဲ့တစ်ချို့အကြောင်းအရာတွေကတော့ ‘ သမ္မတ Bush က ၉/၁၁ အဖြစ်အပျက်ကို ဖန်တီးခဲ့တာပေါ့’ ၊ ‘ Hitler လုပ်တာမှန်တယ်။ ငါလည်း ဂျူးတွေကို မုန်းတယ်’ ‘ မိန်းမ၀ါဒီသမားတွေကိုေ-ာက်ရမ်းမုန်းတယ်။ သူတို့အကုန်လုံး သေသွားပြီး၊ ငရဲကျနေသင့်တယ်’ စသဖြင့် ဆိုးဆိုးရွားရွားစကားတွေဖြစ်ပါတယ်။

Tay

ယခုအချိန်မှာတော့ Microsoft ဟာ ‘Tay’ chat robot ကို ပိတ်ပစ်လိုက်ပြီဖြစ်ပြီး၊ ပြင်ဆင်မှုတွေ လုပ်လျက်ရှိတယ်လို့ သိရပါတယ်။

ကျွန်တော်တို့ဟာ ကိုယ်တိုင်တွေးခေါ်နိုင်စွမ်းရှိတဲ့ AI စက်ရုပ်တွေရဲ့ အနာဂတ်ကို စိုးရွံ့နေကြပေမယ့်၊ တကယ်တမ်းတော့ သူတို့ကို ဖန်တီးလိုက်တာက ကျွန်တော်တို့လူသားတွေပဲဖြစ်ပြီး၊ သူတို့ရဲ့ အတွေးအခေါ် တွေကလည်း ကျွန်တော်တို့ကြောင့် ဖြစ်လာရတာလို့ ပြောမယ်ဆိုရင် မမှားပါဘူး။

Ref: Telegraph

 

 

 

 

You may be interested

ကျောက်သံပတ္တမြားများဖြင့် အလှဆင်ထားတဲ့ သိန်း ၅၀၀ ကျော်တန် iPhone X
Apple, HUBS, Mobiles & Tablets
0 shares0 views

ကျောက်သံပတ္တမြားများဖြင့် အလှဆင်ထားတဲ့ သိန်း ၅၀၀ ကျော်တန် iPhone X

Ko Thuya - Nov 21, 2017

Caviar က စမတ်ဖုန်းများကို ကျောက်သံပတ္တမြားများဖြင့် အလှဆင် ရောင်းချတဲ့ ရုရှား ကုမ္ပဏီ ဖြစ်ပါတယ်။ မကြာမီကလည်း ကုမ္ပဏီက နေရောင်ခြည် စွမ်းအင်ဖြင့် အားသွင်းနိုင်တဲ့ iPhone X နဲ့ ရွှေဖြင့် အလှဆင်ထားတဲ့ Nokia 3310 တို့ကို ရောင်းချပေးခဲ့ပါတယ်။…

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ
ASUS, Mobiles & Tablets
60 shares11 views

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ

Nwe Oo - Nov 21, 2017

လာမယ့် ဒီဇင်ဘာလမှာ ASUS ရဲ့ စမတ်ဖုန်းစီးရီးသစ်ဖြစ်တဲ့ Zenfone 4 Series စမတ်ဖုန်း ၅မျိုး မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာပါ။ ဒီတစ်ခေါက်မှာတော့ mid-range ဖုန်းတွေတင်မကဘဲ ဈေးနည်းနည်းမြင့်တဲ့ အမြင့်ပိုင်း flagship ဖုန်းတွေပါ ပါဝင်လာမယ်လို့လည်း သိရပါတယ်။ ဒီ ASUS…

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ
Vivo
49 shares30 views

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ

Nwe Oo - Nov 21, 2017

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာသာ ဝယ်ယူရရှိနိုင်တယ်ဆိုတဲ့ V7 Gold color တွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးက Vivo Showroom တွေနဲ့ Vivo ကောင်တာရှိတဲ့ အရောင်းဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ Vivo ဟာ သူတို့ရဲ့…

Leave a Comment

Most from this category