0 Shares 44 Views

4K resolution ရုပ်ထွက်ရမယ့် PS4K ကို Sony လုပ်ဆောင်နေ

Mar 25, 2016
0 44

လွန်ခဲ့တဲ့တပါတ်လောက်တုန်းက၊ နာမည်ကျော်ဂိမ်းဘလော့ဂ်တစ်ခုဖြစ်တဲ့ Kotaku ကနေ Sony ဟာ PS4 ကို အဆင့်မြှင့်တင်ထုတ်လုပ်ဖို့ ကြိုးပမ်းလုပ်ဆောင်နေကြောင်း သတင်းတစ်ခု ပေါက်ကြားခဲ့ပါတယ်။

အခုအခါမှာတော့ gaming ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Digital Foundry ကလည်း အဆိုပါသတင်းကို မှန်ကန်ကြောင်း အတည်ပြုပေးလိုက်ပြီဖြစ်ပြီး ဒီစက်ရဲ့ နာမည်ဟာ PS 4.5 နာမည်နဲ့မဟုတ်ဘဲ PS 4K ဖြစ်တယ်လို့ သိရပါတယ်။

အသစ်ထွက်မယ့် PS4K စက်ဟာ နဂို PS4 စက်ထက် ပိုကောင်းတဲ့ GPU နဲ့ ပိုမိုမြန်ဆန်တဲ့ ပရိုဆက်ဆာတို့ ပါရှိပြီး၊ ရုပ်ထွက် 4K resolution ရရှိမှာဖြစ်ကာ၊ PlayStation VR တပ်သုံးရတာလည်း ပိုမိုကောင်းမွန်တဲ့ခံစားမှု ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ 4K resolution ရှိတဲ့ဂိမ်းတွေ မထွက်သေးပေမယ့် နောင်တစ်ချိန်မှာ 4K ဂိမ်းတွေ ထွက်ရှိလာဖို့ရှိပြီး၊ ယခုစက်အသစ်ဟာ 4K ဂိမ်းတွေအပြင်၊ ultra HD မီဒီယာတွေကို ဖွင့်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ယခုအခါ Sony ရဲ့ R&D Labs မှာ PS4K စက် ရှေ့ပြေးမော်ဒယ်တွေ ရှိနေပြီးဖြစ်ပြီး Sony အနေနဲ့ တရားဝင် ကြေငြာခြင်းမရှိသေးပေမယ့်၊ အတွင်းသတင်းတွေအရ Play Station 4K စက်လို့ အမည်ပေးထားကြောင်း သိရှိရပါတယ်။

Ref: Gadgets 360

 

 

You may be interested

ကျောက်သံပတ္တမြားများဖြင့် အလှဆင်ထားတဲ့ သိန်း ၅၀၀ ကျော်တန် iPhone X
Apple, HUBS, Mobiles & Tablets
0 shares0 views

ကျောက်သံပတ္တမြားများဖြင့် အလှဆင်ထားတဲ့ သိန်း ၅၀၀ ကျော်တန် iPhone X

Ko Thuya - Nov 21, 2017

Caviar က စမတ်ဖုန်းများကို ကျောက်သံပတ္တမြားများဖြင့် အလှဆင် ရောင်းချတဲ့ ရုရှား ကုမ္ပဏီ ဖြစ်ပါတယ်။ မကြာမီကလည်း ကုမ္ပဏီက နေရောင်ခြည် စွမ်းအင်ဖြင့် အားသွင်းနိုင်တဲ့ iPhone X နဲ့ ရွှေဖြင့် အလှဆင်ထားတဲ့ Nokia 3310 တို့ကို ရောင်းချပေးခဲ့ပါတယ်။…

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ
ASUS, Mobiles & Tablets
60 shares12 views

မြန်မာဈေးကွက်ကို ဝင်ရောက်လာတော့မယ့် ASUS Zenfone 4 Series စမတ်ဖုန်းသစ်များ

Nwe Oo - Nov 21, 2017

လာမယ့် ဒီဇင်ဘာလမှာ ASUS ရဲ့ စမတ်ဖုန်းစီးရီးသစ်ဖြစ်တဲ့ Zenfone 4 Series စမတ်ဖုန်း ၅မျိုး မြန်မာနိုင်ငံကို ရောက်ရှိလာတော့မှာပါ။ ဒီတစ်ခေါက်မှာတော့ mid-range ဖုန်းတွေတင်မကဘဲ ဈေးနည်းနည်းမြင့်တဲ့ အမြင့်ပိုင်း flagship ဖုန်းတွေပါ ပါဝင်လာမယ်လို့လည်း သိရပါတယ်။ ဒီ ASUS…

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ
Vivo
49 shares31 views

V7 Gold color ကို မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရ

Nwe Oo - Nov 21, 2017

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာသာ ဝယ်ယူရရှိနိုင်တယ်ဆိုတဲ့ V7 Gold color တွေကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးက Vivo Showroom တွေနဲ့ Vivo ကောင်တာရှိတဲ့ အရောင်းဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။ Vivo ဟာ သူတို့ရဲ့…

Leave a Comment

Most from this category